ဘန်ကောက်နှင့် ထိုင်းမြောက်ပိုင်းခရိုင်များကို လေထုညစ်ညမ်းမှု ထိန်းချုပ်ရေးဇုန်အဖြစ် သတ်မှတ်
Dawei Watch
September 17, 2025ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်မြို့အပါအဝင် ထိုင်းမြောက်ပိုင်းခရိုင် လေးခုကို လေထုညစ်ညမ်းမှု ထိန်းချုပ်ရေးဇုန်အဖြစ် သတ်မှတ်လိုက်ကြောင်း ထိုင်းသတင်းဌာနတွင် ဖော်ပြသည်။ လေထုညစ်ညမ်းမှုကို လျှော့ချနိုင်ရေး ရည်ရွယ်ချက်ဖြင့် ဘန်ကောက်၊ ချင်းမိုင်၊ ချင်းရိုင်၊ လမ်ဖွန်နှင့် မယ်ဟောင်ဆောင်ခရိုင်များကို လေထုညစ်ညမ်းမှု ထိန်းချုပ်ရေးဇုန်များဖြစ် သတ်မှတ်ကြောင်း စက်တင်ဘာလ ၁၆ ရက်နေ့က ထိုင်းဘုရင် တော်ဝင်ပြန်တမ်းက ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။ အထူးသဖြင့် လေထုအရည်အသွေးကို ခြေခံရာစစ်ဆေးနိုင်ရန်နှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှု အခြေအနေကို စစ်ဆေးနိုင်ရန် ရည်ရွယ်ကြောင်း ဖော်ပြထားသည်။ ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်မြို့သည် နှစ်စဉ် နိုဝင်ဘာလမှ မတ်လအထိ လေထုညစ်ညမ်းမှုဒဏ်ကို ဆက်တိုက် ခံနေရပြီး လေထုအရည်အသွေး စံချိန်များနှင့် ကိုက်ညီမှု မရှိခဲ့သည်ကို နှစ်စဉ်စစ်ဆေးတွေ့ရှိခဲ့သည်။ လေထု ညစ်ညမ်းမှုကြောင့် ပြည်သူလူထု၏ ကျန်းမာရေး အန္တရာယ်များလည်း ဆက်တိုက် ထိခိုက်ခဲ့သလို […]


