ကော့သောင်းတွင် လေပြင်းကြောင့် နေအိမ်များပျက်စီး
Dawei Watch
September 19, 2025တနင်္သာရီတိုင်း၊ ကော့သောင်းမြို့တွင် ယနေ့ (စတင်ဘာ ၁၉) နံနက် ၈ နာရီခန့်က ရုတ်တရက် လေပြင်းတိုက်ခတ်ခဲ့၍ နေအိမ်နှစ်ဆောင် သစ်ပင်ပိပျက်စီးခဲ့ပြီး ငါးလုပ်ငန်းဇုန်အတွင်းရှိ အ ဆောက်အအုံများလည်း အမိုးလန်ပျက်စီးခဲ့ကြောင်း ကော့သောင်းမြို့ခံနှင့် ရွှေအဏ္ဏဝါပရဟိတ လူငယ်အဖွဲ့တို့ထံမှ သိရသည်။ ရွှေဟင်္သာရပ်ကွက်၊ စာသင်းကျောင်းအနီးရှိ လူနေအိမ်နှင့် အုန်းတောလမ်းဆုံအနီးတွင်ရှိသည့် နေအိမ်တစ်ဆောင်တို့မှာ သစ်ပင်ပိသွားကြောင်း ယင်းအပြင် ရွှေအဏ္ဏဝါရပ်ကွက်ရှိ မြိုလယ်ကျောင်းနှင့် ပြည်တော်အေးစေတီအနီးတို့တွင်လည်း သစ်ပင်များလဲကျခဲ့ကြောင်း ရွှေအဏ္ဏဝါပရဟိတ လူငယ်အဖွဲ့ထံမှသိရသည်။ “လေတိုက်တာကစက္ကန့်ပိုင်းပဲ အဲဒီမှာဖြစ်သွားတာ တော်တော်ပြင်းတယ်။ လူထိခိုက်တာတွေတော့ မရှိဘူး”ဟု ရွှေအဏ္ဏဝါ ပရဟိတလူငယ်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။ လေပြင်းကြောင့် ထိခိုက်ပျက်စီးမှုများကို ကော့သောင်းမြို့နယ် မီးသတ်တပ်ဖွဲ့၊ ရွှေအဏ္ဏဝါ ပရဟိတလူငယ်အဖွဲ့နှင့် မြို့ခံများပူးပေါင်း၍ ရှင်းလင်းဆောင်ရွက်နေကြောင်းသိရသည်။ ပြီးခဲ့သည့် ဩဂုတ်လနှောင်းပိုင်းက ထားဝယ်မြို့ရှိ တလိုင်းထိန်နှင့် တလိုင်းမရပ်ကွက်တို့တွင်လည်း ရုတ်တရက် […]


