ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ဘီးလင်းတွင် ညအချိန် လေကြောင်းမှဗုံးကြဲ၊ ၅ ဦး သေဆုံးပြီး ဒဏ်ရာရသူများပြား

Dawei Watch

October 10, 2025

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ပျဉ်းမပင်ဆိပ်ကျေးရွာကို အောက်တိုဘာလ ၉ ရက်နေ့ည (မနေ့ည)က စစ်ကော်မရှင်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြာင့် ကလေးအပါအဝင် ၅ ဦး သေဆုံးပြီး၊ ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာရရှိကြောင်း ဒေသခံများထံမှ သိရသည်။ ယမန်နေ့ ည ၈ နာရီဝန်းကျင်ခန့်က စစ်ကော်မရှင်တပ်မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပျဉ်းမပင်ဆိပ်ကျေးရွာထဲကို ပေါင် ၅၀၀ ဗုံးဖြင့် ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ဗုံးများမှာ ကျေးရွာအတွင်းရှိ နေအိမ်များပေါ် ကျရောက်ပေါက်ကွဲပြီး ကလေး ၄ ဦး၊ အမျိုးသား ၁ ဦး သေဆုံးပြီး ကလေးများအပါအဝင် ထိခိုက်ဒဏ်ရာရသူ ၁၀ ဦး ထက်မနည်း ရှိခဲ့သည်။ ထိခိုက်ဒဏ်ရာ ရရှိသူများကို နီးစပ်ရာ ဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသမှုခံယူနေရကြောင်း ဒဏ်ရာပြင်းထန်ပြီး အသက်အန္တရယ်စိုးရိမ်ရသူများလည်း […]

သရက်ချောင်းတွင် လှေသမားများထံမှ KNU ငွေကြေးကောက်ခံဟုဆို၊ KNU က ၎င်းတို့မသိဟုငြင်း

Dawei Watch

October 10, 2025

ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ် ကျေးရွာအချို့တွင် လှေသမားများထံက ကရင်အမျိုးသားအစည်းအရုံး ( KNU) က ငွေကြေးကောက်ခံနေကြောင်း ဒေသခံအချို့က ပြောဆိုသည်။ တစ်နှစ်စာအတွက် သတ်မှတ်ငွေပမာဏကို ပေးသွင်းမှသာ ငါးဖမ်းလုပ်ကိုင်ခွင့် ခွင့်ပြုချက်ပါသည့် စာရွက်ကို ငွေပေးသွင်းသူ၏ နာမည်နှင့်ထုတ်ပေးခြင်းဖြစ်ကြောင်း၊ ငွေမပေးပါက ယင်းခွင့်ပြုသည့်စာ မထုတ်ပေးကြောင်း၊ ငွေလက်ခံပြေစာမရှိကြောင်း ဒေသခံများကဆိုသည်။ Dawei Watch ကရရှိသည့် ပိုက်ဆံသွင်းပြီးပါက ထုတ်ပေးသည်ဆိုသော ယင်းခွင့်ပြုချက်စာရွက်တွင် ကရင်အမျိုးသားအစည်းအရုံး ( KNU) တံဆိပ်တပ်ထားကာ ငါးဖမ်းလုပ်ငန်းထောက်ခံချက်ဟု ဖော်ပြထားပြီး ရက်စွဲ၊ လုပ်ကိုင်ခွင့်ရသူအမည်၊ နေရာ၊ အမျိုးအစား၊ ခွင့်ပြုသည့်ရက်၊ ကုန်ဆုံးရက်တို့ ပါရှိသည်။ ယင်းအပြင် ဆက်သွယ်ရန် ဖုန်းနံပါတ်ကို လက်ရေးနှင့် ရေးထားပြီး အောက်ဆုံးတွင် KNU ၏ မွေးမြူရေးနှင့် ရေလုပ်ငန်းဌာန ဌာနမှူးက လက်မှတ်ထိုးထားကြောင်း […]

ဂါဇာအပစ်ရပ်ရေး စောင့်ကြည့်ရန် အမေရိကန်စစ်သား ၂၀၀ ခန့် စေလွှတ်မည်

Dawei Watch

October 10, 2025

ဂါဇာအပစ်ရပ် သဘောတူညီချက်ကို စောင့်ကြည့်ကာ ပံ့ပိုးကူညီသွားရန် အမေရိကန်စစ်သား ၂၀၀ ခန့်ကို အစ္စရေးသို့ စေလွှတ်သွားမည်ဖြစ်ကြောင်း အမည်မဖော်လိုသည့် အမေရိကန်အရာရှိများ၏ ပြောဆိုချက်ကို ကိုးကား၍ AP သတင်းတစ်ရပ်က ဖော်ပြသည်။ ယင်းမှာ ဂါဇာအပစ်ရပ် သဘောတူညီချက်ကို မည်ကဲ့သို့ စောင့်ကြည့်ထိန်းသိမ်းသွားမည် ၊ အမေရိကန်စစ်တပ်က မည်သို့ပါဝင်ဆောင်ရွက်သွားမည်ဆိုသည်နှင့် ပတ်သက်၍ အသေးစိတ်အချက်အလက်အချို့ ပထမဆုံး စတင်ထွက်ပေါ်လာခြင်း ဖြစ်သည်။ အဆိုပါ စစ်သားများကို အမေရိကန်၏ မိတ်ဘက်နိုင်ငံများ ၊ အစိုးရမဟုတ်သည့် အဖွဲ့အစည်းများ ၊ ပုဂ္ဂလိကကဏ္ဍမှ ပုဂ္ဂိုလ်များပါဝင်သည့် အဖွဲ့နှင့်အတူ အစ္စရေးသို့ စေလွှတ်သွားမည် ဖြစ်ကြောင်း အဆိုပါ အမေရိကန်အရာရှိများက အောက်တိုဘာလ ၉ ရက်နေ့တွင် ပြောကြားခဲ့သည်။ အမေရိကန်အစိုးရက အစ္စရေးသို့ စေလွှတ်မည့် အဆိုပါ အဖွဲ့သည် ဂါဇာအပစ်ရပ်သဘောတူညီချက်ကို […]

ထိုင်း-မြန်မာနယ်စပ် ထီးခီးကို လေယာဉ်ဖြင့် ဗုံးထပ်ကြဲပြီး စက်သေနတ်ဖြင့်ပါ ပစ်ခတ်

Dawei Watch

October 10, 2025

ထိုင်း-မြန်မာနယ်စပ် ထီးခီး(မင်းသမီးခီး)ကျေးရွာအတွင်းကို အာဏာသိမ်း စစ်ကော်မရှင် လက်အောက်ခံတပ်က ဂျက်ဖိုက်တာ FTC-2000G လေယာဉ်အမျိုးစားဖြင့် (၂)ကြိမ် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အော်လီဂန်းစက်သေနတ်ဖြင့်ပါ ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ(၄) မြိတ်-ထားဝယ်ခရိုင်က သတင်းထုတ်ပြန်သည်။ အောက်တိုဘာ ၁၀ ရက် မနက် ၈ နာရီ ၄၅ မိနစ်ခန့်တွင် ထီးခီးရွာထဲကို ဗုံး ၄ လုံးကြဲတိုက်ခိုက်ခဲ့ပြီး စက်သေနတ်ဖြင့်ပါ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံအချို့နှင့် KNU တပ်မဟာ(၄) မြိတ်-ထားဝယ်ခရိုင်ထံက သိရသည်။ ထီးခီးရွာထဲ ဗုံးကြဲတိုက်ခိုက်မှုတွင် ကာစီနိုရုံ၊ လူနေအိမ်များနှင့် အဆောက်အအုံအချို့ ထိခိုက်မှုရှိသည်ဟု ဒေသခံများက ပြောသည်။ “ကာစီနိုရုံတော့မထိဘူး။ သူတို့ကြဲတာကတော့ ကျွန်တော်တို့ဈေးထဲမှာလည်း ကြဲတာပေါ့နော်၊ အတိအကျတော့ မသိဘူးပေါ့နော်၊ ဘာဖြစ်လဲဆိုတော့ ရွာသူရွာသားလည်း အခုလောလောဆယ် အပြင်ထွက်လို့မရဘူး” ဟု ပဒိုစောအယ်နားက […]

တနင်္သာရီ တကူရွာမီးသတ်ရုံးကို စစ်အာဏာရှင်တပ်က လေကြောင်းက ဗုံးကြဲ၊ အရပ်သားများ ကျည်စထိမှန်

Dawei Watch

October 10, 2025

တနင်္သာရီမြို့နယ် တကူကျေးရွာရှိ မီးသတ်ရုံးကို စစ်အာဏာရှင်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းကဗုံးကြဲ တိုက်ခိုက်သဖြင့် အရပ်သားငါးဦးထက်မနည်း ဒဏ်ရာရသွားကြောင်း ‌ဒေသခံများထံမှ သိရသည်။ ယနေ့ (အောက်တိုဘာ ၁၀ရက်) နံနက် ၉ နာရီ မိနစ် ၄၀ ခန့်တွင် တကူကျေးရွာရှိ မီးသတ်ရုံးကို စစ်အာဏာရှင်တပ်က ဂျက်တိုက်လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း တကူဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။ “မီးသတ်(ရုံး)က စျေးနဲ့နီးနေတော့ ပြည်သူတွေလည်း ထိသွားကြတယ်။မီးသတ်မှာရှိတဲ့ သူတွေလည်း သုံးလေးယောက် ထိသွားတယ်။အချုပ်သားတွေ‌လည်း ထိတယ်”ဟု အထက်ပါ ‌ဒေသခံက ပြောသည်‌။ မီးသတ်ရုံးဗုံးကြဲခံရသဖြင့် အဆောက်အအုံတစ်လုံးပျက်စီးကာ အနီးရှိသစ်ပင်များလည်း လဲသွားကြောင်း ဒေသခံနောက်တစ်ဦးကဆိုသည်။ တိုက်လေယာဉ်ဖြင့် ဗုံးနှစ်လုံးကြဲပြီးနောက် မီးသတ်ရုံးအနီးတစ်ဝိုက်ကို ပွိုင့်ဖိုက်စက်သေနတ်ဖြင့်ပါ ပစ်ခတ်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။ “ထိခိုက်မှုက ရှိတယ်။သေချာမသိရသေးဘူး။စျေးက မိန်းမကြီးနဲ့ကျောင်းသားတစ်ယောက်တော့ ဒဏ်ရာရထားတယ်။ […]

မော်ဒန်ပန့်ခေါင်းဆောင် ကိုကြက်ဥကို ထားဝယ်ခရိုင်အမှတ် ၁ တပ်ရင်းက ဖမ်းဆီးထိန်းသိမ်းထားဟုဆို

Dawei Watch

October 9, 2025

လောင်းလုံးမြို့နယ်အခြေစိုက် တော်လှန်ရေးအဖွဲ့တစ်ခုဖြစ်သည့် မော်ဒန်ပန့်(Modern Punk) အဖွဲ့ခေါင်းဆောင် ကိုကြက်ဥကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း ထားဝယ်ခရိုင် အမှတ်(၁)တပ်ရင်း တပ်ရင်းမှူး C1 က အတည်ပြုပြောဆိုသည်။ ကိုကြက်ဥကို အောက်တိုဘာလ ၇ ရက်တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ဆက်လက်ထိန်းသိမ်းထားကြောင်း တပ်ရင်းမှူး C1 က ဆိုသည်။ လောင်းလုံးမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့(ပလဖ) စခန်းတစ်ခုသို့ ကိုကြက်ဥ သွားရောက်သည့် ရုပ်သံမှတ်တမ်းတစ်ခု အောက်တိုဘာလ ၈ ရက်တွင် လူမှုကွန်ရက်ပေါ် ပျံ့နှံ့လာသည်။ အဆိုပါရုပ်သံမှတ်တမ်းတွင် ပလဖ စခန်းအရှေ့ကို ကိုကြက်ဥက ပစ္စတိုသေနတ်တစ်လက်ကိုင်ဆောင်ကာ လက်မြှောက်ဝင်လာပြီး စကားပြောနေချိန် ပစ်ခတ်သံတစ်ချက် ထွက်ပေါ်လာခဲ့သည်။ ထိုကြောင့် ဒေသခံအချို့က ကိုကြက်ဥကို ပစ်သတ်လိုက်ကြောင်း သတင်းများပျံ့နှံ့ခဲ့သလို ကိုကြက်ဥ၏ အသက်အန္တရာယ်အတွက် စိုးရိမ်နေကြောင်း မိသားစုဝင်များနှင့် နီးစပ်သူများက ပြောဆိုသည်။ […]

ရွေးကောက်ပွဲကိစ္စ မြန်မာစစ်အုပ်စုနှင့် မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆွေးနွေးမည်

Dawei Watch

October 9, 2025

အာဏာသိမ်းစစ်အုပ်စုက ကျင်းပရန် ကြေညာထားသည့် ရွေးကောက်ပွဲကိစ္စ ဆွေးနွေးရန် မလေးရှားနိုင်ငံခြားဝန်ကြီးသည် ယနေ့ အောက်တိုဘာလ ၉ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ထွက်ခွာသွားပြီဖြစ်ကြောင်း MalayMail သတင်းတစ်ရပ်က ဖော်ပြသည်။ ရပ်တန့်နေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တိုးတက်မှုရှိစေရေး မြန်မာစစ်အုပ်စုကို မလေးရှားနိုင်ငံခြားရေးဝန်ကြီးက တွန်းအားပေးသွားမည် ဖြစ်ကြောင်း မလေးရှားအစိုးရက ဆိုသည်။ အာဆီယံဥက္ကဋ္ဌတာဝန်ယူထားသည့် မလေးရှားနိုင်ငံကိုယ်စား မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟာဆန်က နေပြည်တော်သို့ တစ်ရက်ကြာ သွားရောက်ကာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် အဖွဲ့ကို တွေ့ဆုံမည်ဖြစ်ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ အာဆီယံဘုံသဘောတူညီချက် ၅ ချက်ပါ ငြိမ်းချမ်းရေးအစီအစဉ်မှ ကတိကဝတ်များကို လိုက်နာရန် ပျက်ကွက်မှုကြောင့် မြန်မာစစ်ခေါင်းဆောင်များသည် ၂၀၂၂ ခုနှစ်ကတည်းက အာဆီယံအစည်းအဝေးများသို့ တက်ရောက်ခွင့် ပိတ်ပင်ခံထားရသည်။ စစ်အုပ်စုက ပြုလုပ်မည့် ရွေးကောက်ပွဲကို ဦးစားပေးစရာအဖြစ် အာဆီယံက […]

လောင်းလုံးမြောက်ပိုင်းတွင် စစ်အာဏာရှင်တပ်စစ်ကြောင်း ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခံရ

Dawei Watch

October 9, 2025

လောင်းလုံးမြောက်ပိုင်းကို စစ်ကြောင်းထိုးလာသည့် စစ်အာဏာရှင်တပ်စစ်ကြောင်းမှာ အောက်တိုဘာလ ၈ ရက်နေ့ နံနက်ပိုင်းက ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ခံရကြောင်း ဒေသခံတို့ထံမှသိရသည်။ အင်အား ၁၀၀ နီးပါးရှိသည့် စစ်အာဏာရှင်တပ်စစ်ကြောင်းသည် အောက်တိုဘာလ ၈ ရက်နေ့ နံနက်ပိုင်းတွင် ထားဝယ်မြို့ဘက်မှ လောင်းလုံးမြို့နယ် တောရှည်ကျေးရွာရှိ စိုက်ပျိုးရေးသိပ္ပံကျောင်းသို့ ရောက်ရှိလာခဲ့ကြောင်း ဒေသခံများကပြောသည်။ ထိုစစ်ကြောင်းသည် စိုက်ပျိုးရေးသိပ္ပံကျောင်းမှတစ်ဆင့် လောင်းလုံးမြို့နယ်၊ပန်းဇိကျေးရွာသို့ ဆက်လက်စစ်ကြောင်းထိုးချိန်တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့နှင့်နီးစပ်သည့် ဒေသခံအမျိုးသားတစ်ဦးကပြောသည်။ “ရွာထဲကိုဖြတ်ပြီး ဘုန်းကြီးကျောင်းဘက် ထွက်လာချိန်မှာ ဒရုန်းဗုံးချတိုက်ခိုက်ခံရတယ်။ သူတို့ဘက်က(စစ်အာဏာရှင်တပ်သား) နှစ်ယောက် ထိသွားတယ်”ဟု ယင်းအမျိုးသားကပြောသည်။ အဆိုပါစစ်အာဏာရှင်တပ်ကို မည်သည့်တော်လှန်းရေးတပ်ဖွဲ့က တိုက်ခိုက်ခဲ့သည်ဆိုခြင်းကိုမူ အသေးစိတ်မသိရသေးပေ။ ဒရုန်းဗုံးချတိုက်ခိုက်ခံရပြီးနောက် အဆိုပါစစ်အာဏာရှင်တပ် စစ်ကြောင်းသည် ပန်းဇိကျေးရွာဘုန်းကြီးကျောင်းအတွင်း ကထိန်အလှူအတွက် လုပ်အားပေးနေသည့် ကျေးရွာသားအချို့ကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံတို့ကပြောသည်။ စစ်အာဏာရှင်တပ်မှ ဖမ်းဆီးသွားသည့် […]