ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ကန်ချနဘူရီတွင် တရားမဝင် လာသော မြန်မာ တစ်ရာကျော် ဖမ်းဆီးခံရ

Dawei Watch

October 11, 2025

ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင်တွင် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်လာသော မြန်မာနိုင်ငံသား တစ်ရာ ကျော် ယနေ့ နံနက်ပိုင်းတွင် ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းတစ်ရပ်တွင် ဖော်ပြသည်။ ယနေ့ အောက်တိုဘာလ ၁၁ ရက် နံနက်ပိုင်းက ကန်ချနဘူရီမြို့ ဝပ်ခေါင်မေးဘုန်းကြီးကျောင်းရှေ့တွင် ရပ်ထားသော ခြောက်ဘီးတပ် အလုံပိတ်ကုန်တင်ကားကို ရဲတပ်ဖွဲ့က စစ်ဆေးရာမှတစ်ဆင့် မြန်မာနိုင်ငံသားများ ဖမ်းဆီးခံရခြင်းဖြစ်သည်။ ဖမ်းဆီးခံရသော မြန်မာနိုင်ငံသား အမျိုးသား၊ အမျိုးသမီးအရေအတွက် ၁၀၇ ဦးရှိပြီး ၎င်းတို့နှင့်အတူ ကျောပိုးအိတ်များကို အလုံပိတ်ကားထဲတွင် တွေ့ရကြောင်း ဖော်ပြသည်။ မြန်မာနိုင်ငံသားများကို စစ်ဆေးရာ ၎င်းတို့သည် ဘုရားသုံးဆူနယ်စပ်မှတစ်ဆင့် ဝင်ရောက်လာကြပြီး တရားဝင် စာရွက်စာတမ်းများ မရှိကြောင်း ဆိုသည်။ မြန်မာနိုင်ငံသားများကို‌ ခေါ်လာသော ထိုင်းကားမောင်းသမားကိုလည်း ကားနှင့်အတူ ဖမ်းဆီးရမိကြောင်း ဖော်ပြသည်။ ၎င်းတို့အားလုံးကို ဥပဒေအရ အရေးယူနိုင်ရေး […]

မြန်မာစစ်အုပ်စု၏ ရွေးကောက်ပွဲ လေ့လာသူ စေလွှတ်ရေး အာဆီယံဆွေးနွေးမည်

Dawei Watch

October 11, 2025

ရွေးကောက်ပွဲသို့ လေ့လာစောင့်ကြည့်သူများစေလွှတ်ရေး မြန်မာစစ်ကော်မရှင်က ဖိတ်ခေါ်မှုနှင့်ပတ်သက်၍ ယခု အောက်တိုဘာလအတွင်း ပြုလုပ်မည့် အာဆီယံထိပ်သီးအစည်းအဝေးတွင် ဆွေးနွေးမည်ဖြစ်ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက အောက်တိုဘာလ ၁၀ ရက် ညပိုင်းတွင် ထုတ်ပြန်သည်။ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟာဆန်တို့ ကြာသပတေးနေ့က နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြပြီးနောက် ယင်းသို့ထုတ်ပြန်လာခြင်း ဖြစ်သည်။ ရွေးကောက်ပွဲကို လေ့လာစောင့်ကြည့်သူများ စေလွှတ်ပေးရန် မြန်မာစစ်ကော်မရှင်က အာဆီယံအဖွဲ့ဝင်နိုင်ငံများအားလုံးကို ဖိတ်ခေါ်ထားကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုသည်။ အထူးသဖြင့် ယခုနှစ် အာဆီယံဥက္ကဋ္ဌဖြစ်သည့် မလေးရှားနိုင်ငံသို့ ဖိတ်ခေါ်ရာတွင် မလေးရှား ရွေးကောက်ပွဲကော်မရှင်ကို မြန်မာစစ်အုပ်စုက တိုက်ရိုက်ဖိတ်ခေါ်ထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ မလေးရှားက အဆိုပါ ရွေးကောက်ပွဲသို့ စောင့်ကြည့်လေ့လာရေးအဖွဲ့များ စေလွှတ်မည်ဟု မြန်မာစစ်အုပ်စုထိန်းချုပ်ထားသည့် မီဒီယာများ၌ သောကြာနေ့က ဖော်ပြခဲ့သည်။ မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင်မူ အဆိုပါ […]

တနင်္သာရီ ကျေးရွာအချို့တွင် ဆားကြမ်းစျေးတက်သဖြင့် ဥယျာဉ်ခြံရှင်များ အခက်တွေ့

Dawei Watch

October 11, 2025

တနင်္သာရီမြို့နယ်ရှိ ကျေးရွာအချို့တွင် စစ်အာဏာရှင်တပ်က ကားလမ်းဖြတ်သန်းခွင့် ပိတ်ပင်ကန့်သတ်ပြီးနောက် ဆားကြမ်းဈေးတက်လာကာ ဥယျာဉ်ခြံရှင်များ အခက်တွေ့နေကြကြောင်း ဒေသခံများထံမှ သိရသည်။ ယခုနှစ် မတ်လမှစ၍ တနင်္သာရီမြို့နယ်ရှိ တော်လှန်ရေးတပ်များ ထိန်းချုပ်ထားသည့် ရွာများကို ဝင်နိုင်သည့် ကားလမ်း များကို စစ်အာဏာရှင်တပ်က ပိတ်လိုက်သဖြင့် ဆားကြမ်းအပါအဝင် ကုန်ပစ္စည်းများပြတ်လပ်ကာ ဈေးတက်လာကြောင်း ဒေသခံများက ပြောသည်။ ကွမ်းသီးပင်နှင့် အုန်းပင်များ အသီးကြီးထွားစေရန်နှင့် အသီးထွက်နှုန်းကောင်းစေရန် ဆားကြမ်းကို အပင်ဝန်းကျင်တွင် ထည့်ပေးရကြောင်း တောင်သူအချို့က ဆိုသည်။ လက်ရှိတွင် ပဝ၊ ဘန်လော၊ တကူ၊ သာရဘွင်နှင့် အနီးဝန်းကျင်ရှိ ကျေးရွာအုပ်စု ၁၀ ခုကျော်က ဥယျာဥ်ခြံများတွင် အသုံးပြုရန်လိုအပ်သည့် ဆားကြမ်းကို တနင်္သာရီမြို့အပါအဝင် ပြည်ထောင်စုလမ်းနှင့် နီးစပ်သည့်ကျေးရွာများ မှတစ်ဆင့် ရေလမ်းနှင့် ဆိုင်ကယ်ကို အသုံးပြုကာ သယ်ယူနေရကြောင်း […]

၂၀၂၅ ခုနှစ်အတွက် ငြိမ်းချမ်းရေးနိုဘယ်ဆုကို မာရီယာကိုရီနာမာချာဒို ရရှိ

Dawei Watch

October 10, 2025

၂၀၂၅ ခုနှစ်အတွက် ဂုဏ်သိက္ခာကြီးမားသည့် ငြိမ်းချမ်းရေးနိုဘယ်ဆုကို ဗင်နီဇွဲလား ဒီမိုကရေစီအရေးလှုပ်ရှားမှု၏ ခေါင်းဆောင်ဖြစ်သူ မာရီယာကိုရီနာမာချာဒိုက ရရှိခဲ့ပြီ ဖြစ်သည်။ ဗင်နီဇွဲလားပြည်သူတို့၏ ဒီမိုကရေစီအခွင့်အရေးများ မြှင့်တင်ရေးအတွက် မဆုတ်မနစ် ကြိုးပမ်းအားထုတ်မှု ၊ အာဏာရှင်စနစ်မှ ဒီမိုကရေစီသို့ တရားမျှတမှုရှိရှိ ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းနိုင်ရေး တိုက်ပွဲဝင်မှုများကြောင့် မာရီယာကိုရီနာမာချာဒိုအား ၂၀၂၅ ခုနှစ်အတွက် ငြိမ်းချမ်းရေးနိုဘယ်ဆုကို ချီးမြှင့်ရန် ဆုံးဖြတ်လိုက်သည်။ မကြာသေးမီကာလအတွင်း လက်တင်အမေရိကမှ အရပ်သားပြည်သူ့သတ္တိ၏ အထူးခြားဆုံး စံနမူနာများထဲမှ တစ်ခုအဖြစ် မာရီယာကိုရီနာ မာချာဒိုက ရပ်တည်နေကြောင်း နိုဘယ်ဆုရွေးချယ်ရေးကော်မတီက ဆိုသည်။ မာချာဒိုသည် ယခင်က အကွဲအပြဲနက်ရှိုင်းလွန်းသည့် ဗင်နီဇွဲလားအတိုက်အခံများကို စုစည်းပေးနိုင်သည့် အဓိကပုဂ္ဂိုလ်တစ်ဦး ဖြစ်ပြီး အတိုက်အခံများအကြား လွတ်လပ်သော ရွေးကောက်ပွဲနှင့် ကိုယ်စားပြု အစိုးရတစ်ရပ် ဖော်ဆောင်ရေး တောင်းဆိုမှုတွင် ဘုံသဘောထား ရရှိစေနိုင်ခဲ့သည်။ […]

စစ်အာဏာရှင်တပ် စစ်ကြောင်းများ ထားဝယ်အထူးစီးပွားရေးဇုန် ဒေသသို့ သွားရောက်အင်အားဖြည့်

Dawei Watch

October 10, 2025

ရေဖြူမြို့နယ်၊ နဘုလယ်ဒေသရှိ ထားဝယ်အထူးစီးပွားရေးဇုန် ဒေသအတွင်းသို့ အောက်တိုဘာလ ၉ ရက်နေ့ ညနေပိုင်းကစ၍ စစ်အာဏာရှင်တပ်စစ်ကြောင်းများ အင်အားဖြည့် ဝင်ရောက်နေကြောင်း ဒေသခံများထံမှသိရသည်။ အင်းအား ၁၀၀ ကျော်ခန့်ရှိသည့် စစ်အာဏာရှင်တပ်စစ်ကြောင်း တစ်ကြောင်းသည် ယနေ့ အောက်တိုဘာလ ၁၀ ရက်နေ့ နံနက် ၇ နာရီခန့်တွင် လောင်းလုံးမြို့နယ်ရှိ ၊ပန်းတင်အင်းကျေးရွာ၏ အရှေ့ဘက်မှနေ၍ အထူးစီးပွားရေးဖုန် ဒေသသို့ ရောက်ရှိလာကြောင်း ၎င်းတို့ကပြောသည်။ ထိုစစ်ကြောင်းမှာ အောက်တိုဘာလ ၈ ရက်နေ့တွင်လောင်းလုံးမြို့နယ်၊ ပန်းဇိကျေးရွာအတွင်း တော်လှန်ရေးတပ်ဖွဲ့တို့၏ ဒရုန်းဗုံးဖြင့် ဗုံးချတိုက်ခိုက်ခံရပြီးနောက် တောရှည်ကျေးရွာရှိ စိုက်ပျိုး‌ ရေးသိပ္ပံကျောင်းတွင် ၂ ရက်ကြာတပ်စွဲကာ ယနေ့နံနက်ပိုင်းတွင် ပန်းတင်အင်းကျေးရွာမှတစ်ဆင့် ထားဝယ်အထူးစီးပွားရေးဇုန် ဘက်ဝင်ရောက်လာခြင်းဖြစ်ကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ “သူတို့အိမ်ကြိုအိမ်ကြားကလာတယ်၊ သူတို့စစ်ကြောင်းမှာ ဖမ်းလာတဲ့အရပ်သား တွေလည်း တွေ့ရတယ်”ဟု […]

မြန်မာကလေး ၉၀၀ ခန့် စာသင်နေသော မဟာချိုင်ရှိ သင်ကြားရေးစင်တာကို ထိုင်းအာဏာပိုင်များ ဝင်စစ်

Dawei Watch

October 10, 2025

ထိုင်းနိုင်ငံ စမွတ်စခွန်ခရိုင် မဟာချိုင်ရှိ မြန်မာသင်ကြားရေးစင်တာတစ်ခုကို ထိုင်းအာဏာပိုင်များက ဝင်ရောက်စစ်ဆေးခဲ့ပြီး စာသင်ကြားနေသော ဆရာ ၂၇ ဦးကိုလည်းစစ်ဆေးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ အောက်တိုဘာလ ၉ ရက်နေ့က မဟာချိုင် ကထူးဘင်ဒေသရှိ မြန်မာကလေးများ လေ့ကျင့်ရေးစင်တာတစ်ခုကို ထိုင်းခရိုင်အုပ်ချုပ်ရေးအဖွဲ့၊ လဝကနှင့် ပညာရေးဝန်ထမ်းများက သွားရောက်စစ်ဆေးခဲ့ခြင်းဖြစ်သည်။ သင်ကြားရေးစင်တာထဲတွင် ကလေးငယ် ၉၀၀ ခန့်နှင့် စာသင်ပေးနေသော ဆရာ၊ ဆရာမ ၂၇ ဦးကို တွေ့ရှိခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။ သင်ကြားရေးစင်တာသည် လူငယ်များ အုပ်စုလိုက် လေ့ကျင့်မှုများ လုပ်ဆောင်နိုင်ရေးအတွက် ခွင့်ပြုချက်ရရှိထားသော်လည်း တရားဝင် ကျောင်းဖွင့်၍ စာသင်ကြားခွင့်ကို ပညာရေးဌာနဘက်က ခွင့်ပြုထားခြင်းမရှိသေးကြောင်း ထိုင်းအာဏာပိုင်များက ပြောကြားသည်။ အဆောက်အဦအသုံးပြုခွင့်အတွက် ခရိုင်အုပ်ချုပ်ရေးအဖွဲ့က ခွင့်ပြုထားပြီးဖြစ်သော်လည်း ရွှေ့ပြောင်းကလေးငယ်များကို စုစည်းပြီး ပညာသင်ကြားပေးရန် ခရိုင်ပညာရေးရုံး၏ […]

ဒီနေ့ ညနေပိုင်းမှာ ပေးဖို့ရှိတဲ့ ငြိမ်းချမ်းရေးနိုဘယ်ဆုကို ဒေါ်နယ်ထရမ့်ရမယ် ထင်ပါသလား

Dawei Watch

October 10, 2025

၂၀၂၅ ခုနှစ်အတွက် ဂုဏ်သိက္ခာကြီးမားတဲ့ ငြိမ်းချမ်းရေးနိုဘယ်ဆုကို ဒီကနေ့ အောက်တိုဘာလ ၁၀ ရက် ဂရင်းနစ်စံတော်ချိန် နံနက် ၉ နာရီ (မြန်မာစံတော်ချိန် ညနေ ၃ နာရီခွဲ) မှာ နော်ဝေနိုင်ငံ အော်စလိုမြို့မှာရှိတဲ့ Norwegian Nobel Institute ကနေ ကြေညာပေးသွားတော့မှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်က ငြိမ်းချမ်းရေးနိုဘယ်ဆုကို ဂျပန်နိုင်ငံက ဟီရိုးရှီးမားနဲ့ နာဂါဆာကီမြို့မှာ အဏုမြူဗုံးဒဏ်ကနေ ရှင်ကျန်ခဲ့သူတွေနဲ့ ဖွဲ့စည်းထားတဲ့ အဏုမြူလက်နက်ဆန့်ကျင်ရေး ပြည်သူ့လှုပ်ရှားမှုအဖွဲ့ဖြစ်တဲ့နီဟွန်ဟီဒန်ကျို (Nihon Hidankyo) အဖွဲ့က ရရှိခဲ့ပါတယ်။ ဒီနှစ်ငြိမ်းချမ်းရေးနိုဘယ်ဆုအတွက် အမည်စာရင်း စုစုပေါင်း ၃၃၈ ခု တင်သွင်းထားရာမှာ လူပုဂ္ဂိုလ် ၂၄၄ ဦးနဲ့ အဖွဲ့အစည်း ၉၄ ခု ပါဝင်ပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကလည်း ဆန်ခါတင်စာရင်းဝင်ထဲမှာ […]

လောင်းလုံးမြို့အနီးတွင် ၂ နာရီကျော်ကြာ ပစ်ခတ်မှုဖြစ်၊ ဒေသခံများတိမ်းရှောင်

Dawei Watch

October 10, 2025

လောင်းလုံးမြို့အနီးတွင် ယနေ့ အောက်တိုဘာလ ၁၀ ရက်၊နံနက်ပိုင်းက စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်တို့အကြား နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှသိရသည်။ ယနေ့ နံနက် ၁၀ နာရီခန့်တွင် လောင်းလုံးမြို့ဘက်မှ ညင်းမော်ကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာသည့် စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့ကြား နှစ်ဖက်ထိတွေ့မှုဖြစ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့ကပြောသည်။ နှစ်ဖက်ထိတွေ့မှုမှာ ၂ နာရီနီးပါးကြာသော်လည်း မပြီးသေးကြောင်း ယနေ့ နေ့လယ် ၁၂ နာရီကျော်ကြာချိန်အထိ ပစ်ခတ်သံများ မကြာမကြာ ကြားနေရသေးကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ ယင်းပစ်ခတ်မှုကြောင့် ဒေသခံပြည်သူအများစုမှာ နေအိမ်မှနေ၍ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြပြီး အချို့မှာ အခြေအနေစောင့်ကြည့်နေကြောင်း သိရသည်။ ယင်းစစ်ကြောင်းသည် အောက်တိုဘာလ ၉ ရက် ယမန်နေ့ နံနက်ပိုင်းကလည်း ယခုလမ်းကြောင်းအတိုင်း စစ်ကြောင်းထိုးလာပြီး ညင်းမော်ကျေးရွာအတွင်းသို့ဝင်ရောက်က ရွှေ့ပြောင်းလုပ်သား ၅ ဦးကိုဖမ်းဆီးသွားခဲ့ကြောင်း သိရသည်။ စစ်ကော်မရှင်မှ […]