ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ဒီနေ့ ညနေပိုင်းမှာ ပေးဖို့ရှိတဲ့ ငြိမ်းချမ်းရေးနိုဘယ်ဆုကို ဒေါ်နယ်ထရမ့်ရမယ် ထင်ပါသလား

October 10, 2025

ဓာတ်ပုံ - Sky News

၂၀၂၅ ခုနှစ်အတွက် ဂုဏ်သိက္ခာကြီးမားတဲ့ ငြိမ်းချမ်းရေးနိုဘယ်ဆုကို ဒီကနေ့ အောက်တိုဘာလ ၁၀ ရက် ဂရင်းနစ်စံတော်ချိန် နံနက် ၉ နာရီ (မြန်မာစံတော်ချိန် ညနေ ၃ နာရီခွဲ) မှာ နော်ဝေနိုင်ငံ အော်စလိုမြို့မှာရှိတဲ့ Norwegian Nobel Institute ကနေ ကြေညာပေးသွားတော့မှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်က ငြိမ်းချမ်းရေးနိုဘယ်ဆုကို ဂျပန်နိုင်ငံက ဟီရိုးရှီးမားနဲ့ နာဂါဆာကီမြို့မှာ အဏုမြူဗုံးဒဏ်ကနေ ရှင်ကျန်ခဲ့သူတွေနဲ့ ဖွဲ့စည်းထားတဲ့ အဏုမြူလက်နက်ဆန့်ကျင်ရေး ပြည်သူ့လှုပ်ရှားမှုအဖွဲ့ဖြစ်တဲ့နီဟွန်ဟီဒန်ကျို (Nihon Hidankyo) အဖွဲ့က ရရှိခဲ့ပါတယ်။

ဒီနှစ်ငြိမ်းချမ်းရေးနိုဘယ်ဆုအတွက် အမည်စာရင်း စုစုပေါင်း ၃၃၈ ခု တင်သွင်းထားရာမှာ လူပုဂ္ဂိုလ် ၂၄၄ ဦးနဲ့ အဖွဲ့အစည်း ၉၄ ခု ပါဝင်ပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကလည်း ဆန်ခါတင်စာရင်းဝင်ထဲမှာ ပါဝင်ပါတယ်။ စစ်ပွဲတွေ အများကြီးကို သူရပ်တန့်ပေးခဲ့တာကြောင့် ဒီဆုကို သူရသင့်တယ်လို့ သမ္မတထရမ့်က ထပ်တလဲလဲ အခိုင်အမာ ပြောခဲ့ပါတယ်။

ဒါပေမဲ့ သမ္မတထရမ့်ဟာ သက်တမ်း ၁၂၄ နှစ်ရှိပြီဖြစ်တဲ့ ငြိမ်းချမ်းရေးနိုဘယ်ဆုကို ရဖို့ ဖြစ်နိုင်ခြေနည်းတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။

စာဖတ်သူတွေရဲ့ အမြင်ကရော ဘယ်လိုရှိပါသလဲ။ စာဖတ်သူတွေရဲ့ ခန့်မှန်းချက်နဲ့ ဆုကြေညာသူတွေရဲ့ အမြင်တူမတူကို တိုက်ဆိုင်ကြည့်နိုင်ဖို့ comment မှာ မှတ်ချက်ရေးပေးသွား ကြပါဦး။