Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
· သရက်ချောင်းမြို့နယ် လဝကဝန်ထမ်းတစ်ဦးကို ပြည်သူ့ကာကွယ်ရေးတပ်က ဖမ်းတဲ့သတင်း
· ကံပေါက်မှာ မိုးကြိုးစက်ကွင်းထိမှန်ပြီး အမျိုးသားတစ်ဦးသေဆုံးတဲ့ အကြောင်း
· ထားဝယ်မှာ အုပ်ချုပ်ရေးမှူးမိသားစု ပစ်သတ်ခံရပြီးနောက် အစစ်အဆေးတင်းကျပ်တဲ့ အခြေအနေ
· မြိတ်မှာ ရေတစ်ယူနစ် ကျပ်ခုနစ်ထောင်ကျော်အထိကောက်ခံတဲ့အကြောင်း
· ရေးမှာ စစ်အာဏာရှင်တပ်စစ်ကြောင်းထိုးနေပြီး စစ်ရေးတင်းမာနေတဲ့အခြေအနေ
· ချင်းမိုင်မှာ မြန်မာပိုင်မျက်မှန်ဆိုင်ကို ထိုင်းရဲဝင်ဖမ်းလို့ မြန်မာ ၅ ဦး ဖမ်းဆီးခံရတဲ့အကြောင်း
စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။






