ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ရွေးကောက်ပွဲအကြို့နေ့ လောင်းလုံး ရပ်ခံတောင်ရှိ စစ်အာဏာရှင်တပ်စခန်းကို ဒရုန်းဖြင့်တိုက်ခိုက်

Dawei Watch

January 24, 2026

လောင်းလုံးမြို့နယ်၊ နခံတောကျေးရွာ၊ ရပ်ခံတောင်ပေါ်တွင် တပ်စွဲထားသော စစ်အာဏာရှင်တပ်စခန်းကို ယနေ့ ဇန်နဝါရီလ ၂၅ရက် နံနက်တွင် တော်လှန်ရေးတပ်ဖွဲ့တစ်ဖွဲ့က ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ကြောင်း ဒေသခံများက ပြောသည်။ အဆိုပါ စစ်စခန်းသည် မနက်ဖြန် ဇန်နဝါရီ ၂၅ ရက်တွင် စစ်ကော်မရှင်က ကျင်းပမည့် ရွေးကောက်ပွဲအပိုင်း (၃) တွင် ပါဝင်သည့် ကမြောကင်းကျေးရွာအုပ်စုနှင့် စခန်းကြီးကျေးရွာအုပ်စုတို့ အနီးတွင် တည်ရှိသည်။ ယနေ့ နံနက် ၆နာရီခန့်တွင် အဆိုပါစစ်အာဏာရှင်တပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့တစ်ဖွဲ့က ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ရာ အဆိုပါစစ်စခန်းကလက်နက်ကြီးဖြင့် ပြန်လည်ပစ်ခတ်ကြောင်း ဒေသခံများက ပြောသည်။ စစ်အာဏာရှင်တပ် ပစ်ခတ်သည့် လက်နက်ကြီးကျည်မှာ လောင်းလုံးမြို့နယ် မြောက်ပိုင်းတွင်ရှိသော တောင်မင်းပြောင် ကျေးရွာတွင် ကျရောက်ပေါက်ကွဲကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။ ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခြင်းနှင့် လက်နက်ကြီးဖြင့် ပြန်လည်ပစ်ခတ်ခြင်းတို့ကြောင့် ထိခိုက်မှုအခြေအနေတို့ကိုမူ […]

စစ်ရေးတင်းမာလာ၍ အရှေ့အလယ်ပိုင်း လေကြောင်း ခရီးစဉ်အချို့ ရပ်ဆိုင်း

Dawei Watch

January 24, 2026

အမေရိကန်နှင့် အီရန်အကြား လက်ရှိတင်းမာမှုကြောင့် ပါရှန်းပင်လယ်ကွေ့ဒေသတစ်ခုလုံး ရိုက်ခတ်လာနိုင်သဖြင့် ပြင်သစ်လေကြောင်းလိုင်း Air France နှင့် နယ်သာလန်လေကြောင်းလိုင်း KLM တို့သည် အရှေ့အလယ်ပိုင်း နိုင်ငံအချို့သို့ လေကြောင်းခရီးစဉ်ပျံသန်းပြေးဆွဲမှုများကို ယာယီဆိုင်းငံ့ထားလိုက်သည်။ အီရန်အစိုးရ၏ ဆန္ဒပြပွဲနှိမ်နင်းမှုများကြောင့် အမေရိကန်က အီရန်ကို တိုက်ခိုက်မည်ဟု ခြိမ်းခြောက်ကာ အရှေ့အလယ်ပိုင်းဒေသတွင်း အမေရိကန်စစ်အင်အား တိုးမြှင့်နေချိန်တွင် ယင်းသို့ လေကြောင်းခရီးစဉ်များ ဖျက်သိမ်းလိုက်ခြင်း ဖြစ်သည်။ ပဲရစ်နှင့် ဒူဘိုင်းအကြား လေယာဉ်ပျံသန်းမှုများကို ဇန်နဝါရီ ၂၃ နှင့် ၂၄ ရက်တို့တွင် ယာယီဖျက်သိမ်းကြောင်း Air France က ထုတ်ပြန်ထားသည်။ ဒူဘိုင်း ၊ ရီယတ် ၊ ဒါမမ်နှင့် တဲလ်အဗစ်မြို့များသို့ လေယာဉ်ပျံသန်းပြေးဆွဲမှုများကို နောက်ထပ် အသိပေးချက် ထွက်ပေါ်မလာခင်အချိန်အထိ ရပ်နားထားမည် ဖြစ်ကြောင်း နယ်သာလန်လေကြောင်းလိုင်း […]

ရေးမြောက်ပိုင်းတွင် မိုင်းနင်းမိမှုများကြောင့် ဥယျာဉ်ခြံသွားရန် ဒေသခံများ စိုးရိမ်

Dawei Watch

January 24, 2026

စစ်အာဏာရှင်တပ် စစ်ကြောင်းထိုးနေသည့် ရေးမြို့နယ်မြောက်ပိုင်းဒေသတွင် မြေမြှုပ်မိုင်း နင်းမိသဖြင့် ထိခိုက်ဒဏ်ရာ ရသည့် ဖြစ်ရပ်များကြောင့် ဥယျာဉ်ခြံသို့ သွားလာရန် စိုးရိမ်ထိတ်လန့်နေကြကြောင်း ဒေသခံများက ပြောသည်။ ရေးမြို့နယ်မြောက်ပိုင်း၊ အာယုတောင်ကျေးရွာအနီးတွင် ဇန်နဝါရီလ ၁၃ ရက်က အသက်ကြီးပိုင်း အမျိုးသားတစ်ဦး တောထဲသွားစဉ် လမ်းတွင် မြေမြှုပ်မိုင်းနင်းမိပေါက်ကွဲပြီး ထိခိုက်ဒဏ်ရာရကြောင်း ဒေသခံများထံမှ သိရသည်။ အာယုတောင်ကျေးရွာအနီးတွင်ပင် ဇန်နဝါရီလ ၁၅ ရက်က ဥယျာဉ်ခြံသို့သွားသည့် လူငယ်အမျိုးသားတစ်ဦး မြေမြှုပ်မိုင်း နင်းမိပြီး ပြင်းထန်ဒဏ်ရာရကြောင်း ၎င်းတို့က ဆိုသည်။ အများပြည်သူ သွားလာနေအသုံးပြုနေသည့် လမ်းနှင့် ဥယျာဉ်ခြံတို့တွင် မြေမြှုပ်မိုင်း နင်းမိပေါက်ကွဲမှုများ ဖြစ်နေသည့် အတွက် ဒေသခံများ ဥယျာဉ်ခြံလုပ်ငန်း လုပ်ကိုင်ရန် အခက်အခဲကြုံတွေ့နေရကြောင်း ဒေသခံများက ပြောသည်။ “ကျွန်မတို့ဒေသက အဓိက ခြံပဲ လုပ်ကြတာများတယ်လေ။ […]

မဲဆောက်တွင် ဧရာဝတီမ အသတ်ခံရမှုအတွက် မြန်မာနှစ်ဦးကို ရဲတပ်ဖွဲ့ရှာဖွေနေ

Dawei Watch

January 23, 2026

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် အွန်လိုင်းဆယ်လီ “ဧရာဝတီမ” ကို သတ်ဖြတ်မှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံသားနှစ်ဦးကို ရဲတပ်ဖွဲ့က ရှာဖွေနေကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ဇန်နဝါရီလ ၂၀ ရက်နေ့ ညနေပိုင်းတွင် မဲဆောက်မြို့၊ မယ်တောင်ဒေသရှိ သစ်ပင်အောက်၌ “ဧရာဝတီမ” ဟု လူသိများသည့် အသက် ၃၃ နှစ်အရွယ် ကိုတင်ဇော်ထွေး၏ အလောင်းကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ကိုတင်ဇော်ထွေးသည် LGBTQIA2S+ တစ်ဦးဖြစ်ပြီး ဧရာဝတီမအမည်ဖြင့် ဆိုရှယ်မီဒီယာတွင် ဖော်လိုဝါ (Followers) ပေါင်း သိန်းချီရှိသည့် နာမည်ကြီးသူတစ်ဦးလည်း ဖြစ်သည်။ အလောင်းကို မှောက်လျက်အနေအထားဖြင့် တွေ့ရှိရပြီး ဦးခေါင်းရိုက်ခွဲခံထားရသည့် ဒဏ်ရာများ တွေ့ရှိရကြောင်း အလောင်းစစ်ဆေးချက်အရ သိရသည်။ အနီးတွင် ရိုက်သတ်ရာ၌ အသုံးပြုခဲ့သည်ဟု ယူဆရသော သွေးပေနေသည့် သစ်သားတုတ်ကိုလည်း တွေ့ရှိရသည်။ အလောင်းအနီးတွင် […]

ငါးဖမ်းပိုက်တွင် ဖမ်းမိသည့် ဧရာဝတီလင်းပိုင်ကို ဘုတ်ပြင်းရေလုပ်သားများ ပြန်လွှတ်ပေး

Dawei Watch

January 23, 2026

ဘုတ်ပြင်းမြို့နယ်၊ ဟန်ကပြုကျေးရွာအုပ်စု၊ ကြိမ်မဲတောင်ကျေးရွာရှိ ကမ်းနီးငါးဖမ်းလှေ၏ ငါးဖမ်းပိုက်တွင်ပါလာသည့် ဧရာဝတီလင်းပိုင်တစ်ကောင်ကို ရေလုပ်သားများက ပင်လယ်အတွင်း ပြန်လွှတ်ပေးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ဇန်နဝါရီလ ၁၉ ရက်နေ့က ကြိမ်မဲတောင်ရွာအနီးပင်လယ်ပြင်တွင် ငါးဖမ်းပိုက်ဖြင့် ငါးဖမ်းချိန် အရှည် ၄ ပေခန့်ရှိ ဧရာဝတီလင်းပိုင်တစ်ကောင် ဖမ်းမိကြောင်း ကြိမ်မဲတောင်ရွာနေ ရေလုပ်သားတစ်ဦးက ပြောသည်။ အဆိုပါဒေသနေ ဦးနောင်ပိန်နှင့်သားဖြစ်သူ၏ ငါးဖမ်းပိုက်တွင် ဖမ်းမိခြင်းဖြစ်ပြီး အကောင်ကြီးသဖြင့် ၎င်းတို့နှစ်ဦးတည်း ပြန်မလွှတ်နိုင်၍ ကြိမ်မဲတောင်ရွာ တံတားအနီးအထိ သယ်လာပြီး ရွာသားများ၏ အကူအညီဖြင့် ပြန်လွှတ်ပေးခဲ့ကြောင်း ရွာသားများထံမှ သိရသည် ။ ငါးဖမ်းပိုက်တွင် ဖမ်းမိသည့် ဧရာဝတီလင်းပိုင်အမျိုးအစားသည် မျိုးတုန်းခါနီး သတ္တဝါဖြစ်သည်ဟု သိရသဖြင့် ပြန်လွှတ်ပေးခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံများက ဆိုသည်။ “အကောင်ကတော့ သိပ်မကြီးဘူး။ ဒါပေမဲ့ တော်တော်လေးတယ်။ […]

ဂရင်းလန်းကျွန်းကို အလုံးစုံဝင်ရောက်အသုံးပြုခွင့် ရပြီဟု ထရမ့်ဆို

Dawei Watch

January 23, 2026

နေတိုးအဖွဲ့နှင့် ရရှိသည့် သဘောတူညီချက်အရ အမေရိကန်က ဂရင်းလန်းကျွန်းသို့ အမြဲတမ်း ဝင်ရောက်အသုံးပြုခွင့်ရပြီဖြစ်ကြောင်း သမ္မတဒေါ်နယ်ထရမ့်က ဇန်နဝါရီ ၂၂ ရက်တွင် ပြောကြားလိုက်သည်။ ရုရှားနှင့် တရုတ်၏ ခြိမ်းခြောက်မှုမှ ကာကွယ်ရန် အာတိတ်ဒေသ လုံခြုံရေးကို မဟာမိတ်များအနေဖြင့် ပိုမိုမြှင့်တင်ရန် လိုအပ်ကြောင်း နေတိုးအကြီးအကဲက ဆိုသည်။ ဥရောပအပေါ် အခွန်တိုးမည့် ခြိမ်းခြောက်မှုကို ထရမ့်က ပြန်ရုပ်သိမ်းကာ ဂရင်းလန်းကို အင်အားသုံးသိမ်းပိုက်မည့် အစီအစဉ်ကို ပယ်ချလိုက်ပြီးနောက် နေတိုးအကြီးအကဲနှင့် အမေရိကန်အကြား ယခုသဘောတူညီချက်မူဘောင် ထွက်ပေါ်လာခြင်းဖြစ်သည်။ ယင်းကြောင့် ဆယ်စုနှစ်များအတွင်း အဆိုးရွားဆုံး ဖြစ်လုနီးပါးဖြစ်ခဲ့သည့် အမေရိကန်နှင့် ဥရောပ မဟာမိတ် ဆက်ဆံရေး တင်းမာမှုများ အတိုင်းအတာတစ်ခုအထိ ပြေလျော့သွားခဲ့သည်။ အဆိုပါ သဘောတူညီချက်မူဘောင်နှင့် ပတ်သက်၍ အသေးစိတ်ကို မသိရသေးပေ။ သို့သော်၎င်းတို့၏ အချုပ်အခြာအာဏာကို အလျှော့အတင်း […]

လေးမိုင်ရွာတွင် မြေမြှုပ်မိုင်းကို တုတ်ဖြင့်ထိုးသဖြင့် ပေါက်ကွဲပြီး ကလေးငယ်တစ်ဦး‌ ဒဏ်ရာရ

Dawei Watch

January 22, 2026

တနင်္သာရီမြို့နယ်၊ ဒူကြိုး-လေးမိုင်ရွာတွင် စစ်အာဏာရှင်တပ်စွဲခဲ့သည့် လူနေအိမ်ဝန်းကျင်တွင်တွေ့သည့် မြေမြှုပ်မိုင်းကို ကလေးငယ်တစ်ဦးက တုတ်ဖြင့်ထိုးရာမှ ပေါက်ကွဲသောကြောင့် ထိခိုက်ဒဏ်ရာရကြောင်း ဒေသခံများက ပြောသည်။ ဇန်နဝါရီလ ၂၁ရက် ညနေ ၅နာရီခန့်တွင် လေးမိုင်ရွာတွင် အိမ်အနီးဝန်းကျင်တွင် တွေ့ရှိသည့် မြေမြှုပ်မိုင်းကို အသက် ၁၀နှစ်ကျော်အရွယ် ကလေးတစ်ဦးက တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “မိုင်းကို တုတ်နဲ့ သွားထိုးလိုက်‌တော့ ပေါက်ပြီး (ခန္ဓာကိုယ်) အောက်ပိုင်းတစ်ပိုင်းလုံး ထိသွားတယ်။ ထိသွားက ယောင်္ကျေားလေးပဲ” ဟု အထက်ပါ ဒေသခံက ပြောဆိုသည်။ ဒဏ်ရာရသွားသည့် ကလေးကို မြိတ်ဆေးရုံကို ပို့လိုက်ပြီး နောက်ဆက်တွဲခြေနေကို မသိရသေးကြောင်း ဒေသခံများက ဆိုသည်။ ပြီးခဲ့သည့်နှစ် အောက်တိုဘာလ လကုန်ပိုင်းတွင် စစ်အာဏာရှင်တပ်သားများသည် လေးမိုင်ရွာကို စစ်ကြောင်းထိုးလာပြီး ယခု မိုင်းပေါက်ကွဲသည့် လူနေအိမ်များဝန်းကျင်တွင် […]

တနင်္သာရီ ညောင်ပင်ကုန်းရွာသားတစ်ဦးကို စစ်အာဏာရှင်တပ်ဖမ်းဆီး၊ နှစ်ရက်ကြာအထိ ပြန်မလွတ်

Dawei Watch

January 22, 2026

တနင်္သာရီမြို့နယ်၊ ဘန်းလမွတ်ကျေးရွာအုပ်စု၊ ညောင်ပင်ကုန်းရွာသားတစ်ဦး ဘန်းလမွတ်ရွာသို့သွားစဥ် လမ်းတွင် ရှိနေသည့် စစ်အာဏာရှင်တပ်သားများက ဖမ်းဆီးခဲ့ပြီး နှစ်ရက်ကြာသည်အထိ ပြန်မလွှတ်သေးကြောင်း ဒေသခံများက ပြောသည်။ ဇန်နဝါရီလ ၂၁ရက် နံနက်ပိုင်းတွင် ‌ညောင်ပင်ကုန်းရွာမှ ဘန်းလမွတ်ရွာသို့ ဆိုင်ကယ်ဖြင့်သွားစဥ် လမ်းတွင်ရှိနေသည့် စစ်အာဏာရှင်တပ်သားများက ဖမ်းဆီးပြီး အောက်ကင်းကျေးရွာအခြေစိုက် အမှတ် ၅၅၇ ခြေမြန်တပ်ရင်းသို့ ပို့ဆောင် လိုက်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ ဖမ်းဆီးခံရသူသည် ညောင်ပင်ကုန်းရွာသား အသက် ၄၀ ဝန်းကျင်း အမျိုးသားဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။ “ဖမ်းသွားတော့ မိသားစုတွေ သွားတောင်းတွေ့ခွင့်တောင်းတာ တွေ့ခွင့်မပေးဘူး။ ဆက်သွယ် ခွင့်လည်း မပေးဘူး။ ဒီနေ့အထိတော့ (ဇန်နဝါရီ ၂၂ရက်ည) ပြန်မလွှတ်သေးဘူး” ဟု အထက်ပါ ဒေသခံက ပြောသည်။ ဘန်းလမွတ်ရွာ လမ်းဆုံ၌ တပ်စွဲထားသည့် […]