ထားဝယ်အရှေ့တောတွင် ဗုံးမတော်တဆပေါက်ကွဲပြီး KNLA တပ်ဖွဲ့ဝင်တစ်ဦးသေဆုံး၊ သုံးဦးဒဏ်ရာရ
Dawei Watch
January 22, 2026ထားဝယ်အရှေ့တောတွင် ဇန်နဝါရီလ ၂၁ရက်က အီနာဂါဗုံး မတော်တဆပေါက်ကွဲပြီး ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) ၊ တပ်ရင်း ၁၂ က တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးပြီး သုံးဦးဒဏ်ရာ ရကြောင်း တပ်ဖွဲ့ဝင်အချို့ထံက သိရသည်။ အရှေ့တောဒေသကို စစ်ကြောင်းထိုးနေသည့် စစ်အာဏာရှင်တပ်၏ အီနာဂါတစ်လုံးကို တပ်ဖွဲ့ဝင်အချို့က ကောက်ယူ ရရှိခဲ့ပြီးနောက် သိမ်းဆည်းထားချိန် မတော်တဆ ကျရောက်ပေါက်ကွဲခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။ ပေါက်ကွဲမှုကြောင့် အသက် ၂၀ ကျော်အရွယ် တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးပြီး သုံးဦးဒဏ်ရာအပြင်းအထန်ရရှိခဲ့သလို အချို့မှာ ဒဏ်ရာအနည်းငယ် ရရှိကြောင်း KNLA တပ်ဖွဲ့နှင့် နီးစပ်သည့် စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက ဆိုသည်။ KNLA တပ်ရင်း ၁၂ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီးစောဒါးဒါးကလည်း အဆိုပါ ပေါက်ကွဲမှုဖြစ်စဉ်တွင် တပ်ဖွဲ့ဝင် တစ်ဦးသေဆုံးပြီး တပ်ဖွဲ့ဝင်အချို့ […]


