ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

မြန်မာပြည် အပစ်ရပ်ရေး ပုပ်ရဟန်းမင်းကြီး မေတ္တာရပ်ခံ

Dawei Watch

October 21, 2025

ပုပ်ရဟန်းမင်းကြီး လီယို ၁၄ သည် မြန်မာနိုင်ငံတွင် အပစ်အခတ်ရပ်စဲကြရန် အောက်တိုဘာလ ၁၉ ရက်က မေတ္တာရပ်ခံတောင်းဆိုလိုက်သည်။ ဗာတီကန်စီးတီး ၊ စိန့်ပီတာရင်ပြင်၌ ပြုလုပ်သည့် ကမ္ဘာ့သာသနာပြု တနင်္ဂနွေနေ့ (World Mission Sunday) ဆုတောင်းပွဲအပြီးတွင် ပုပ်ရဟန်းမင်းကြီး လီယို ၁၄ က ကမ္ဘာတစ်ဝှမ်း ငြိမ်းချမ်းရေးအတွက် ဆုတောင်းပေးခဲ့ရာ၌ မြန်မာနိုင်ငံအတွက် ယင်းသို့ တောင်းဆိုမေတ္တာရပ်ခံခဲ့ခြင်း ဖြစ်သည်။ မြန်မာနိုင်ငံမှ ထွက်ပေါ်လာသည့် သတင်းများမှာ “စိတ်မချမ်းမြေ့စရာ” အဖြစ် ပုပ်ရဟန်းမင်းကြီးက သုံးနှုန်းပြောဆိုခဲ့သည်။ အရပ်သားပြည်သူများနှင့် အခြေခံအဆောက်အအုံများကို ပစ်မှတ်ထားသည့် လက်နက်ကိုင်တိုက်ပွဲများနှင့် လေကြောင်းတိုက်ခိုက်မှုများအပေါ် ဝမ်းနည်းပူဆွေးရကြောင်း ၎င်းက ပြောကြားခဲ့သည်။ အကြမ်းဖက်မှုနှင့် ဒုက္ခဆင်းရဲများကြောင့် ခံစားနေရသူအားလုံးနှင့် နီးနီးကပ်ကပ် အတူရှိနေပါကြောင်း ၎င်းက ဖော်ပြခဲ့သည်။ “ချက်ချင်းအကျိုးသက်ရောက်နိုင်မယ့် အပစ်အခတ်ရပ်စဲရေးကို […]

သမ္မတပရာဘိုဝို သက်တမ်းတစ်နှစ်ပြည့်နေ့တွင် အင်ဒိုနီးရှား ကျောင်းသားများဆန္ဒပြ

Dawei Watch

October 21, 2025

အင်ဒိုနီးရှားနိုင်ငံ၊ မြို့တော်ဂျာကာတာတွင် အောက်တိုဘာလ ၂၀ ရက်က ကျောင်းသား ရာနှင့်ချီပြီး သမ္မတပရာဘိုဝိုဆူဘီယန်တို အစိုးရကို ဆန့်ကျင်ဆန္ဒပြကြသည်။ သမ္မတပရာဘိုဝိုဆူဘီယန်တို သက်တမ်းတစ်နှစ်ပြည့်သည့်နေ့တွင် ယင်းသို့ ဆန္ဒပြကြခြင်း ဖြစ်သည်။ အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့သည့် နိုင်ငံတဝှမ်း ဆန္ဒပြပွဲများ ဖြစ်ပွားခဲ့ပြီးနောက် နှစ်လအကြာတွင် ယခုနောက်ဆုံး ထွက်ပေါ်လာသည့် အင်ဒိုနီးရှားကျောင်းသားဆန္ဒပြပွဲ ဖြစ်သည်။ အဝါရောင်နှင့် အပြာရောင် ဂျာကင်များ ဝတ်ဆင်ထားသည့် ကျောင်းသား ၃၀၀ ခန့်က သမ္မတပရာဘိုဝို၏ အစိုးရအဖွဲ့ တနင်္လာနေ့က အစည်းအဝေးပြုလုပ်နေချိန်တွင် သမ္မတအိမ်တော်အနီး စုဝေးဆန္ဒပြခဲ့ကြသည်။ ဩဂုတ်လအတွင်း ဖြစ်ပွားခဲ့သည့် နိုင်ငံတဝှမ်း ကျောင်းသားဦးဆောင်သည့် ဆန္ဒပြပွဲများတုန်းကထက် ယခုတစ်ကြိမ်တွင် ဆန္ဒပြသူအရေအတွက် များစွာ ပိုလျော့နည်းသည်။ ဩဂုတ်လက နိုင်ငံအနှံ့ ဆန္ဒပြပွဲများတွင် အစိုးရ၏ မူဝါဒများနှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ အခွင့်ထူးခံဖြစ်မှုကို ဆန့်ကျင်ဆန္ဒပြခဲ့ကြသည်။ […]

စစ်အာဏာရှင်တပ် စစ်ကြောင်းထိုးသဖြင့် တနင်္သာရီရှိ ကျေးရွာငါးရွာက ပြည်သူများတိမ်းရှောင်

Dawei Watch

October 20, 2025

စစ်အာဏာရှင်တပ်က စစ်ကြောင်းထိုးလာသဖြင့် တနင်္သာရီမြို့နယ်ရှိ ကျေးရွာ ငါးရွာက ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ အောက်တိုဘာလ ၂၀ရက် နံနက်တွင် စစ်အာဏာရှင်တပ်သားများသည် တနင်္သာရီမြို့နယ် ဇဝဲကျေးရွာမှ ဖာနီရွာသို့ စစ်ကြောင်းထိုးလာသဖြင့် ဖာနီကျေးရွာနှင့် အနီးဝန်းကျင်ရှိ ကျေးရွာငါးရွာက ပြည်သူများ ထွက်ပြေးတိမ်းရှောင် နေရကြောင်း ‌ဒေသခံအချို့က ပြောသည်။ စစ်အာဏာရှင်တပ်သား ၃၀ ဝန်းကျင်သည် ဇဝဲကျေးရွာမှ ဖာနီရွာဘက်သို့ ခြေလျင်စစ်ကြောင်းထိုးလာခြင်း ဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “စစ်ကြောင်းက လမ်းမကြီးအတိုင်း ခြေလျင်တက်လာကြတယ်။ ရွာသားတွေ ပြေးတဲ့သူလည်း ပြေးကုန်ပြီ။ ကျန်နေသူ အချို့လည်း ရှိသေးတယ်” ဟု အထက်ပါ ဒေသခံက ပြောဆိုသည်။ စစ်ကြောင်းထိုးလာသဖြင့် ဖာနီရွာ၊ ရေခမ်းချောင်းရွာ၊ လေးမိုင်နှင့် အနီးဝန်းကျင်ရှိ ကျေးရွာများက ရွာသားများ […]

လောင်းလုံးတွင် စစ်ကြောင်းဝင်နေ၍‌ ကျေးရွာငါးရွာ နေရပ်စွန့်ခွာထွက်ပြေး

Dawei Watch

October 20, 2025

လောင်းလုံးမြို့နယ်၊ ကျောက်ဆင်ကျေးရွာအုပ်စုသို့ စစ်အာဏာရှင်တပ် စစ်ကြောင်းဝင်ရောက်နေ၍ ကျေးရွာငါးရွာမှ ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင် နေကြရကြောင်း သိရသည်။ စစ်အာဏာရှင်တပ်စစ်ကြောင်းသည် အောက်တိုဘာလ ၁၉ ရက်နေ့ နံနက်ပိုင်းမှစ၍ ကျောက်ဆင်ကျေးရွာ၏ အနောက်ဘက်ပင်လယ်ပြင်မှ စစ်သင်္ဘောဖြင့် ရောက်ရှိလာခဲ့ခြင်းဖြစ်ကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ “သူတို့ သင်္ဘောနဲ့လာပြီး ကမ်းကိုငါးဖမ်းလှေနဲ့ ဝင်လာတယ်။ ကျောက်ဆင်မှာ တစ်ညအိပ်ပြီး ခုမနက်သဘော့ဆိပ်ဖက် ထွက်သွားပြီ”ဟု ယင်းအမျိုးသားက ပြောသည်။ ထိုစစ်ကြောင်းသည်အင်အား ၁၀၀ ကျော်ခန့်ရှိပြီး ယနေ့ အောက်တိုဘာလ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် ကျောက်ဆင်ကျေးရွာနှင့် တစ်ဆက်တည်းရှိသော သဘော့ဆိပ်ကျေးရွာသို့ ဆက်လက်ထွက်ခွာသွားကြောင်း သိရသည်။ စစ်ကြောင်းနှင့်လမ်းတွင်ဆုံသည့် သဘောဆိပ် ကျေးရွာဒေသခံအချို့ကိုလည်း ဖမ်းဆီးသွားကြောင်း သဘော့ဆိပ်‌ကျေးရွာမှ အမျိုးသမီးတစ်ဦးကပြောသည်။ “ဖမ်းထားတယ်ဆိုတာပဲသိတယ် ၊ဘယ်လောက်ဖမ်းထားတယ်ဆိုတာ မသိရသေးဘူး။ ရွာကိုလည်းဖုန်းဆက်မရတော့ဘူး “ဟု ယင်းအမျိုးသမီးက […]

ဟောင်ကောင်တွင် ကုန်တင်လေယာဉ် ပြေးလမ်းချော်ပြီး ဝန်ထမ်းနှစ်ဦးသေဆုံး

Dawei Watch

October 20, 2025

ဒူဘိုင်းမှ ပျံသန်းလာသည့် ကုန်တင်လေယာဉ်တစ်စင်း ဟောင်ကောင်လေဆိပ်တွင် ယနေ့ အောက်တိုဘာလ ၂၀ ရက် နံနက်အစောပိုင်း၌ ဆင်းသက်စဉ် ပြေးလမ်းမှ ချော်ထွက်ကာ မတော်တဆမှု ဖြစ်ပွားခဲ့ပြီး လေဆိပ်လုံခြုံရေးဝန်ထမ်းနှစ်ဦး သေဆုံးခဲ့သည်။ အဆိုပါ ဘိုးအင်း ၇၄၇ ကုန်တင်လေယာဉ်သည် လုံခြုံရေးကင်းလှည့်ယာဉ်ကို ဝင်တိုက်မိကာ လေယာဉ်ရော လုံခြုံရေးကင်းလှည့်ယာဉ်ပါ ပင်လယ်ထဲ ပြုတ်ကျခဲ့ပြီး လေဆိပ်လုံခြုံရေးဝန်ထမ်းနှစ်ဦး သေဆုံးခဲ့ရကြောင်း အာဏာပိုင်များက ဆိုသည်။ ယင်းမှာ ၂၅ နှစ်ကျော်ကာလအတွင်း ဟောင်ကောင်တွင် အဆိုးရွားဆုံး လေယာဉ်မတော်တဆမှုတစ်ခု ဖြစ်သည်။ လေယာဉ်ပေါ်ရှိ လေယာဉ်ဝန်ထမ်းလေးယောက်စလုံးမှာ အသက်ဘေးမှ လွတ်မြောက်နိုင်ခဲ့သော်လည်း လေဆိပ်လုံခြုံရေးဝန်ထမ်းနှစ်ဦးမှာ ရေထဲမှာ ဆယ်ယူလိုက်စဉ်ကတည်းက အသက်မရှူတော့ကြောင်း နိုင်ငံတကာသတင်းများတွင် ဖော်ပြသည်။ လေဆိပ်ဝန်ထမ်းတစ်ဦးမှာ အခင်းဖြစ်ပွားရာနေရာတွင်ပင် သေဆုံးကြောင်း အတည်ပြုခဲ့ပြီး နောက်တစ်ဦးမှာ ဆေးရုံ၌ သေဆုံးခဲ့သည်။ မတော်တဆဖြစ်ပွားခဲ့သည့် […]

လေကြောင်း တိုက်ခိုက်ပြီးနောက် ဂါဇာတွင် အပစ်ရပ်ရေး ပြန်စနေပြီဟု အစ္စရေး ပြော

Dawei Watch

October 20, 2025

ဂါဇာတွင် အောက်တိုဘာလ ၁၉ ရက်က လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီးနောက်တွင် အပစ်ရပ်သဘောတူညီချက်ကို ပြန်လည် စတင်အကောင်အထည်ဖော်နေပြီဟု အစ္စရေးက ဆိုသည်။ အစ္စရေးက တနင်္ဂနွေနေ့တွင် ဂါဇာ၌ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီးနောက် ယင်းသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။ အပစ်ရပ်သဘောတူညီချက်ကို ဟားမတ်စ်အဖွဲ့က ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခဲ့သည်ဟု စွပ်စွဲကာ ဂါဇာသို့ အကူအညီများ ပေးပို့မှုကို ရပ်ဆိုင်းကြောင်း အစ္စရေးဘက်က ကြေညာပြီးနောက်တွင် ယင်းသို့ လေကြောင်း တိုက်ခိုက်မှု လုပ်ဆောင်ခဲ့သည်။ အစ္စရေး၏ အဆိုပါ တိုက်ခိုက်မှုများကြောင့် ဂါဇာတွင် လူပေါင်း ၄၄ ဦး သေဆုံးခဲ့ရကြောင်း BBC သတင်းတွင် ဖော်ပြသည်။ တနင်္ဂနွေနေ့က ဂါဇာတောင်ပိုင်းရှိ ရာဖာမြို့တွင် ၎င်းတို့၏ တပ်ဖွဲ့ဝင်များကို အကြမ်းဖက်သမားများက လက်နက်ငယ်၊ တင့်ကား ဖျက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် […]

ချွန်ဘူရီတွင် အလုပ်ရှာခ ဘတ်တစ်သောင်းကျော်ပေးပြီး အလုပ်ဝင်သည့် မြန်မာ ၁၅၀ အလုပ်ရပ်နားခံရ

Dawei Watch

October 20, 2025

ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်ရှိ စက်ရုံတွင် အလုပ်လုပ်နေသော မြန်မာအလုပ်သမား ၁၅၀ ဦးသည် အလုပ်စမတ်ကြေး (အလုပ်ရှာဖွေခ) ဘတ်တစ်သောင်းကျော်ပေး၍ အလုပ်ဝင်ထားသော်လည်း အလုပ်ရပ်နားခံရကြောင်း ၎င်းတို့ကို ကူညီဆောင်ရွက်ပေးနေသော WAG အဖွဲ့ထံမှ သိရသည်။ ပြီးခဲ့သော ဧပြီလနောက်ဆုံးအပတ်က မြန်မာအလုပ်သမား ၁၅၀ ဦးသည် စီရချာဒေသရှိ ရေပူရေအေးခွက်စက်ရုံတွင် အလုပ်စမတ်ကြေး ဘတ် ၈၀၀၀ နှင့် အလုပ်ရှင်ပြောင်းခ ဘတ် ၄၅၀၀ ပေး၍ ဘတ်ငါးသန်းကုမ္ပဏီအကျိုးဆောင်မှတစ်ဆင့် အလုပ်ဝင်ထားကြကြောင်း အဆိုပါအဖွဲ့ထံမှ သိရသည်။ အလုပ်စမတ်ကြေးဆိုသည်မှာ အလုပ်သမားများက အကျိုးဆောင်များကတစ်ဆင့် အလုပ်ရှာဖွေသည့်အခါ ပေးရသည့် အခကြေးငွေ ဖြစ်သည်။ အလုပ်ဝင်ပြီးနောက် စက်တင်ဘာလနှင့် အောက်တိုဘာလအတွက် လုပ်အားခများကို အလုပ်ရှင်က မြန်မာအလုပ်သမားများကို မထုတ်ပေးတော့ကြောင်း ဆိုသည်။ အလုပ်ရှင်က လုပ်အားခများကို ထုတ်ပေးမည်ဟု ကတိပေးထားသော […]

ထိုင်း-မြန်မာနယ်စပ်လမ်းရှိ သိန်ခွန်းရွာတွင် ငါးရက်ဆက်တိုက်ပွဲဖြစ်

Dawei Watch

October 20, 2025

ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးလမ်းရှိ တနင်္သာရီမြို့နယ် သိန်ခွန်းကျေးရွာကို စစ်အာဏာရှင်တပ်က အင်အားဖြည့်တင်းပြီးနောက် စစ်ကြောင်းထိုးလာသဖြင့် ငါးရက်ဆက်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း တော်လှန်တပ်များနှင့် နီးစပ်သူများထံမှ သိရသည်။ သိန်ခွန်းရွာဝန်းကျင်ကို စစ်အာဏာရှင်တပ်က အင်အားငါးရာနီးပါးဖြင့် စစ်ကြောင်းလေးကြောင်းခွဲကာ စစ်ကြောင်းထိုးလာသဖြင့် တော်လှန်ရေးတပ်များနှင့် အောက်တိုဘာလ ၁၄ ရက်မှ ၁၈ ရက်နေ့ အထိ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း တော်လှန်‌ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။ “တိုက်ပွဲက နေ့တိုင်းကြမ်းနေတယ်။ ရန်သူအင်အား ငါးရာဝန်းကျင်နဲ့ ထိုးစစ်ဆင်လာတယ်” ဟု အထက်ပါ တော်လှန်ရေးတပ်ဖွဲ့ဝင်က ပြောသည်။ စစ်အာဏာရှင်တပ်၏ အမှတ် ၄၃၁ ခြေမြန်တပ်ရင်း၊အမှတ် ၂၈၀ ခြေလျင်တပ်ရင်း၊ အမှတ် ၁၀၃ ခြေလျင်တပ်ရင်း၊ အမှတ် ၂၆၇ ခြေလျင်တပ်ရင်း ၊အမှတ် ၂၆၅‌ ခြေလျင်တပ်ရင်းနှင့် အမှတ် ၁၀၁ ခြေလျင်တပ်ရင်းတို့ ပူးပေါင်း၍ ထိုးစစ်ဆင်နေကြောင်း […]