တောင်ကိုရီးယားက ကမ္ဘောဒီးယားဒေသအချို့ကို အမည်းရောင်အဆင့် ခရီးသွားလာမှုတားမြစ်မိန့် ထုတ်ပြန်
Dawei Watch
October 17, 2025တောင်ကိုရီးယားအစိုးရက ၎င်းတို့ နိုင်ငံသားများအတွက် ကမ္ဘောဒီးယားရှိ ဒေသအချို့ကို မသွားရောက်ရန် အမည်းရောင်အဆင့် ခရီးသွားလာမှုတားမြစ်မိန့်ကို အောက်တိုဘာလ ၁၅ ရက်နေ့က ထုတ်ပြန်လိုက်သည်။ လုပ်ခလစာ အများအပြားရရှိမည်ဟုဆိုကာ လိမ်လည်လှည့်ဖျား၍ ကမ္ဘောဒီးယားရှိ အွန်လိုင်းငွေလိမ်စင်တာတစ်ခုတွင် အလုပ်ခိုင်းစေခံရသော တောင်ကိုရီးယားကျောင်းသားမှာ ညှင်းပန်းနှိပ်စက်ခံရကာ သေဆုံးခဲ့ရသည့် ဖြစ်စဉ် မကြာသေးမီက ပေါ်ထွက်လာခဲ့ပြီးနောက်တွင် တောင်ကိုရီးယားအစိုးရ၏ အဆိုပါ ခရီးသွားလာမှုတားမြစ်မိန့် ထွက်ပေါ်လာခြင်း ဖြစ်သည်။ အဆိုပါ ကျောင်းသားသေဆုံးမှုနှင့် ဆက်စပ်ပြီး တောင်ကိုရီးယားနိုင်ငံသားများကိုကမ္ဘောဒီးယားရှိ အွန်လိုင်းငွေလိမ်စင်တာများက ဖမ်းဆီးထိန်းသိမ်းထားမှုနှင့် ပတ်သက်၍ အရေးယူဆောင်ရွက်ပေးရန် ကမ္ဘောဒီးယားအစိုးရအား တောင်ကိုရီးယားအစိုးရက ပြီးခဲ့သည့် အပတ်တွင် တိုက်တွန်းခဲ့သည်။ လိမ်လည်လှည့်ဖျားခေါ်ဆောင်ခံရပြီး ကမ္ဘောဒီးယားရှိ အွန်လိုင်းငွေလိမ်စင်တာများတွင် အလုပ်လုပ်ကိုင်နေရသည့် တောင်ကိုရီးယားနိုင်ငံသားများ ပြန်လွတ်မြောက်လာရေး ဆောင်ရွက်ရန် ထိပ်တန်းအရာရှိအဖွဲ့တစ်ဖွဲ့ကိုလည်း တောင်ကိုရီးယားအစိုးရက ကမ္ဘောဒီးယားသို့ စေလွှတ်လိုက်သည်။ အဆိုပါ အဖွဲ့ကို […]


