ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ပုစွန်ဖမ်းဆီးရရှိမှုနည်းလာ၍ ပုစွန်ခြောက်ဈေးတက်

Dawei Watch

October 16, 2025

ပုစွန်ခြောက်ပြုလုပ်ရာတွင် အသုံးပြုသည့် ရေငန်ပုစွန် ဖမ်းဆီးရရှိမှုနည်းလာသည့်အတွက် ‌ပုစွန်ခြောက်ဈေး အနည်းငယ်တက်လာ‌ကြောင်း ကျွန်းစုမြို့နယ်နေ ပင်လယ်ရေလုပ်သားအချို့နှင့် ရေထွက်ပစ္စည်းရောင်းဝယ်‌ရေး ကုန်သည်အချို့ထံမှ သိရသည်။ ယခုနှစ်တွင် ပင်လယ်အတွင်း ပုစွန်ရှားပါးလာကာ ဖမ်းဆီးရရှိမှုနည်းလာခြင်းဖြစ်ကြောင်း ကျွန်းစုမြို့နယ်နေ ရေလုပ်သားအချို့ကဆိုသည်။ ယခင်နှစ်က ပုစွန်ဖမ်းလှေငယ်များဖြင့်ဖမ်းဆီးပါက ပျမ်းမျှအားဖြင့် ပါကင်ခြင်း ၃ ခြင်းခန့်ဖမ်းဆီးရရှိရာက လက်ရှိတွင် တစ်ခြင်းသာဖမ်းမိတော့ကြောင်း ကျွန်းစုမှ ‌ပင်လယ်ရေလုပ်သားတစ်ဦးက ပြောသည်။ “ရှားလာတယ်ဆိုတာက သူတို့မှာသားပေါက်တဲ့ကာလတွေရှိတယ်။အဲဒီလိုအချိန်တွေမှာ ဖမ်းရင် ဖမ်းဆီးရမိတာ နည်းတယ်။မုန်တိုင်းအရှိန်ကြောင့် မိုးသက်(ကြီး)ရွာတယ်။ လှိုင်းလေတွေကြောင့်လည်း ပါတယ်”ဟု ၎င်းက ဆိုသည်။ ထို့အပြင် မုန်တိုင်းအရှိန်ကြောင့် မိုးအဆက်မပြတ်ရွာသွန်းနေသည့်အတွက် ပုစွန်‌ကိုနေလှန်းချိန်တွင်လည်း အခက်အခဲကြုံရကြောင်း အထက်ပါရေလုပ်သားကဆိုသည်။ ၂၀၂၅ ခုနှစ်အစောပိုင်းက ‌ပုစွန်ခြောက်အမျိုးအစားအပေါ် မူတည်ကာ တစ်ပိဿာလျှင် ကျပ်ငါးသောင်းမှ ကျပ်တစ်သိန်း ကြားရှိရာက လက်ရှိတွင် ပုစွန်ခြောက်ရှယ်ကြီးသန့် တစ်ပိဿာလျှင် […]

အပစ်ရပ်သဘောတူညီချက်ကို မလေးစားလျှင် တိုက်ခိုက်မှု ပြန်စမည်ဟု အစ္စရေး ခြိမ်းခြောက်

Dawei Watch

October 16, 2025

ဂါဇာစစ်ပွဲကို ရပ်တန့်စေခဲ့သည့် အမေရိကန်ကျောထောက်နောက်ခံပြု အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ပါ စည်းကမ်းချက်များကို ဟားမတ်စ်က လိုက်နာခြင်းမရှိပါက တိုက်ခိုက်မှုများကို ပြန်လည်စတင်မည်ဟု အစ္စရေးကာကွယ်ရေးဝန်ကြီးက အောက်တိုဘာလ ၁၅ ရက်တွင် ခြိမ်းခြောက်ပြောဆိုခဲ့သည်။ ကာကွယ်ရေးဝန်ကြီးရုံး၏ အဆိုပါ ထုတ်ပြန်ချက်သည် သေဆုံးသွားသော အစ္စရေးဓားစာခံနှစ်ဦး၏ ရုပ်အလောင်းများကို ဟားမတ်စ်က ထပ်မံလွှဲပြောင်းပေးအပ်ပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။ ဂါဇာမြို့အပျက်အစီးများကြားမှ နောက်ထပ်အလောင်းများကို အထူးကိရိယာများမပါဘဲ ထပ်မံရှာဖွေထုတ်ယူနိုင်မည် မဟုတ်ကြောင်း ဟားမတ်စ်ကပြောဆိုလိုက်ပြီး ယခုလွှဲပြောင်းသည့် အလောင်းနှစ်လောင်းမှာ အစ္စရေးဘက်သို့ လွှဲပြောင်းပေးမည့် နောက်ဆုံး ဓားစာခံများဖြစ်မည်ဟုလည်း ပြောကြားလိုက်သည်။ “ဟားမတ်စ်ဘက်က အပစ်ရပ်သဘောတူညီချက်ကို လိုက်နာဖို့ ငြင်းဆန်ရင် အစ္စရေးက အမေရိကန်ပြည်ထောင်စုနဲ့ ပူးပေါင်းပြီး တိုက်ခိုက်မှုတွေကို ပြန်စတင်ပါမယ်။ ဂါဇာက မြေပြင်အခြေအနေကို ပြောင်းလဲပစ်ပါမယ်။ စစ်ပွဲရဲ့ ရည်မှန်းချက်အားလုံးကို အကောင်အထည်ဖော် ဆောင်ရွက်သွားမယ်” ဟု အဆိုပါ […]

တနင်္သာရီ ဘန်းလမွတ်ရွာကို စစ်အာဏာရှင်တပ်က လက်နက်ကြီးဖြင့်ပစ်၍ အမျိုးသမီးနှစ်ဦးနှင့် ကလေးတစ်ဦး ဒဏ်ရာရ

Dawei Watch

October 15, 2025

တနင်္သာရီမြို့နယ်၊ ဘန်းလမွတ်ကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်အာဏာရှင်တပ်၏ အမှတ် ၃၀၆ အမြောက်တပ်ရင်းက လက်နက်ကြီးဖြင့် ပစ်ခတ်၍ အမျိုးသမီးကြီးနှစ်ဦးနှင့် ကလေးတစ်ဦး ဒဏ်ရာရသွားကြောင်း ဒေသခံများနှင့် မိသားစုနှင့် နီးစပ်သူအချို့ထံမှ သိရသည်။ အောက်တိုဘာလ ၁၄ ရက် ညနေ ၄ နာရီဝန်းကျင်တွင် မော်တုန်းရွာအခြေစိုက် အမှတ် ၃၀၆ အမြောက်တပ်ရင်းက ၁၂၀ မမ လက်နက်ကြီးနှစ်လုံးပစ်ခတ်ရာ ဘန်းဘမွတ်ရွာအတွင်း ကျရောက်ပေါက်ကွဲပြီး နေအိမ်အတွင်းရှိသူ ၃ ဦးဒဏ်ရာရသွားကြောင်း မိသားစုနှင့်နီးစပ်သူတစ်ဦးက ဆိုသည်။ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၈၀ ဝန်းကျင်အရွယ် အမျိုးသမီးကြီးတစ်ဦး၏ လက်တွင် လက်နက်ကြီး အစထိမှန်ဒဏ်ရာရသွားပြီး ဒဏ်ရာပြင်းထန်သဖြင့် တနင်္သာရီမြို့ရှိ ဆေးရုံသို့ ပို့ဆောင်ထားကြောင်း ၎င်းက ပြောသည်။ “လက်နက်ကြီးက အိမ်နှစ်အိမ်ကြားမှာကျတယ်။ နှစ်အိမ်မှာ သုံးယောက်ထိသွားတယ်။အဘွားအိုနဲ့ ကလေးတစ်ယောက်ထိတယ်။ […]

ထားဝယ်မြို့ပေါ်တွင် သုံးရက်အတွင်းအမျိုးသားနှစ်ဦး သ-တ်သေ

Dawei Watch

October 15, 2025

ထားဝယ်မြို့ပေါ်တွင် သုံးရက်အတွင်းအမျိုးသား နှစ်ဦးအထိကိုယ့်ကိုယ်ကို သတ်သေမှုဖြစ်ပွားခဲ့ကြောင်း မြို့ခံအချို့ထံမှသိရသည်။ ထားဝယ်မြို့ ဘုမ္မော်ရပ်ကွက်ရှိ ရပ်တော်မူဘုရားအနောက်လမ်းတွင် အောက်တိုဘာလ ၁၅ ရက် ယနေ့ နံနက်ပိုင်းက အမျိုးသားတစ်ဦး နေအိမ် ရေချိုးခန်းအတွင်း ကိုယ့်ကိုယ်ကို ကြိုဆွဲချသတ်သေခဲ့ကြောင်း မြို့ခံများထံမှသိရှိရသည်။ သေဆုံးသူမှာအသက် ၇၀ ဝန်းကျင်အရွယ်ရှိ ဦးတင်စိန်ဆိုသူဖြစ်ပြီး ယနေ့ နံနက်ပိုင်းက ဇနီးဖြစ်သူကို ဆန်ပြုတ် သွားဝယ်ခိုင်းရာမှ ဇနီးဖြစ်သူပြန်လာချိန်တွင် ၎င်း၏နေအိမ်၌ ကြိုးဆွဲချ သေဆုံးနေခြင်းဖြစ်သည်ဟု မြို့ခံကပြောသည်။ ပြီးခဲ့သည့် အောက်တိုဘာလ ၁၃ ရက်နေ့ ညကလည်း ထားဝယ်မြို့ ညောင်းရမ်းတောင်ရပ်ကွက်ရှိ ဘုန်းကြီး ကျောင်း တစ်ကျောင်း၌ ကျောင်းဆောင် နှစ်ဆောင်ကူးသည့် စင်္ကြန်လမ်းပေါ်မှ အမျိုးသားတစ်ဦး ခုန်ချသတ်သေခဲ့ကြောင်း မြို့ခံများ၏ ပြောဆိုချက်အရသိရှိရသည်။ ခုန်ချသတ်သေခဲ့သူအမျိုးသားမှာ ရန်ကုန်မြို့ ဒဂုံမြို့သစ်ဆိပ်ကမ်း ဇာတိဖြစ်သူ အသက်၃၀ […]

အိန္ဒိယ-မြန်မာ-ထိုင်း (IMT) အမြန်လမ်းမကြီး မကြာမီပြီးရန် အိန္ဒိယမျှော်လင့်

Dawei Watch

October 15, 2025

မြန်မာနိုင်ငံရှိ မတည်ငြိမ်မှုများကြောင့် ကြန့်ကြာနေသော အိန္ဒိယ-မြန်မာ-ထိုင်း (IMT) သုံးနိုင်ငံဆက်အမြန်လမ်းမကြီးကိုလာမည့် နှစ်နှစ်မှ သုံးနှစ်အတွင်း အပြီးသတ်နိုင်မည်ဟု မျှော်လင့်ကြောင်း အိန္ဒိယနိုင်ငံ ၊ အရှေ့မြောက်ပိုင်းဒေသ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန (DoNER) က ပြောကြားလိုက်သည်။ မကြာသေးမီက အရှေ့တောင်အာရှ သတင်းထောက်အဖွဲ့တစ်ဖွဲ့၏ အိန္ဒိယသို့ လေ့လာရေးခရီးစဉ်အတွင်း အိန္ဒိယနိုင်ငံ ၊ အရှေ့မြောက်ပိုင်းဒေသ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန (DoNER) က အိန္ဒိယအရှေ့မြောက်ပိုင်းရှိ ၎င်းတို့၏ ဖွံ့ဖြိုးရေးစီမံကိန်းများကို ပြသခဲ့ကာ ဒေသတွင်း ချိတ်ဆက်မှုကို မြှင့်တင်ရန် အိန္ဒိယအစိုးရ၏ ကတိကဝတ်ကို အလေးပေးဖော်ပြခဲ့သည်။ ယင်းသို့ တွေ့ဆုံစဉ် အိန္ဒိယနိုင်ငံ ၊ အရှေ့မြောက်ပိုင်းဒေသ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန (DoNER) ၏ အတွင်းဝန် မစ္စတာချန်ချယ်လ်ကူးမားက မြန်မာနိုင်ငံရှိ နိုင်ငံရေး မတည်မငြိမ်မှုများကြောင့် ကြန့်ကြာနေသော IMT လမ်းမကြီးဖောက်လုပ်ရေးနှင့် ပတ်သက်သည့် […]

ရေဖြူ ရလိုင်ရွာကို စစ်အာဏာရှင်တပ် သေနတ်ပစ်ခတ်ဝင်လာ၍ ရွာသားများထွက်ပြေး

Dawei Watch

October 15, 2025

ထားဝယ်အထူးစီးပွားရေးဇုန်ဒေသရှိ ရလိုင်ကျေးရွာသို့ စစ်အာဏာရှင်တပ်စစ်ကြောင်းက အောက်တိုဘာလ ၁၄ ရက် ညနေပိုင်းတွင် သေနတ်ပစ်ခတ်ဝင်ရောက်လာသောကြောင့် ရွာသူရွာသားများ ကြောက်လန့်ထွက်ပြေးခဲ့ကြရကြောင်း ဒေသခံများက ပြောသည်။ ထိုစစ်ကြောင်းသည် အောက်တိုဘာလ ၁၄ ရက် နံနက်စောစောပိုင်းတွင် မူးဒူးရွာမှ ထွက်ခွာပြီး မွန်းလွဲပိုင်းတွင် ရလိုင်ရွာအနီးသို့ စတင်ရောက်ရှိလာခဲ့ကြောင်း ဒေသခံများက ဆိုသည်။ ယင်းနောက် ညနေ ၄နာရီခန့်တွင် ရလိုင်ကျေးရွာအတွင်းသို့ သေနတ်ပစ်ခတ်၍ ဝင်ရောက်လာခြင်းဖြစ်ကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောဆိုသည်။ “သူတို့ဝင်လာလို့ဆိုပြီး လူတွေ ရုန်းရင်းဆန်ခတ်ဖြစ်နေချိန် ပစ်တာ၊ ခြောက်ပစ်တယ်လို့ ထင်တာပဲ။ လူတွေ ထိခိုက်တာမျိုးတော့ မရှိဘူး” ဟု ၎င်းက ပြောသည်။ ယင်းစစ်ကြောင်းသည် အင်အား တစ်ရာခန့်ရှိပြီး အောက်တိုဘာလ ၁၀ ရက် ညနေပိုင်းကစ၍ မူးဒူးကျေးရွာ ဘုန်းကြီးကျောင်း၌ လေးရက်ကြာတပ်စွဲပြီးနောက် ရလိုင်ကျေးရွာသို့ […]

ဘန်ကောက်တွင် လျှပ်စစ်စီးကရက် ရောင်းချနေသည်ဆိုသော မြန်မာ ၁ ဦး ဖမ်းဆီးခံရ

Dawei Watch

October 15, 2025

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ စူကူဗစ်နယ်မြေတွင် ဆိုင်ကယ်စီးပြီး လျှပ်စစ်စီးကရက်များကို ရောင်းချနေသည်ဆိုသော စွပ်စွဲချက်ဖြင့် မြန်မာနိုင်ငံသားတစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ အောက်တိုဘာလ ၁၄ ရက်နေ့ညက စူကူဗစ် ၈ လမ်းအနီးရှိ ဖျော်ဖြေရေးနေရာတွင် ဆိုင်ကယ်စီးနေသော အသက် ၃၂ နှစ်အရွယ် ကိုဇင်မင်းထွန်းကို လူဖီနီရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ဖမ်းဆီးခံရစဉ် ၎င်းနှင့်အတူ ပြည်ပထုတ် အမျိုးအစားအစုံ လျှပ်စစ်စီးကရက် ၉၄ ခုကို တွေ့ရသဖြင့် သက်သေအနေဖြင့် ဖမ်းဆီးခဲ့ကြောင်း‌ သတင်းတွင်ဖော်ပြထားသည်။ ကိုဇင်မင်းထွန်းသည် စူကူဗစ်နယ်မြေတွင် ဦးထုပ်မဆောင်းဘဲ လမ်းပြောင်းပြန် ဆိုင်ကယ်မောင်းလာချိန် ရဲတပ်ဖွဲ့က တွေ့သဖြင့် ဖမ်းဆီးစစ်ဆေးခဲ့ကြောင်း၊ ဆိုင်ကယ်အတွင်း ရှာဖွေစဉ် လျှပ်စစ်စီးကရက်များစွာကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ လျှပ်စစ်စီးကရက်များကို အလုပ်ရှင်ထံမှ ယူလာခြင်းဖြစ်ပြီး စူကူဗစ်နယ်မြေတဝိုက်တွင် တစ်လုံးလျှင် ဘတ် […]

ထားဝယ်တွင် စစ်အာဏာရှင်တပ် လက်နက်ခဲယမ်းပို့စစ်ကြောင်းကို ဒူရကစစ်ကြောင်း တိုက်ခိုက်

Dawei Watch

October 15, 2025

ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ရွာတွင် အောက်တိုဘာလ ၁၃ရက် နံနက်ပိုင်းက အင်အားတစ်ရာခန့်ပါ စစ်အာဏာရှင် တပ် စစ်ကြောင်းကို ဒူရကစစ်ကြောင်းက တိုက်ခိုက်ကြောင်း တော်လှန်ရေးအင်အားစုများနှင့် ဒေသခံများထံမှ သိရသည်။ စစ်အာဏာရှင်တပ် စစ်ကြောင်းသည် ထားဝယ်မြို့နယ်၊ ဇဟာရွာအခြေစိုက် အမှတ် ၃၀၂ အမြောက်တပ်မှ ရေဖြူမြို့ဘက် သို့ ဦးတည်ကာ လက်နက်ခဲယမ်းပို့ရန် ထွက်လာသည့် စစ်ကြောင်းဖြစ်ကြောင်း တော်လှန်ရေး အင်အားစုများက ပြောသည်။ ယင်းစစ်ကြောင်းကို ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော်၏ ဒူရကစစ်ကြောင်းက တိုက်ခိုက်ခဲ့ကြောင်း အောက်တိုဘာလ ၁၄ ရက်တွင် ရုပ်သံမှတ်တမ်းနှင့်တကွ သတင်းထုတ်ပြန်ထားသည်။ ရုပ်သံမှတ်တမ်းတွင် ပြည်ထောင်စုကားလမ်းမပေါ်၌ ခြေလျင်လမ်းလျှောက်နေသည့် စစ်အာဏာရှင်တပ်သားများကို တော်လှန်ရေးရဲဘော်များက သေနတ်ဖြင့် ပစ်ခတ်နေသည်ကို တွေ့ရသည်။ တိုက်ခိုက်ခံရမှုကြောင့် စစ်အာဏာရှင်တပ်ဘက်က ငါးဦးသေဆုံးကာ ဒူရကစစ်ကြောင်းဘက်က အထိအခိုက် မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။ […]