ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ဖူးခက်တွင် ဆိုင်ကယ်ခိုးမှုဖြင့် မြန်မာတစ်ဦး ဖမ်းဆီးခံရ

Dawei Watch

October 15, 2025

ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်မြို့တွင် ဆိုင်ကယ်ခိုးယူသည်ဆိုပြီး မြန်မာနိုင်ငံသားတစ်ဦး ဖမ်းဆီးခံရကြောင်း ဖူးခက်သတင်းဌာနတွင် ဖော်ပြသည်။ အောက်တိုဘာလ ၁၃ ရက် ညနေ ၆ နာရီက ဖူးခက်မြို့၊ ပါတွန်ဒေသ အလုပ်သမားတန်းလျားတွင် အသက် ၂၂ နှစ်အရွယ် ကိုရွှေထွန်းကို ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ပျောက်ဆုံးနေသော Honda Click ဆိုင်ကယ်တစ်စီးကိုလည်း ၎င်းနှင့်အတူ တွေ့ရှိခဲ့သဖြင့် သက်သေအနေဖြင့် သိမ်းဆည်းခဲ့ကြောင်း ဆိုသည်။ အောက်တိုဘာလ ၁၀ ရက်က ထိုင်းနိုင်ငံသားတစ်ဦးသည် အခန်းရှေ့တွင် ဆိုင်ကယ်ရပ်ထားစဉ် ပျောက်ဆုံးသွားသဖြင့် ရဲတပ်ဖွဲ့ထံ တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း သတင်းတွင် ဖော်ပြသည်။ ရဲတပ်ဖွဲ့က အနီးရှိ CCTV မှတ်တမ်းများမှတစ်ဆင့် ခြေရာခံ စုံစမ်းစစ်ဆေးရာမှ မြန်မာနိုင်ငံသားကို ဖမ်းဆီးနိုင်ခဲ့ကြောင်း ဖော်ပြသည်။ ဖမ်းဆီးခံရသော မြန်မာနိုင်ငံသားသည် တရားဝင် နေထိုင်ခွင့် […]

ရေးမြို့နယ်အတွင်း တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး၊ စစ်အာဏာရှင်တပ် အထိနာနေဟုဆို

Dawei Watch

October 15, 2025

မွန်ပြည်နယ်၊ ရေးမြို့နယ်မြောက်ပိုင်း အမှတ် (၈) ပြည်ထောင်စုလမ်းမတစ်လျှောက် အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲ ဆက်လက်ပြင်းထန်နေကြောင်း မြေပြင်တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။ ရေးမြို့နယ်မြောက်ပိုင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ စိုးမိုးထားသည့် အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးကို ခန့်မှန်းအင်အား ၄၀၀ နှင့် ၅၀၀ ကြားရှိ စစ်အာဏာရှင်တပ်ဖွဲ့ဝင်များက စစ်ကြောင်းသုံးကြောင်းဖြင့် ရေးမြို့မှ သံဖြူဇရပ်မြို့နယ်အစပ်အထိ စစ်ကြောင်းထိုးနေသည်။ ထိန်းချုပ်နယ်မြေဒေသအတွင်း စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်အာဏာရှင်တပ်ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်လျက်ရှိပြီး အောက်တိုဘာလ ၁၀ ရက်နေ့ကစပြီး နေ့စဉ် ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေခြင်းဖြစ်သည်။ “သူတို့ (စစ်အာဏာရှင်တပ်) မဆုတ်သေးဘူး။ သံဖြူဇရပ်တောင်းပိုင်း အေးကမ္ဘာရွာအထိကို ထိုးမယ်လို့ သိရပါတယ်။ ကျွန်တော်တို့ တပ်ပေါင်းစုကတော့ ပြောက်ကျားနည်းနဲ့ တိုက်ခိုက်သွားမှာပါ။ သူတို့ မဆုတ်သေးတော့ […]

သမ္မတ ထွက်ပြေးသွားသည့် မဒါဂတ်စကားတွင် စစ်တပ်က နိုင်ငံ့အာဏာကို ထိန်းချုပ်

Dawei Watch

October 15, 2025

မဒါဂတ်စကားနိုင်ငံတွင် Gen Z လူငယ်ဆန္ဒပြသူများ ဦးဆောင်သည့် လူထုအုံကြွဆန္ဒပြမှုများကြောင့် သမ္မတဖြစ်သူ နိုင်ငံမှ ထွက်ပြေးသွားခဲ့ပြီးနောက် နိုင်ငံ့အာဏာကို စစ်တပ်က ထိန်းချုပ်ထားလိုက်ပြီ ဖြစ်သည်။ “ကျွန်တော်တို့ အာဏာကို ရယူလိုက်ပါပြီ” ဟု နိုင်ငံအတွင်း အာဏာအရှိဆုံး အထူးတပ်ဖွဲ့ဖြစ်သည့် CAPSAT ၏ အကြီးအကဲဖြစ်သူ ဗိုလ်မှူးကြီးမိုက်ကယ်ရန်ဒရီယာနီရီနာက အစိုးရပိုင်ရေဒီယိုမှတစ်ဆင့် အောက်တိုဘာလ ၁၄ ရက်နေ့တွင် ကြေညာခဲ့သည်။ တနင်္ဂနွေနေ့တွင် နိုင်ငံမှ ထွက်ပြေးသွားခဲ့သည့် သမ္မတ အန်ဒရီ ရာဂျိုလီနာအား ရာထူးမှ ဖယ်ရှားရန် အမျိုးသားညီလာခံက မဲခွဲဆုံးဖြတ်လိုက်ပြီးနောက်တွင် စစ်တပ်က ယင်းသို့ ကြေညာလိုက်ခြင်း ဖြစ်သည်။ အင်္ဂါနေ့ နံနက်ပိုင်းတွင် သမ္မတရာဂျိုလီနာသည် ၎င်းအား ရာထူးမှ ဖယ်ရှားရန် မဲခွဲဆုံးဖြတ်မှုကို ဟန့်တားနိုင်ရေး အမျိုးသားညီလာခံကို ဖျက်သိမ်းရန် ကြိုးပမ်းခဲ့သည်။ စစ်တပ်၊ […]

ပလမြို့ မင်းပြင်ရွာက နေအိမ်များ ဆက်တိုက်မီးရှို့ခံရ

Dawei Watch

October 14, 2025

ပုလောမြို့နယ်၊ ပလမြို့၊ မင်းပြင်ရွာက အရပ်သားနေအိမ်များကို စစ်အာဏာရှင်တပ်စစ်ကြောင်းက ဆက်တိုက်မီးရှို့ ဖျက်ဆီးနေပြီး အောက်တိုဘာလ ၁၃ရက် ညပိုင်းတွင်လည်း ထပ်မံမီးရှို့ခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။ အောက်တိုဘာလ ၁၃ရက် ညပိုင်းက မီးရှို့ဖျက်ဆီးမှုတွင် နေအိမ်ငါးလုံး မီးလောင်ကျွမ်းပြီး နေအိမ်အချို့လည်း အနည်းငယ် မီးလောင်ခဲ့ကြောင်း ဒေသအခြေအနေကိုသိရှိသည့် စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက ဆိုသည်။ ပလမြို့ပေါ်နှင့် မင်းပြင်ရွာတွင် နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေသည်မှာ နှစ်လကျော်လာပြီဖြစ်သည်။ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခြင်း၊ စစ်အာဏာရှင်တပ် လေကြောင်းတိုက်ခိုက်ခြင်း၊‌ စစ်သင်္ဘောနှင့် ကြည်းတပ်တို့က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ နေအိမ်မီးရှို့ခြင်းများကြောင့် ပလမြို့ခံအချို့၊ မင်းပြင်ရွာနှင့် အနီးဝန်းကျင်ကျေးရွာက ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်။ စက်တင်ဘာလ ၂၈ရက်ကလည်း မင်းပြင်ရွာက နေအိမ်များ မီးရှို့ဖျက်ဆီးခံရပြီး အောက်တိုဘာ ၄ ရက်တွင် မင်းပြင်ရွာက နေအိမ် သုံးလုံး၊ အောက်တိုဘာလ ၆ […]

ထားဝယ်တွင် ဖမ်းဆီးစစ်မှုထမ်းစုဆောင်းခံရသူတစ်ဦး ညတွင်းချင်းသေဆုံး

Dawei Watch

October 14, 2025

ထားဝယ်မြို့၊ သင်္ဘောဆိပ်ရပ်ကွက်တွင် အောက်တိုဘာလ ဒုတိယအပတ်အတွင်း စစ်မှုထမ်းရန် နေအိမ်၌ ညဘက် ဖမ်းဆီးစုဆောင်းခံရသူ အမျိုးသားတစ်ဦး သေဆုံးသွားကာ အလောင်းလာရောက် ယူဆောင်ရန် မိသားစုထံ အကြောင်းကြားလာကြောင်း ယင်းရပ်ကွက်နေသူများထံမှ သိရသည်။ သေဆုံးသူသည် အသက် ၃၀ ဝန်းကျင်အရွယ် ကိုရန်နိုင်ဦးဖြစ်ကြောင်း ၎င်းတို့က ပြောသည်။ ညဘက် ဖမ်းဆီးသွားပြီး နောက်တစ်ရက် နံနက်ပိုင်းတွင် အလောင်းကို လာရောက်သယ်ဆောင်ရန် မိသားစုထံ အကြောင်းကြားလာခြင်းဖြစ်ကြောင်း ဖြစ်စဥ်အားသိရှိသည့် ရပ်ကွက်နေသူများက ဆိုသည်။ “သေသွားတဲ့ကောင်လေးက တက်တဲ့ရောဂါပုံစံလိုမျိုး ရောဂါအခံတစ်ခုရှိတယ်လို့ သိတယ်။ သေတာကတော့ ဘာကြောင့် သေတယ် မသိဘူး။ တချို့ကလည်း ရောဂါကြောင့်၊ တချို့ကလည်း ရိုက်တာရှိလို့ ပြောကြတယ်။ တိတိကျကျ မပြောနိုင်ကြဘူး” ဟု အဆိုပါရပ်ကွက်နေ အမျိုးသမီးတစ်ဦးက ပြောဆိုသည်။ သေဆုံးရသည့် အကြောင်းအရင်းနှင့်ပတ်သက်၍ […]

တနင်္သာရီ ဇဝဲကျေးရွာလမ်းဆုံကို စစ်အာဏာရှင်တပ်က ဖြတ်သန်းခွင့်ပိတ်

Dawei Watch

October 14, 2025

တနင်္သာရီမြို့နယ်၊ ဇဝဲကျေးရွာမှ တကူကျေးရွာအုပ်စုသို့ သွားနိုင်သည့် ဇဝဲလမ်းဆုံကို စစ်အာဏာရှင်တပ်က ဖြတ်သန်းခွင့် ပိတ်လိုက်သဖြင့် ဒေသခံများနှင့် ကျောင်းသားများ သွားလာရန်ခက်ခဲနေကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ အောက်တိုဘာလ ၁၄ရက် နံနက်တွင် ဇဝဲလမ်းဆုံကို စစ်အာဏာရှင်တပ်သားများက ကြိုတင်အသိမပေးဘဲ ပိတ်လိုက်ကြောင်း ဒေသခံများက ပြောသည်။ ထိုသို့ ဖြတ်သန်းခွင့်ပိတ်လိုက်သဖြင့် ဒေသခံများဈေးဝယ်ထွက်ရန် ခက်ခဲနေကြောင်း ‌ဒေသခံတစ်ဦးက ဆိုသည်။ “လမ်းကနေ အပြင်ထွက်သူကလည်း ထွက်မရဘူး။ အထဲဝင်သူကလည်း ရွာထဲဝင် မရဘူး။ ခြေ (လျင်) နဲ့လည်း ပေးမသွားဘူး။ ဆိုင်ကယ်လည်း ပေးမဖြတ်ဘူး။ အကုန်ပိတ်ပစ်လိုက်တယ်” ဟု အထက်ပါဒေသခံက ပြောဆိုသည်။ လမ်းသုံးခု ဆုံသည့် ဇဝဲလမ်းဆုံသည် မြိတ်-တနင်္သာရီပြည်ထောင်စုလမ်းပေါ်တွင်တည်ရှိပြီး လက်ရှိတွင် အဆိုပါလမ်းဆုံမှ တကူကျေးရွာဘက်သွားသည့်လမ်းကိုသာ ပိတ်ထားခြင်းဖြစ်ပြီး ပြည်ထောင်စုလမ်းကို ပိတ်ထားခြင်းမရှိကြောင်း […]

မွန်တွင် ဆားကြမ်းတစ်ပိဿာ ကျပ် ၁၀၀၀ ကျော်အထိ စံချိန်တင်စျေးတက်

Dawei Watch

October 14, 2025

မွန်ပြည်နယ် စျေးကွက်တွင် အောက်တိုဘာလအတွင်း ဆားကြမ်း‌ တစ်ပိဿာ ကျပ် ၁၀၀၀ ကျော်အထိ စံချိန်တင် စျေးမြင့်တက်လာသည်ဟု ပြည်နယ်အတွင်းရှိ ဆားလုပ်ငန်းရှင်တို့ထံမှ သိရသည်။ ဆားထုတ်လုပ်ရာသီတွင် ရာသီဥတုဖျက်ဆီးမှုကြောင့် ဆားကွင်းများပျက်ဆီးပြီး ဆားအထွက်နည်းခဲ့သည့်အတွက် ဆားတောင်သူများထံ လက်ကျန်ဆားနည်းပါးသည့်အချိန်တွင် ဆားကြမ်းစျေး မြင့်တက်လာခြင်းဖြစ်သည်ဟု သံဖြူဇရပ်မြို့နယ်အတွင်းက ဆားလုပ်ငန်းရှင်များက ပြောသည်။ မွန်ပြည်နယ်စျေးကွက်တွင် နေလှန်းဆားကြမ်းဈေးနှုန်းသည် ပြီးခဲ့သည့် ဧပြီလခန့်က တစ်ပိဿာ ကျပ် ၅၀၀ ဖြစ်လာရာမှ ယခု အောက်တိုဘာလတွင် တစ်ပိဿာ ကျပ် ၁၀၀၀ ကျော်အထိ ဖြစ်လာသည်ဟုလည်း ဆိုသည်။ “လက်ရှိ ဆားစျေးက တစ်ပိဿာကို ၁၀၀၀ ကျော် ဖြစ်နေတယ်။ ဆားစျေး အမြင့်ဆုံးဖြစ်နေတယ်။ အဓိကကတော့ လက်ကျန်ဆားတွေ မရှိတော့ ဆားစျေး ထိုးတက်တာ ဒါဖြစ်လေ့ ဖြစ်ထရှိတယ်။ […]

မြန်မာနိုင်ငံရှိ အွန်လိုင်းငွေလိမ် လုပ်ငန်းများနှင့်ပတ်သက်၍ Starlink ကို ကန်လွှတ်တော် စတင်စစ်ဆေး

Dawei Watch

October 14, 2025

မြန်မာနိုင်ငံရှိ အွန်လိုင်းငွေကြေးလိမ်လည်မှု စင်တာများသို့ အင်တာနက်ဝန်ဆောင်မှုပေးရာတွင် အီလွန်မတ်၏ Starlink ဂြိုဟ်တုလုပ်ငန်းက ပါဝင်ပတ်သက်နေမှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုစတင်နေပြီ ဖြစ်ကြောင်း အမေရိကန်ကွန်ဂရက်လွှတ်တော်ရှိ ဒီမိုကရက်နှင့် ရီပတ်ဘလင်ကန် နှစ်ပါတီပူးပေါင်းကော်မတီတစ်ရပ်က ကြေညာလိုက်သည်။ မြန်မာနိုင်ငံရှိ အဆိုပါ အွန်လိုင်းငွေကြေးလိမ်လည်မှုစင်တာများမှာ ကမ္ဘာတဝှမ်းရှိ ပစ်မှတ်ထားခံရသူများထံမှ ဒေါ်လာဘီလီယံပေါင်းများစွာ လိမ်လည်ရယူနေသည်ဟုဆိုသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင် အဆိုပါ အွန်လိုင်းငွေကြေးလိမ်လည်မှုစင်တာများကို နှိမ်နှင်းခဲ့သည့်အချိန်ဝန်းကျင်၌ပင် အဆိုပါ စင်တာများ၏ ခေါင်မိုးများပေါ်တွင် Starlink ဂြိုဟ်တုအင်တာနက်စလောင်း အများအပြား စတင်နေရာယူလာသည်ကို AFP သတင်းဌာနက စုံစမ်းတွေ့ရှိခဲ့သည်။ ယင်းနောက်တွင် အီလွန်မတ်၏ Starlink ဂြိုဟ်တုလုပ်ငန်းအပေါ် ယခုကဲ့သို့ စုံစမ်းစစ်ဆေးမှု စတင်လာခြင်း ဖြစ်သည်။ Starlink သည် သုံးလအတွင်းမှာပင် စစ်ဘေးသင့်မြန်မာနိုင်ငံ၏ အကြီးမားဆုံး အင်တာနက် ဝန်ဆောင်မှုပေးသည့် လုပ်ငန်းဖြစ်လာခဲ့ကြောင်း အာရှဒေသဆိုင်ရာ […]