မြိတ်မှ ထားဝယ်ဘက်သို့ လာသည့်ကားလမ်း ဖြတ်သန်းခွင့်ပိတ်
Dawei Watch
October 21, 2025စစ်အာဏာရှင်တပ်က သရက်ချောင်းမြို့နယ်တောင်ဘက်သို့ စစ်ကြောင်းထိုးလာသဖြင့် မြိတ်-ထားဝယ်ကားလမ်းတွင် ထားဝယ်ဘက်သို့သွားသည့် အတက်တစ်ခြမ်းကို ယနေ့ အောက်တိုဘာ ၂၁ ရက် နံနက် ၁၀ နာရီခန့်က စတင်ပိတ်ထားကြောင်း ဒေသခံအချို့ထံမှ သိရသည်။ အင်အား တစ်ရာကျော်ရှိသည့် စစ်အာဏာရှင်တပ်စစ်ကြောင်းသည် ကားသုံးစီးဖြင့် လာပြီး အောက်တိုဘာလ ၂၀ရက်တွင် ဆင်ကူးရွာ၌ တစ်ညအိပ်ပြီးနောက် ယနေ့နံနက်အစောပိုင်းတွင် ဆင်ကျန်း၊ ကျွဲစပ်၊ ချောက်ချောင်း ကျေးရွာများကို ရောက်ရှိနေကြောင်း ဒေသခံများက ပြောသည်။ စစ်အာဏာရှင်တပ် စစ်ကြောင်းသည့် လက်ရှိ ကားလမ်းပိတ်သည့်နေရာနှင့်ဆိုလျှင် ထားဝယ်ဘက်ခြမ်းတွင် ရှိပြီး စစ်ကြောင်းရှိသည့်ဘက်ခြမ်းက မြိတ်ဘက်သို့ လာသည့် ကားများမှာ ဖြတ်သန်းသွားလာခွင့်ရကာ စစ်ကြောင်းရှိသည့် ထားဝယ်ဘက်သို့ သွားမည့်ကားများကိုမူ ဖြတ်သန်းခွင့် ပိတ်ထားခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ ကားလမ်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် […]


