ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ထားဝယ် ဖောင်းတောရွာကို တိုက်လေယာဉ်ဖြင့် ဗုံးကြဲ၊ ခရစ္စယာန်အသင်းတော် အဆောက်အအုံပျက်စီး

Dawei Watch

January 27, 2026

ထားဝယ်မြို့နယ်၊ ဘန်းချောင်းဒေသ၊ ဖောင်းတောရွာကို စစ်အာဏာရှင်တပ်က ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးနှစ်လုံးကြဲချ တိုက်ခိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး-KNU၊ တပ်မဟာ(၄) မြိတ်-ထားဝယ်ခရိုင်ထံမှ သိရသည်။ ဇန်နဝါရီလ ၂၆ ရက် ညနေ ၄ နာရီခွဲခန့်တွင် ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်ပြီး ဖောင်းတောရွာရှိ ခရစ္စယာန်အသင်းတော် အဆောက်အအုံအပေါ်ကို ဗုံးတစ်လုံး ကျရောက်ပေါက်ကွဲရာ အဆောက်အအုံ ထိခိုက်ပျက်စီးကြောင်း KNU တပ်မဟာ(၄) မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောသည်။ “လူထိခိုက်မှု သေဆုံးမှုတော့ မရှိဘူး” ဟု ၎င်းက ပြောဆိုသည်။ ဖောင်းတောရွာသည် မေတ္တာမြို့၏တောင်ဘက်ခြမ်းတွင်တည်ရှိပြီး တိုက်ပွဲဖြစ်ပွားမှု မရှိဘဲ စစ်အာဏာရှင်တပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်ကြောင်း ပဒိုစောအယ်နားက ဆိုသည်။ “တိုက်ပွဲဖြစ်တာလည်း မရှိဘူး။ အဲဒီရွာမှာ လက်နက်ကိုင်တပ်ဖွဲ့တွေ နေထိုင်တာလည်း မရှိဘူး၊ လှုပ်ရှားမှုလည်း မရှိဘူး” ဟု […]

၁၅ နှစ်အောက်ကလေးများကို ဆိုရှယ်မီဒီယာသုံးခွင့်ပိတ်သည့် ဥပဒေကြမ်း ပြင်သစ်အောက်လွှတ်တော် အတည်ပြု

Dawei Watch

January 27, 2026

အသက် ၁၅ နှစ်အောက် ကလေးများ ဆိုရှယ်မီဒီယာသုံးစွဲမှု ပိတ်ပင်မည့် ဥပဒေမူကြမ်းတစ်ရပ်ကို ပြင်သစ်အောက်လွှတ်တော်က ဇန်နဝါရီလ ၂၆ ရက်နေ့တွင် အတည်ပြုလိုက်သည်။ ယင်းမှာ ကလေးသူငယ်များကို ဖန်သားပြင်ကြည့်ချိန် များပြားမှုမှ ကာကွယ်ရန် ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်က အားပေးတိုက်တွန်းထားသည့် အစီအစဉ် ဖြစ်သည်။ ယင်းဥပဒေမူကြမ်းကို ပြင်သစ်အောက်လွှတ်တော် အစည်းအဝေးတွင် ထောက်ခံမဲ ၁၃၀၊ ကန့်ကွက်မဲ ၂၁ မဲဖြင့် အတည်ပြုခဲ့သည်။ အောက်လွှတ်တော်မှ အတည်ပြုထားသည့် ယင်းဥပဒေမူကြမ်း အသက်ဝင်လာစေရန် ပြင်သစ်အထက်လွှတ်တော်ဆီးနိတ်မှ အတည်ပြုချက်ရယူရဦးမည် ဖြစ်သည်။ စက်တင်ဘာ ၁ ရက်နေ့မှစ၍ အဆိုပါ တားမြစ်ကန့်သတ်မှု အသက်ဝင်လာစေရန် ယင်းဥပဒေမူကြမ်းကို အထက်လွှတ်တော်က ဖေဖော်ဝါရီလလယ်တွင် အတည်ပြုပေးလိမ့်မည်ဟု မျှော်လင့်ကြောင်း ပြင်သစ်ဝန်ကြီးချုပ်ဟောင်း ဂါဘရီရယ် အက်တဲလ်က ဆိုသည်။ ၎င်းသည် သမ္မတမက်ခရွန်၏ […]

မြိတ်တွင် မီးလောင်မှုဆက်တိုက်ဖြစ်ပွား

Dawei Watch

January 26, 2026

မြိတ်ခရိုင်အတွင်း ဇန်နဝါရီလ ၂၄ ရက်နှင့် ၂၆ ရက်တို့တွင် မီးလောင်မှု သုံးကြိမ်ဖြစ်ပွားခဲ့ကြောင်း မီးသတ်ဦးစီးဌာနနှင့် ဒေသခံများထံမှ သိရသည်။ ယနေ့ ဇန်နဝါရီလ ၂၆ ရက် နံနက်ပိုင်းတွင် မြိတ်မြို့နယ်၊ ပသောင်းရွာနှင့် ကျွန်းစုမြို့နယ် အမှတ် (၂) ရပ်ကွက်တို့တွင် မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ပသောင်းကျေးရွာအုပ်စု၊ ပသောင်းတံတားအနီးရှိ ထရံကာ၊ ဓနိမိုး တန်းလျားတစ်ခုတွင် ကလေးမီးဆော့ကစားရာမှ မီးလောင်ခဲ့ပြီး ကျေးရွာမှ ရေကားများဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။ ကျွန်းစုမြို့၊ အမှတ် (၂) ရပ်ကွက်ရှိ နေအိမ်တစ်လုံးမှာလည်း ယနေ့ နံနက် ၉ နာရီခွဲခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်ဦးစီးဌာနက သတင်းထုတ်ပြန်ထားသော်လည်း ပျက်စီးဆုံးရှုံးမှုနှင့် မီးလောင်ရသည့် အကြောင်းရင်းအသေးစိတ်ကိုမူ ဖော်ပြထားခြင်းမရှိပေ။ ဇန်နဝါရီလ ၂၄ ရက် ညပိုင်းကလည်း […]

လုမ္ပဏီစင်မြင့်ထက်မှာ တောက်ပလာသည့် မြန်မာဖိုက်တာ ကျော်စွာဝင်း

Dawei Watch

January 26, 2026

နှစ်ပေါင်းများစွာတိုင်အောင် မြန်မာ Fight ဝါသနာရှင်များ စုစည်းအားပေးရန်အတွက် မျက်နှာတစ်ခုတည်းသာ ရှိခဲ့ဖူးသည်။ ထိုသည်ကား အနားယူသွားခဲ့ပြီဖြစ်သော ကချင်တိုင်းရင်းသား ကိုယ်ခံပညာစုံတိုက်ခိုက်ရေးဖိုက်တာကြီး အောင်လအန်ဆန်း ဖြစ်ပေ၏။ ယခုမူ ထိုစာရင်းမှာ တစ်စထက်တစ်စ ကြီးထွားရှင်သန်လာခဲ့ပြီ ဖြစ်သည်။ ပြီးခဲ့သည့် သောကြာနေ့ညက ဘန်ကောက်မြို့၊ လုမ္ပဏီအားကစားကွင်းအတွင်း ကျင်းပခဲ့သော ONE Friday Fights 139 ပြိုင်ပွဲကြီးသည် သာမန် အပတ်စဉ်ကျင်းပမြဲ ပြိုင်ပွဲတစ်ခုထက်ပို၍ မြန်မာနိုင်ငံအတွက် လက်ဆင့်ကမ်းအမွေ လွှဲပြောင်းပေးလိုက်သည့် အခိုက်အတန့်တစ်ခုနှင့် ပို၍ ဆင်တူနေခဲ့လေသည်။ သောင်းသောင်းဖျဖျ အားပေးသံများ၏အလယ်ဗဟိုတွင် ကျော်စွာဝင်းသည် တည်ငြိမ်စွာဖြင့် မားမားရပ်နေခဲ့ပြီး ပုံမှန်အားဖြင့် “ရော့ခ်စတား”များသာ ရရှိလေ့ရှိသော ကြိုဆိုဂုဏ်ပြုမှုမျိုးကို ပိုင်ဆိုင်ခွင့်ရရှိသွားခဲ့လေသည်။ အသက် ၂၄ နှစ်အရွယ်ရှိပြီဖြစ်သော ကျော်စွာဝင်းသည် ၎င်း၏ ONE Championship ပွဲဦးထွက်ကို […]

ရွေးကောက်ပွဲနေ့ ပုလောမြို့ဝန်းကျင် ရွာများရှိ စစ်အာဏာရှင်တပ်ဂိတ်များကို တော်လှန်ရေးတပ်များတိုက်ခိုက်

Dawei Watch

January 26, 2026

ပုလောမြို့နယ်တွင် ရွေးကောက်ပွဲနေ့က မြို့ပတ်ဝန်းကျင်က ကျေးရွာငါးရွာရှိ စစ်အာဏာရှင်တပ်ဖွဲ့များကို တော်လှန်ရေးအဖွဲ့များက တိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးတပ်များနှင့် နီးစပ်သူများ၊ ဒေသခံများက ပြောသည်။ ပုလောမြို့နယ်သည် ဇန်နဝါရီလ ၂၅ ရက်က ကျင်းပခဲ့သည့် ရွေးကောက်ပွဲ အပိုင်း (၃) တွင် ပါဝင်သည်။ ပုလောမြို့၊ ပလောက်မြို့နှင့် ကျောက္ကာကျေးရွာအုပ်စု၊ ရှပ်ပုံကျေးရွာအုပ်စု၊ သဲပုံကျေးရွာအုပ်စုတို့တွင် ရွေးကောက်ပွဲ ကျင်းပခဲ့သည်။ စစ်အာဏာရှင်တပ်က ဂျက်တိုက်လေယာဥ်ဖြင့် ရွေးကောက်ပွဲနေ့ နံနက်စောစောမှစ၍ ည ၉နာရီခွဲအထိ ပု‌လောမြို့နယ် အတွင်းတွင် ငါးကြိမ်ထက်မနည်း ဝဲပျံခဲ့ကြောင်း တော်လှန်‌ရေးတပ်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။ တော်လှန်‌ရေးတပ်များသည် ပုလောမြို့ ပတ်ပတ်လည် ကုန်းမြေတစ်ဆက်တည်း ကျေးရွာများဖြစ်သည့် နန်းတောင်၊ မကျည်းကုန်း၊ မှော်ကြောင်းနှင့် တောင်ယာကမ်းရွာတို့တွင် ဂိတ်ချထားသည့် စစ်အာဏာရှင်တပ်သားများကို လက်နက်ငယ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးတပ်များနှင့် […]

ပုလော ကျောက္ကာအုပ်စုတွင် မဲလာထည့်ရန် ရွေးကောက်ပွဲနေ့ စစ်အာဏာရှင်တပ် တစ်အိမ်တက်ဆင်း အဓမ္မလိုက်ခေါ်

Dawei Watch

January 26, 2026

ပုလောမြို့နယ်၊ ကျောက္ကာကျေးရွာအုပ်စုတွင် မဲလာထည့်ရန် ရွေးကောက်ပွဲနေ့ဖြစ်သည့် ဇန်နဝါရီလ ၂၅ ရက်တွင် စစ်အာဏာရှင်တပ်က တစ်အိမ်တက်ဆင်း အဓမ္မလိုက်လံခေါ်ဆောင်ပြီး မဲထည့်ခိုင်းကြောင်း ဒေသခံများထံမှ သိရသည်။ ကျောက္ကာရွာတွင် မဲလာထည့်သူနည်းသဖြင့် စစ်အာဏာရှင်တပ်သားများနှင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များသည် နေအိမ်များသို့ လာရောက်ခေါ်ဆောင်ကြောင်း ဒေသခံများက ပြောသည်။ “တစ်အိမ်တက် တစ်အိမ်ဆင်း လိုက်ခေါ်ပြီး ထည့်ခိုင်းတယ်။ လိုက်ခေါ်နေလို့ ကြိုသိသူတွေကလည်း ထွက်ပြေးကြတယ်။ ပိတ်မိသူကလည်း သွားထည့်ရတယ်။ မထည့်ရင် ပင်လယ်ပြင် ထွက်ခွင့်မပြုဘူးလို့ ပြောတယ်” ဟု ဒေသခံတစ်ဦးက ဆိုသည်။ ကျောက္ကာကျေးရွာအုပ်စုတွင် မဲရုံနှစ်ရုံရှိပြီး ကျောက္ကာရွာတွင် တစ်ရုံ၊ သကျက်ကမ်းတွင် တစ်ရုံရှိကြောင်း ဒေသခံများထံမှ သိရသည်။ ကျောက္ကာရွာတစ်ဖက်ကမ်းရှိ သကျက်ကမ်းရွာနှင့် ရာဇဂြိုလ်ရွာနှစ်ရွာသည် သကျက်ကမ်းစာသင်ကျောင်း မဲရုံတွင် မဲထည့်ရပြီး မဲထည့်သူနည်းသဖြင့် စစ်အာဏာရှင်တပ်သားများ အဓမ္မခေါ်ခဲ့ကြောင်း ဒေသခံတစ်ဦးက […]

မောင်းမကန်မဲရုံကို ဒရုန်းဖြင့်ဗုံးချ

Dawei Watch

January 26, 2026

လောင်းလုံးမြို့နယ်၊ မောင်းမကန်ကျေးရွာ မဲရုံတွင် မဲပေးသူများ မရှိတော့သည့် ညနေ ၄နာရီဝန်းကျင်တွင် ဒရုန်းဖြင့် ဗုံးချသဖြင့် မဲရုံဖွင့်ထားသည့် ကျောင်းခြံဝင်းအပြင်ဘက်တွင် ကျရောက်ပေါက်ကွဲကြောင်း ဒေသခံများက ပြောသည်။ လောင်းလုံးမြို့နယ်သည် ဇန်နဝါရီလ ၂၅ ရက်က ကျင်းပသည့် ရွေးကောက်ပွဲအပိုင်း (၃) တွင် ပါဝင်သည်။ မဲပေးသူများ မရှိတော့ဘဲ စစ်အာဏာရှင်တပ် တပ်ဖွဲ့ဝင်များ၊ မဲရုံဝန်ထမ်းများ ရှိနေချိန်တွင် တော်လှန်ရေးတပ်ဖွဲ့တစ်ခုက ဗုံးချခဲ့ကြောင်း ဒေသခံများက ဆိုသည်။ “တစ်ချက်တည်းပါပဲ။ မဲရုံအနီးကို ကျတာ။ ရွာသူရွာသားတွေရော မဲရုံအဖွဲ့တွေရော အထိအခိုက်မရှိဘူး။ စစ်တပ်က ပြန်လည်း မပစ်ဘူး” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။ အထက်ပါ တိုက်ခိုက်မှုကို မည်သည့်တော်လှန်ရေးတပ်ဖွဲ့တို့က လုပ်ဆောင်ခဲ့သည်ကိုမူ မသိရသေးပေ။ စစ်ကော်မရှင်သည် လောင်းလုံးမြို့နယ်၌ ကျေးရွာ ၃ ရွာတွင် […]

ထိုင်းတွင် လုပ်ငန်းခွင်ထဲ လက်ချောင်းများဆုံးရှုံးသော မြန်မာတစ်ဦး နစ်နာကြေးရရှိရန် အလုပ်ရှင်က တာဝန်မယူ

Dawei Watch

January 26, 2026

ထိုင်းနိုင်ငံ လယွန်ခရိုင်ရှိ စက်ရုံတွင် အလုပ်လုပ်နေစဉ် မတော်တဆမှုကြောင့် လက်ချောင်းများပြတ်သွားသော မြန်မာအလုပ်သမားအတွက် အလုပ်ရှင်က တာဝန်မယူသဖြင့် ခြောက်လကျော်ကြာသည်အထိ နစ်နာကြေး မရသေးကြောင်း ကူညီဆောင်ရွက်ပေးနေသော WAG အဖွဲ့ထံမှ သိရသည်။ ၂၀၂၅ ခုနှစ် ဇူလိုင်လ ၂၃ ရက်က ကိုမျိုးသန့်သည် လေယာဉ်အပိုပစ္စည်းစက်ရုံထဲ ကော်ကြိတ်နေစဉ် လက်အိတ်အစသည် စက်နှင့် ငြိပါသွားသဖြင့် ဘယ်ဘယ်လက်လည်း စက်ထဲ ဝင်ပါခဲ့ကြောင်း အဖွဲ့ထံမှ သိရသည်။ မတော်တဆမှုဖြင့်ပြီးနောက် ဆေးရုံ သုံးရုံတွင် အသီးသီးလွှဲပြောင်း၍ ၂၈ ရက်အကြာ ဆေးကုသမှုခံယူခဲ့ရပြီး ဘယ်ဘက်လက်တွင် လက်ချောင်း လေးချောင်းကို ဖြတ်တောက်လိုက်ရကြောင်း WAG အဖွဲ့ထံမှ သိရသည်။ ကိုမျိုးသန့်၏ ဆေးကုသမှုစရိတ်များကို အလုပ်ရှင်နှင့် လူမှုဖူလုံရေးရန်ပုံငွေ (ပကန်စံခွန်) များက ကျခံပေးခဲ့ပြီး အလုပ် နားနေသည့်အချိန်တွင်လည်း […]