ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

စစ်အာဏာရှင်တပ်က လောင်းလုံး၊ ခမောင်းတောင်ကျေးရွာရှိ နေအိမ်များမှ ပစ္စည်းများခိုးယူ

Dawei Watch

January 28, 2026

လောင်းလုံးမြို့နယ်၊ ခမောင်းတောင်ကျေးရွာရှိ နေအိမ်တစ်ရွာလုံးနီးပါးကို စစ်အာဏာရှင်တပ်က ဖောက်ထွင်းပြီး အသုံးအဆောင်ပစ္စည်းများကို အဓမ္မယူဆောင်သွားခဲ့ကြကြောင်း ဒေသခံများထံမှ သိရသည်။ ဒေသခံများ၏ ပစ္စည်းများကို ဖောက်ထွင်းခိုးယူသွားသူများမှာ ဇန်နဝါရီလ ၂၅ ရက်နေ့က စခန်းကြီးကျေးရွာအုပ်စုတွင် ကျင်းပနေသော စစ်အာဏာရှင်တပ်၏ ရွေးကောက်ပွဲတွင် လုံခြုံရေးယူပေးခဲ့သော စစ်အာဏာရှင်တပ်သားများဖြစ်ကြောင်း ဒေသခံများက ပြောသည်။ အဆိုပါ စစ်အာဏာရှင်တပ်သားများမှာ ဇန်နဝါရီ ၂၆ ရက် နံနက်စောစောတွင် ခမောင်းတောင်ကျေးရွာသို့ ရောက်ရှိလာပြီး လူမရှိသည့် နေအိမ်များတွင် တပ်စွဲနေထိုင်ကာ ဖောက်ထွင်းခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “ဒီတစ်ကြိမ်မှာတော့ ခမောင်းတောင်တစ်ရွာလုံးနီးပါးပါပဲ။ အဝတ်အစား၊ ထမင်းပေါင်းအိုး၊ အသုံးအဆောင်ပစ္စည်းတွေ အများကြီးပါသွားတယ်” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ ယင်းစစ်အာဏာရှင်တပ်စစ်ကြောင်းမှာ ခမောင်းတောင်ကျေးရွာ၌ တစ်ရက်ကျော်ကြာ တပ်စွဲခဲ့ပြီးနောက် ဇန်နဝါရီ ၂၇ ရက်နေ့ နံနက် ၈ […]

ကံပေါက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကို အမှတ် ၈၀၀၂ တပ်ရင်းအဖြစ် ပြောင်းလဲဖွဲ့စည်း

Dawei Watch

January 28, 2026

ရေဖြူမြို့နယ်၊ ကံပေါက်ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည့် KBDF ကို တပ်ရင်းတစ်ခုအဖြစ် ပြောင်းလဲဖွဲ့စည်းလိုက်ကြောင်း ဇန်နဝါရီလ ၂၇ ရက်တွင် ယင်းတပ်ရင်းက ကြေညာသည်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အထူးတိုင်းစစ်ဌာန၊ ဗျူဟာ ၃၃ ၏ အမှတ် ၈၀၀၂ (KBDF) တပ်ရင်းအဖြစ် ပြောင်းလဲဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။ ယင်းသို့ ဖွဲ့စည်းရန် NUG ကာကွယ်ရေးဝန်ကြီးဌာနထံ စာရင်းတင်သွင်းခြင်းနှင့် တပ်တွင်းအရည်အချင်း စစ်ဆေးမှုပြုလုပ်သည့်ကာလ သုံးလဝန်းကျင်ကြာမြင့်ပြီးနောက် ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က လက်မှတ်ရေးထိုး၍ တပ်ရင်းအဖြစ် ပြောင်းလဲဖွဲ့စည်းရန် အတည်ပြုခဲ့ကြောင်း အမှတ် ၈၀၀၂ တပ်ရင်း ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။ အထူးတိုင်းစစ်ဌာန၊ ဗျူဟာ ၃၃ အောက်တွင် ရေးမြို့နယ်အခြေစိုက် ရေးပြောက်ကျားတပ်ကလည်း အမှတ် ၈၀၀၁ တပ်ရင်းအဖြစ် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ […]

အနိုင်ရပါက မြန်မာအလုပ်သမားရေးအဖွဲ့များကို နှိမ်နင်းမည်ဟု ထိုင်းဖတ်ဒီးပါတီက မဲဆွယ်

Dawei Watch

January 28, 2026

ထိုင်းနိုင်ငံရေးပါတီတစ်ခုဖြစ်သော Thai Pakdee Party (ထိုင်းဖတ်ဒီးပါတီ)က ရွေးကောက်ပွဲတွင် အနိုင်ရရှိပါက မြန်မာအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသော NGO အဖွဲ့များကို နှိမ်နင်းသွားမည်ဟု ပြောဆိုထားသော ရုပ်သံဖိုင်ဖြင့် မဲဆွယ်စည်းရုံးနေသည်။ ဇန်နဝါရီလ ၂၇ ရက်နေ့ ညပိုင်းနှင့် ယနေ့နံနက်ပိုင်းတွင် Thai Pakdee Party ၏ Facebook စာမျက်နှာ၌ ထုတ်လွှင့်ခဲ့သော ရုပ်သံမှတ်တမ်းအရ ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားအရေး ကူညီပေးနေသော NGO အဖွဲ့များကို နှိမ်နင်းပေးမည်ဖြစ်ပြီး NGO ဥပဒေနှင့် ပတ်သက်၍ ပိုမိုတင်းကျပ်ပေးမည်ဖြစ်ကြောင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။ ထိုင်းနိုင်ငံအတွင်း မြန်မာရွှေ့ပြောင်းအလုပ်သမားများကို ကူညီပေးနေသည့် မြန်မာအလုပ်သမား ကူညီရေးအဖွဲ့များ၊ အလုပ်သမားသမဂ္ဂဖွဲ့စည်းရေး ကူညီဆောင်ရွက်ပေးနေသော NGO အဖွဲ့များကို နှိမ်နင်းပေးမည်ဖြစ်ကြောင်း မဲဆွယ်စည်းရုံးခဲ့ခြင်းဖြစ်သည်။ ပါတီ၏ မူဝါဒ (Policy) အရ မြန်မာနိုင်ငံသားများ […]

တရားစွဲခံထားရသည့် TikTok ကုမ္ပဏီ အမှုကျေအေးရန် သဘောတူညီမှုရ

Dawei Watch

January 28, 2026

လူငယ်များကို စွဲလမ်းစေရန် ရည်ရွယ်ချက်ရှိရှိ ဖန်တီးထားသည်ဆိုသော စွပ်စွဲချက်ဖြင့် အမေရိကတွင် တရားစွဲဆိုခံထားရသည့်အမှုကို တရားရုံးပြင်ပတွင် ကျေအေးရန် TikTok ကုမ္ပဏီက ဇန်နဝါရီလ ၂၇ ရက်နေ့တွင် သဘောတူညီခဲ့သည်။ တရားရုံးမှတ်တမ်းအရ အသက် ၁၉ နှစ်အရွယ် တရားလိုအမျိုးသမီးတစ်ဦးက အဆိုပါ ဆိုရှယ်မီဒီယာပလက်ဖောင်းများ၏ ဆွဲဆောင်မှုရှိသော ဒီဇိုင်းများကြောင့် သူမအနေဖြင့် ငယ်စဉ်ကတည်းက စွဲလမ်းခဲ့ရသည်ဟု စွပ်စွဲထားသည်။ အဆိုပါ ဆိုရှယ်မီဒီယာပလက်ဖောင်းများကြောင့် သူမတွင် စိတ်ဓာတ်ကျခြင်းနှင့် မိမိကိုယ်ကိုယ် အဆုံးစီရင်လိုစိတ် ဖြစ်ပေါ်လာရခြင်းဖြစ်ကြောင်း အဆိုပါ တရားလိုအမျိုးသမီးက စွပ်စွဲအပြစ်တင်ထားသည်။ အဆိုပါ တရားလိုအမျိုးသမီးနှင့် TikTok ကုမ္ပဏီအကြား အမှုကျေအေးရန် မူအားဖြင့် သဘောတူညီမှု ရရှိခဲ့ကြောင်း သူမ၏ ရှေ့နေ Joseph VanZandt က ဆိုသည်။ ယင်းကြောင့် ဆိုရှယ်မီဒီယာကုမ္ပဏီများကို အမေရိကန်နိုင်ငံတွင် […]

စစ်အာဏာရှင်တပ်က ပလမြို့ အမှတ် ၄ ရပ်ကွက်ရှိ နေအိမ် ၇၀ ကျော်ကို မီးရှို့

Dawei Watch

January 27, 2026

ပုလောမြို့နယ်၊ ပလမြို့၊ အမှတ် ၄ ရပ်ကွက်ကို စစ်အာဏာရှင်တပ်က ယနေ့ (ဇန်နဝါရီ ၂၇) နေ့လယ်ပိုင်းတွင် မီးရှို့ခဲ့သဖြင့် နေအိမ် ၇၀ ကျော်မီးလောင်သွားကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။ ပလမြို့ရဲစခန်းတွင် တပ်စွဲထားသည့် စစ်အာဏာရှင်တပ်သားများက ပြည်သူအချို့သာ နေထိုင်သည့် အမှတ် ၄ ရပ်ကွက် (ဒေသအခေါ် ဆားဖိုဆိပ်ရပ်ကွက်) ရှိ နေအိမ် ၇၀ ကျော်ကို မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “စစ်သားတွေက ဟိုနားငါးအိမ်၊ ဒီနားငါးအိမ် တစ်ကွက်စီ ကွက်ကြား၊ ကွက်ကြား မီးလာရှို့ပြီး ပြန်ထွက်သွားတယ်။ တော်လှန်ရေးတပ်က မီးလာငြိမ်းပေးလိုက်တယ်။ ရွာထဲမှာက လူသိပ်မနေကြဘူး” ဟု အထက်ပါ ဒေသခံက ပြောသည်။ ပြီးခဲ့သည့်နှစ် ဇူလိုင်လ ၂၄ ရက်မှ စကာ […]

ထိုင်းတွင် ရွှေဆိုင်အချို့ ပိတ်ရမည့် အခြေအနေရှိနိုင်ဟု ရွှေအသင်းဥက္ကဋ္ဌဆို

Dawei Watch

January 27, 2026

ရွှေဈေးတစ်ဘတ်လျှင် ဘတ် ၇၀,၀၀၀ ကျော်လာသဖြင့် ထိုင်းနိုင်ငံတွင် ရွှေဆိုင်အချို့ ပိတ်သိမ်းရနိုင်ဖွယ်ရှိနေကြောင်း ထိုင်းရွှေကူးသန်းရောင်းဝယ်ရေးအသင်း ဥက္ကဋ္ဌက ဇန်နဝါရီလ ၂၆ ရက်နေ့က ပြောကြားလိုက်သည်။ ယင်းကဲ့သို့ မထင်မှတ်ထားလောက်အောင် ရွှေဈေး မြင့်တက်လာသဖြင့် ယခုနှစ်အတွင်း ရွှေဆိုင်‌ဒါဇင်ပေါင်းများစွာ ပိတ်သိမ်းရနိုင်ခြေရှိကြောင်း ဥက္ကဋ္ဌ Jitti Tangsitpakdee က ပြောသည်။ ယနေ့ ဇန်နဝါရီလ ၂၇ ရက်နေ့တွင် ထိုင်းရွှေဈေးသည် တစ်ဘတ်လျှင် ဘတ် ၇၄,၄၀၀ ကျော်နေပြီဖြစ်ပြီး၊ ဇန်နဝါရီလ ၂၀ ရက်နေ့နောက်ပိုင်းမှစ၍ ထိုင်းရွှေဈေး ဘတ် ၇၀,၀၀၀ ကျော်လာခြင်းဖြစ်သည်။ အခေါက်ရွှေဝယ်ယူမှု ပိုများလာပြီး ရွှေထည်ပစ္စည်း ဝယ်လိုအား ကျဆင်းလာခြင်း၊ ရွှေစျေးကောင်းနေသဖြင့် ပေါင်နှံခြင်းထက် ပြန်ရောင်းသူ ပိုများလာသဖြင့် ရွှေအပေါင်လုပ်ငန်းများ၏ ဝင်ငွေနည်းလာခြင်းတို့ကို ရွှေဆိုင်များကြုံနေရကြောင်း ၎င်းက ပြောသည်။ […]

ဘီးလင်းတွင် စစ်အာဏာရှင်တပ် လက်နက်ကြီးကြောင့် မြေးအဘွားနှစ်ဦးသေဆုံး၊ အမျိုးသမီးတစ်ဦး ဒဏ်ရာရ

Dawei Watch

January 27, 2026

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ အလူးကြီးကျေးရွာတွင် စစ်အာဏာရှင်တပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး မြေးအဘွားနှစ်ဦး သေဆုံးကာ အမျိုးသမီးတစ်ဦး ဒဏ်ရာရကြောင်း ဒေသခံများထံမှ သိရသည်။ ဇန်နဝါရီလ ၂၆ ရက် မွန်းလွဲ ၁ နာရီဝန်းကျင်က ဘီးလင်းမြို့နယ်အခြေစိုက် စစ်အာဏာရှင် ခြေမြန်တပ်ရင်း ခမရ – ၃ က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် အလူးကြီးကျေးရွာအတွင်းရှိ နေအိမ်တစ်လုံးပေါ် ကျရောက်ပေါက်ကွဲကြောင်း ဒေသခံများက ပြောသည်။ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ်ပေါ်ရှိ အသက် ၅၉ နှစ်အရွယ် အမျိုးသမီးနှင့် ၎င်း၏မြေးဖြစ်သူ အသက် ၃ နှစ်အရွယ် ကလေးငယ်တစ်ဦးတို့ နေရာတွင်ပင် သေဆုံးကြောင်း ဒေသခံများက ဆိုသည်။ “အိမ်ပေါ်မှာ အဘွားရယ် သူ့သမီးနဲ့ သူ့မြေး ရှိတယ်။ အဘွားနဲ့ […]

ထားဝယ် ဖောင်းတောရွာကို တိုက်လေယာဉ်ဖြင့် ဗုံးကြဲ၊ ခရစ္စယာန်အသင်းတော် အဆောက်အအုံပျက်စီး

Dawei Watch

January 27, 2026

ထားဝယ်မြို့နယ်၊ ဘန်းချောင်းဒေသ၊ ဖောင်းတောရွာကို စစ်အာဏာရှင်တပ်က ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးနှစ်လုံးကြဲချ တိုက်ခိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး-KNU၊ တပ်မဟာ(၄) မြိတ်-ထားဝယ်ခရိုင်ထံမှ သိရသည်။ ဇန်နဝါရီလ ၂၆ ရက် ညနေ ၄ နာရီခွဲခန့်တွင် ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်ပြီး ဖောင်းတောရွာရှိ ခရစ္စယာန်အသင်းတော် အဆောက်အအုံအပေါ်ကို ဗုံးတစ်လုံး ကျရောက်ပေါက်ကွဲရာ အဆောက်အအုံ ထိခိုက်ပျက်စီးကြောင်း KNU တပ်မဟာ(၄) မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောသည်။ “လူထိခိုက်မှု သေဆုံးမှုတော့ မရှိဘူး” ဟု ၎င်းက ပြောဆိုသည်။ ဖောင်းတောရွာသည် မေတ္တာမြို့၏တောင်ဘက်ခြမ်းတွင်တည်ရှိပြီး တိုက်ပွဲဖြစ်ပွားမှု မရှိဘဲ စစ်အာဏာရှင်တပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်ကြောင်း ပဒိုစောအယ်နားက ဆိုသည်။ “တိုက်ပွဲဖြစ်တာလည်း မရှိဘူး။ အဲဒီရွာမှာ လက်နက်ကိုင်တပ်ဖွဲ့တွေ နေထိုင်တာလည်း မရှိဘူး၊ လှုပ်ရှားမှုလည်း မရှိဘူး” ဟု […]