ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

တနင်္သာရီတိုင်းတွင် စစ်ကော်မရှင်ဝန်ကြီးများ ဦးဆောင်သည့် ကြံ့ခိုင်ရေးပါတီ နေရာအများစုအနိုင်ရ

Dawei Watch

January 31, 2026

တနင်္သာရီတိုင်းတွင် ကြံ့ခိုင်ရေးပါတီ (USDP) က လွှတ်တော်သုံးရပ်ပေါင်း ကိုယ်စားလှယ်အများစု အနိုင်ရကြောင်း စစ်ကော်မရှင် လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်သည်။ တနင်္သာရီတိုင်းတွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၁၂ ဦး၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၁၀ ဦး၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ၂၀ ဦး နှင့် ကရင်းတိုင်းရင်းသားရေးရာဝန်ကြီး တစ်နေရာ စုစုပေါင်း ၄၃ နေရာ ရှိသည်။ ယင်းတို့အနက် ကြံ့ခိုင်ရေးပါတီက အမျိုးသားလွှတ်တော်တွင် ကိုးဦး၊ ပြည်သူ့လွှတ်တော်တွင် ၁၀ ဦးစလုံး၊ တိုင်းဒေသကြီး လွှတ်တော်တွင် ၁၄ ဦး၊ ကရင်တိုင်းရင်းသားရေးရာဝန်ကြီးတစ်ဦး စုစုပေါင်း ၃၄ ဦး ရရှိခဲ့သည်။ ယင်း ၃၄ ဦးနက် ပြိုင်ဘက်မရှိသဖြင့် ယှဉ်ပြိုင်ရန် မလိုဘဲ အလိုအလျောက် […]

ထိုင်းနိုင်ငံတွင် ရောက်ရှိနေသာ ကလေးများအားလုံး ကျောင်းတက်ခွင့်ပြုမည်

Dawei Watch

January 31, 2026

ထိုင်းနိုင်ငံအတွင်း ရောက်ရှိနေသော ကလေးငယ်များအားလုံး ကျောင်းတက် ပညာသင်ယူခွင့် ရရှိမည်ဖြစ်ကြောင်း ထိုင်းတော်ဝင်ပြန်တမ်းက ဇန်နဝါရီလ ၃၀ ရက်နေ့က ထုတ်ပြန်လိုက်သည်။ ထိုင်းနိုင်ငံအတွင်း ရောက်ရှိနေသော ကလေးငယ်အားလုံးသည် ပညာသင်ယူခွင့် ရရှိမည်ဖြစ်ကြောင်း၊ တရားဝင် မှတ်ပုံတင် အထောက်အထား မရှိသည်ဖြစ်စေ၊ ထိုင်းနိုင်ငံသား မဟုတ်သော နိုင်ငံခြားသားဖြစ်စေ ကလေးအားလုံးအကျုံးဝင်ကြောင်း ထိုင်းတော်ဝင်ပြန်တမ်း၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။ အကယ်၍ ကျောင်းအပ်နှံသည့်အချိန် ရွှေ့ပြောင်းကလေးငယ်များတွင် မှတ်ပုံတင်နံပါတ်ဟုခေါ်သည့် G ၁၃ လုံး မရှိသေးသော်လည်း ပညာရေးဝန်ကြီးဌာနက ညွှန်ကြားထားသည့်အတိုင်း ကျောင်းဘက်က G Code system မှတစ်ဆင့် မှတ်ပုံတင်ပေးပြီး ကျောင်းအပ်လက်ခံပေးရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ ကလေးငယ်များသည် ဥပဒေအရ မှတ်ပုံတင်နံပါတ် ၁၃ လုံး မကျသေးသေးသည့်အချိန် ကျောင်းက ပေးထားသော G […]

ရင်ခုန်သံ သွေးနှင့် အရေးပေါ်ကူညီကယ်ဆယ်ရေးအဖွဲ့ ကူညီမှုများပြန်စမည်

Dawei Watch

January 30, 2026

ထားဝယ်မြို့အခြေစိုက် ရင်ခုန်သံ သွေးနှင့် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့သည် သွေးလှူဒါန်းခြင်းနှင့် အရေးပေါ်လူနာများအား ကူညီဆောင်ရွက်မှုများကို နှစ်လကြာရပ်နားထားရာမှ ဖေဖော်ဝါရီလ ၁ ရက်မှစ၍ ပြန်လည် ကူညီ ဆောင်ရွက် မည်ဖြစ်ကြောင်း အဆိုပါကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။ ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ ၂၉ ရက်တွင် ရေဖြူမြို့နယ်၊ ကံပေါက်ဒေသသို့ အရေးပေါ်လူနာတစ်ဦးကို သွားရောက်ပို့ဆောင်ပြီး ပြန်လာစဉ် အဆိုပါအဖွဲ့မှ စေတနာ့ဝန်ထမ်း မောင်ဘုန်းမြတ်ကိုကိုအား ပြည်သူ့ကာကွယ်ရေးအဖွဲ့ ထားဝယ်-ပကဖ (DGRF)အဖွဲ့က ရေဖြူမြို့နယ်ရှိ လမ်ပိုင်းတစ်နေရာတွင် ဖမ်းဆီး ခဲ့သည်။ ယင်း နောက် ရန်ခုန်သံအဖွဲ့သည် အသင်း၏ သွေးလှူဒါန်းခြင်း နှင့် အရေးပေါ် ကူညီ ဆောင်ရွက်မှုများကို နိုဝင်ဘာလ ၃၀ ရက်မှစ၍ ရက်အကန့်အသန့်မရှိ ရပ်နားထားခဲ့သည်။ ထို သို့ ရပ်နားချိန်တွင် ဒေသခံပြည်သူများ သွေး […]

ဘီးလင်း ဖိုးဝါးသိမ်ရွာ စာသင်ကျောင်းကို စစ်အာဏာရှင်တပ် ဒရုန်းဖြင့်ဗုံးချ

Dawei Watch

January 30, 2026

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဖိုးဝါးသိမ်ကျေးရွာရှိ မူလတန်းစာသင်ကျောင်း စစ်အာဏာရှင်တပ်က ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ယမန်နေ့ ဇန်နဝါရီလ ၂၉ ရက် နေ့လယ်တွင် ဖိုးဝါးသိမ်ကျေးရွာရှိ မူလတန်းစာသင်ကျောင်းကို စစ်အာဏာရှင်တပ်က ဒရုန်းဖြင့် ဗုံးနှစ်လုံးချကြောင်း ဒေသခံတစ်ဦးက ပြောသည်။ လူထိခိုက်မှု မရှိခဲ့သော်လည်း ကျောင်းဆောင်များ ထိခိုက်ပျက်စီးကြောင်း ဒေသခံများက ဆိုသည်။ “ကျောင်းက ပိတ်ထားရတော့ လူတွေ ထိတာတော့မရှိဘူး။ ကျောင်းဆောင်တွေကတော့ ပျက်စီးသွားတယ်။ ကျောင်းသာ ဖွင့်နေရင် မတွေးရဲစရာပဲ။ကျောင်းပေါ် တည့်တည့်ကို ကျတာလေ” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။ ဖိုးဝါးသိမ်ရွာသည် ရန်ကုန်-မော်လမြိုင်ကားလမ်းမှ တစ်မိုင်ခန့်အကွာတွင် တည်ရှိပြီး အဆိုပါကျေးရွာတွင် တိုက်ပွဲတစ်စုံတစ်ရာ မရှိဘဲ ဒရုန်းဖြင့် ဗုံးချခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ ဘီးလင်းမြို့နယ် ရန်ကုန် – […]

ထားဝယ်အထူးစီးပွားရေးဇုန်ဒေသတွင် စစ်ကြောင်းရောက်နေပြီး တိုက်ပွဲဖြစ်မည်ကို ဒေသခံများစိုးရိမ်

Dawei Watch

January 30, 2026

ထားဝယ်အထူးစီးပွားရေးဇုန်ရှိသည့် ရေဖြူမြို့နယ်၊ နဘုလယ်ဒေသရှိ ထိန်ကြီးကျေးရွာသို့ စစ်အာဏာရှင်တပ် စစ်ကြောင်း ရောက်ရှိနေသောကြောင့် တိုက်ပွဲဖြစ်လာမည်ကို စိုးရိမ်နေရကြောင်း ဒေသခံများက ပြောသည်။ အင်အား ၈၀ ခန့်ရှိသည့် စစ်အာဏာရှင်တပ် စစ်ကြောင်းသည် လက်နက်အပြည့်အစုံဖြင့် ထိန်ကြီးကျေးရွာသို့ ဇန်နဝါရီလ ၂၈ ရက် နံနက်စောစောပိုင်းတွင် စတင်ရောက်ရှိလာကြောင်း ဒေသခံများက ဆိုသည်။ ရွေးကောက်ပွဲ အပိုင်း (၃) တွင် ပါဝင်သည့် လောင်းလုံးမြို့နယ် မောင်းမကန်ကျေးရွာအတွက် ရေဖြူမြို့နှင့် ရေနက်ဆိပ်ကမ်း ယာယီစခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ရေဖြူမြို့နယ် မူးဒူးကျေးရွာတွင် လုံခြုံရေးယူခဲ့ပြီး အဆိုပါ စစ်ကြောင်းမှာ ထိန်ကြီးကျေးရွာသို့ ရောက်ရှိလာခြင်းဖြစ်သည်။ အဆိုပါ စစ်ကြောင်းသည် ယနေ့ ဇန်နဝါရီလ ၃၀ ရက်အထိ ထိန်ကြီးရွာရှိ ဘုန်းကြီးကျောင်းနှင့် လူနေအိမ်များတွင် တပ်စွဲ နေထိုင်နေကြောင်း ဒေသခံတစ်ဦးက […]

ကိုလိုနီခေတ် ကျွန်ကုန်သွယ်မှုအတွက် ဗြိတိန် ချားလ်စ်ဘုရင် ဝန်ချတောင်းပန်ရန် တောင်းဆို

Dawei Watch

January 30, 2026

ကိုလိုနီခေတ်က အတ္တလန္တိတ်သမုဒ္ဒရာဖြတ်ကျော်ပြီး အာဖရိက ကျွန်ကုန်သွယ်မှုအတွက် ဗြိတိန်၏ ချားလ်စ်ဘုရင်အနေဖြင့် တရားဝင် ဝန်ချတောင်းပန်ရန် လွှတ်တော်အမတ်များ၊ ပညာရှင်များနှင့် တက်ကြွလှုပ်ရှားသူများက တောင်းဆိုနေကြောင်း The Guardian သတင်းတွင် ဖော်ပြသည်။ အဆိုပါ ကျွန်ကုန်သွယ်မှုကို ဗြိတိန်တော်ဝင်မိသားစုနှင့် တော်ဝင်ရေတပ်က အကာအကွယ်ပေးခဲ့ပြီး ပိုမိုကျယ်ပြန့်စေခဲ့ကြောင်း တွေ့ရှိချက်များ ထွက်ပေါ်လာပြီးနောက် ယင်းသို့ တောင်းဆိုလာကြခြင်းဖြစ်သည်။ ကျွန်စနစ်ကြောင့် ဖြစ်ရသည့် ဆင်းရဲဒုက္ခများအပေါ် ၎င်းအနေဖြင့် ပုဂ္ဂိုလ်ရေးအရ စိတ်မကောင်းဖြစ်ရကြောင်း ချားလ်ဘုရင်က ထုတ်ဖော်ပြောဆိုခဲ့ဖူးသည်။ သက်ဆိုးရှည်ကြာမြဲသည့် မညီမျှမှုကို ပြုပြင်နိုင်မည့် နည်းလမ်းများကို ရှာဖွေရန် သံန္နိဌာန်ချထားကြောင်းလည်း ၎င်းက ပြောဆိုဖူးသည်။ သို့သော် ချားလ်ဘုရင်သည် အာဖရိက ကျွန်ကုန်သွယ်မှုအတွက် တရားဝင်ဝန်ချတောင်းပန်မှုကိုမူ ယနေ့တိုင် မပြုလုပ်သေးပေ။ ယခုအပတ်အတွင်း ထွက်ရှိလာသည့် ‘The Crown’s Silence’ အမည်ရှိ […]

ချွန်ဘူရီတွင် လုပ်ငန်းခွင်ထဲ လက်ပြတ်သွားသော မြန်မာတစ်ဦး တစ်နှစ်နီးပါးကြာအထိ နစ်နာကြေးမရ

Dawei Watch

January 30, 2026

ထိုင်းနိုင်ငံအရှေ့ပိုင်း ချွန်ဘူရီခရိုင်ရှိ စက္ကူအဟောင်းစက်ရုံတွင် လုပ်ငန်းခွင် မတော်တဆမှုကြောင့် လက်ပြတ်သွားသော မြန်မာအလုပ်သမားတစ်ဦး တစ်နှစ်နီးပါးကြာသည်အထိ နစ်နာကြေးမရသေးကြောင်း ကူညီဆောင်ရွက်ပေးနေသော WAG အဖွဲ့ထံမှ သိရသည်။ ပြီးခဲ့သော ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ကိုကျော်နိုင်ထူးသည် စီလာချာဒေသရှိ စက်ရုံတွင် အလုပ်လုပ်နေရင်း လက်အိပ်ကို သံကြိုးနှင့် ငြိပါသွားသဖြင့် စက်ထဲ ညာဘက်လက်တစ်ချောင်းလုံး ဝင်သွားခဲ့ကြောင်း အဖွဲ့ထံမှ သိရသည်။ မတော်တဆမှုဖြစ်ပြီးနောက် ချွန်ဘူရီဆေးရုံတွင် ဆယ်ရက်ကြာ ဆေးကုသမှုခံယူခဲ့ပြီး ညာဘက်လက်တွင် လက်ကောက်ဝတ်အထက်ပိုင်းအထိ ဖြတ်လိုက်ရသည်။ ကိုကျော်နိုင်ထူး၏ ဆေးကုသမှုစရိတ်များကို အလုပ်ရှင်ဘက်က တာဝန်ယူရှင်းပေးခဲ့ကြောင်း သိရသည်။ ကိုကျော်နိုင်ထူး အလုပ်မဆင်းရသောရက်များအတွက် စက်ရုံဘက်က ထောက်ပံ့ငွေပေးမည်ဟု ဆိုခဲ့ပြီး နစ်နာကြေးကိစ္စကိုလည်း တာဝန်ယူဆောင်ရွက်ပေးမည်ဟုဆိုကြောင်း အဖွဲ့ထံမှ သိရသည်။ သို့သော်လည်း မတော်တဆဖြစ်ပြီးနောက်တွင် ကိုကျော်နိုင်ထူးကို […]

စစ်အုပ်စု၏ ရွေးကောက်ပွဲကို အာဆီယံက အသိအမှတ်မပြုဟု ဖိလစ်ပိုင်ဆို

Dawei Watch

January 30, 2026

မြန်မာနိုင်ငံတွင် အာဏာသိမ်းစစ်အုပ်စုက ကျင်းပခဲ့သည့် ရွေးကောက်ပွဲကို အာဆီယံက အသိအမှတ်မပြုကြောင်း ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးက ဇန်နဝါရီ ၂၉ ရက်က ပြောကြားခဲ့သည်။ ဖိလစ်ပိုင်နိုင်ငံ စီဘူးမြို့တွင် ယခုနှစ်အတွင်း ပထမဆုံးအကြိမ် ကျင်းပသည့် အာဆီယံဝန်ကြီးများအဆင့် အစည်းအဝေးအပြီးတွင် ၎င်းက ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ အဆိုပါ အစည်းအဝေးတွင် အဓိကထား ဆွေးနွေးစရာ အကြောင်းအရာများတွင် မြန်မာ့အရေးလည်း ပါဝင်သည်။ မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲကို အာဆီယံက အသိအမှတ်ပြုမပြု သတင်းစာရှင်းလင်းပွဲတွင် မေးမြန်းရာ၌ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ထရီဆာ လာဇာရိုက “ဟုတ်ပါတယ်၊ အခုအချိန်မှာတော့ အသိအမှတ်မပြုပါဘူး” ဟု ဖြေကြားခဲ့သည်။ မြန်မာစစ်အုပ်စုက ကျင်းပပြီးစီးခဲ့သည့် ရွေးကောက်ပွဲ အဆင့်သုံးဆင့်လုံးကို အာဆီယံက အတည်ပြုထောက်ခံထားခြင်း မရှိကြောင်းလည်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။ အာဆီယံ၏ ရပ်တည်ချက်သည် မည်သည့်အခြေအနေတွင် ပြောင်းလဲသွားနိုင်သနည်းဆိုသည်နှင့် […]