ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ထိုင်းက မြန်မာ ၆၀ ခန့်ကို ကော့သောင်းသို့ပြန်ပို့

Dawei Watch

February 2, 2026

စစ်ကောင်စီက စစ်မှုထမ်းဥပဒေအကြောင်းပြကာ အဓမ္မစစ်သားစုဆောင်းနေချိန် ထိုင်းနိုင်ငံ ရနောင်းထိန်းသိမ်းရေးစခန်းမှ မြန်မာနိုင်ငံသား ၆၀ ခန့်ကို ကော့သောင်းဘက်သို့ ယနေ့ နေရပ်ပြန်ပို့လိုက်ကြောင်း ကိုယ်တိုင်လိုက်ပါပို့ဆောင်သော မြန်မာနိုင်ငံသားထံမှ သိရသည်။ ယခု ၂၀၂၆ ခုနှစ် ဇန်နဝါရီလတွင်နှစ်ကြိမ် နေရပ်ပြန်ပို့ခဲ့ရာတွင် မြန်မာနိုင်ငံသား ၁၆၈ ဦးကို စစ်အုပ်စုထံ ပြန်လွှဲပြောင်းထားပြီးဖြစ်သည်။ ယနေ့ ဖေဖော်ဝါရီလ ၂ ရက် နေ့လယ် ၁၁ နာရီခွဲက ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးဖြင့် ပြစ်ဒဏ်ကျခံပြီးနောက် ရနောင်းထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းထားသော မြန်မာနိုင်ငံသား အမျိုးသား ၄၃ ဦး၊ အမျိုးသမီး ၁၅ ဦး စုစုပေါင်း ၅၈ ဦးနှင့်အတူ ကလေး ၃ ဦးကို ကော့သောင်းမြို့သို့ ထပ်မံလွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။ ယင်းကြောင့် ယခုနေရပ်ပြန်ပို့မှုမှာ ၂၀၂၆ ခုနှစ်အတွင်း […]

ကလေးငယ်များအတွက် ဆိုရှယ်မီဒီယာ ပိတ်ပင်မည့် ဥပဒေမူကြမ်း မိုဒီ၏ မဟာမိတ် တင်သွင်း

Dawei Watch

February 2, 2026

Meta နှင့် YouTube တို့အတွက် ကမ္ဘာ့အကြီးဆုံး ဈေးကွက် ဖြစ်သော အိန္ဒိယနိုင်ငံတွင် ကလေးသူငယ်များ ဆိုရှယ်မီဒီယာ သုံးစွဲမှုကို ပိတ်ပင်မည့် ဥပဒေမူကြမ်းတစ်ရပ်ကို ဝန်ကြီးချုပ် နာရန်ဒရာမိုဒီ၏ မဟာမိတ်တစ်ဦးက တင်သွင်း လိုက်ကြောင်း ရိုက်တာသတင်းတွင် ဖော်ပြသည်။ ယင်းမှာ ကလေးငယ်များ၏ ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံမှုအပေါ် ဆိုရှယ်မီဒီယာ၏ သက်ရောက်နိုင်ခြေများအပေါ် ကမ္ဘာနှင့်အဝန်း ဆွေးနွေးငြင်းခုံနေမှုများတွင် အိန္ဒိယနိုင်ငံက ပါဝင်လာခြင်းလည်းဖြစ်သည်။ “ကျွန်တော်တို့ရဲ့ ကလေးတွေဟာ ဆိုရှယ်မီဒီယာကို စွဲလန်းလာနေပါတယ်။ ဒါတင်မကသေးပါဘူး။ အိန္ဒိယနိုင်ငံဟာ နိုင်ငံခြားပလက်ဖောင်းတွေအတွက် ကမ္ဘာ့အကြီးမားဆုံး ဒေတာထုတ်ပေးတဲ့ နေရာတစ်ခုလည်း ဖြစ်နေပါတယ်” ဟု မိုဒီ၏ မဟာမိတ်ဖြစ်သူ တဲလူဂူဒေဆမ်ပါတီမှ လွှတ်တော်အမတ် ဒေဗာရိုင်ယာလုက သောကြာနေ့တွင် ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။ “ဒီဒေတာတွေကို အခြေခံပြီး အဲဒီကုမ္ပဏီတွေက အဆင့်မြင့် AI […]

ထားဝယ် ရွှေသာလျောင်း တည်ထားခြင်း ၉၅ နှစ်ပြည့် အထိမ်းအမှတ် ကမ္ဗည်းတိုင်စိုက်ထူ

Dawei Watch

February 2, 2026

ထားဝယ်မြို့၊ ကနိုင်းဒါကျေးရွာအုပ်စုတွင် တည်ထားသည့် လောကသရဖူ လျောင်းတော်မူ (ခ) ရွှေသာလျောင်း ဘုရားကြီး တည်ထားခြင်း ၉၅ နှစ်ပြည့် ကမ္ဗည်းတိုင်စိုက်ထူပွဲ အခမ်းအနားကို ဖေဖော်ဝါရီလ ၁ ရက် တပို့တွဲလပြည့်နေ့ က ကျင်းပကြောင်း ဒေသခံများထံမှ သိရသည်။ ပင့်သံဃာ အပါး ၂၅၀ ဖြင့် ရွှေသာလျောင်းဘုရားကြီးအား အနေကဇာတင်ခြင်း၊ ငွေဆွမ်းလောင်းခြင်းနှင့် စတုဒီသာ ကျွေးမွေးခြင်းများဖြင့် ကမ္ဗည်းတိုင် စိုက်ထူပွဲကို ကျင်းပကြောင်း ၎င်းတို့က ပြောသည်။ ပဋိကတ်တိုက်ကျောင်း ဆရာတော်ဦးဆောင်ပြီး အလှူရှင်များစုပေါင်း၍ ကျင်းပခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။ ဘုရားတည်ထားခြင်း ၉၅နှစ်ပြည့် အထိမ်းအမှတ်နှင့် ဘုရားစတင်တည်ထားသည့် ပထမပဋိကတ်တိုက်ကျောင်းဆရာတော် ကူးတို့ဂိုဏ်း၏ ပထမဂိုဏ်းချုပ် ဘုန်းတော်ကြီးရွှေဆင်၏ ထေရုပ္ပတ္တိ ကြေးပြားကမ္ဗည်းတိုင် နှစ်ခု စိုက်ထူခဲ့ခြင်းဖြစ်သည် ။ လောကသရဖူ […]

ပုလော ရှပ်ပုံရွာလယ်တွင် နေအိမ်များ မီးလောင်

Dawei Watch

January 31, 2026

ပုလောမြို့နယ်၊ ရှပ်ပုံရွာတွင် စစ်အာဏာရှင်တပ်၏ လုပ်ဆောင်မှုကြောင့် နေအိမ်များ မီးလောင်ကြောင်း ‌ဒေသခံများ၊ တော်လှန်ရေးတပ်နှင့် နီးစပ်သူများက ပြောသည်။ ယနေ့ ဇန်နဝါရီလ ၃၁ရက် နေ့လယ်တွင် ရှပ်ပုံရွာ၏ ရွာအလယ်ပိုင်းကို နေအိမ်များ မီးလောင်ခြင်းဖြစ်ပြီး ည ၇နာရီဝန်းကျင်အထိ မီးမငြိမ်းသေးကြောင်း ဒေသခံများက ဆိုသည်။ ရှပ်ပုံရွာတွင် စစ်အာဏာရှင်တပ်သားများသည် ပုလောမြို့နှင့်နီးသည့် ရွာအရှေ့ဘက်ပိုင်းတွင် နေရာယူထားပြီး ရွာ၏ အနောက်ဘက်ပိုင်းတွင် တော်လှန်ရေးတပ်များက နေရာယူထားကြောင်း ဒေသခံများထံမှ သိရသည်။ လက်ရှိတွင် စစ်အာဏာရှင်တပ် တပ်စွဲထားသည့် နေရာဘက်နှင့်နီးသည့် ဘက်ခြမ်းတွင် မီးလောင်ခြင်းဖြစ်ပြီး စစ်အာဏာရှင်တပ်က မီးရှို့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောဆိုကြသည်။ နေအိမ်များမှာ တစ်ဆောင်နှင့် တစ်ဆောင် နီးကပ်နေသဖြင့် မီးကူးမြန်ပြီး မီးပြင်းသဖြင့် မီးငြိမ်းသတ်ရန် ခက်ခဲကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “အိမ်တွေက […]

ထားဝယ် ပေါက်တိုင်းရွာတွင် အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံး

Dawei Watch

January 31, 2026

ထားဝယ်မြို့နယ် ၊ ကျောက်ရပ်အုပ်စု ၊ ပေါက်တိုင်းရွာ ဥယျာဥ်ခြံတောစပ်တစ်နေရာတွင် ယနေ့ ဇန်နဝါရီလ ၃၁ ရက် နံနက်ပိုင်းက အမျိုးသားတစ်ဦး ကြိုးဆွဲချ၍ သေဆုံးနေကြောင်း ဒေသခံများထံမှ သိရသည်။ သေဆုံးသူသည် ပေါက်တိုင်းရွာတွင် နေထိုင်ပြီး လယ်လုပ်ငန်းနှင့် ဥယျာဥ်လုပ်ငန်းလုပ်ကိုင်သည့် အသက် ၄၀ ဝန်းကျင်အရွယ် ဦးကျော်လေးဖြစ်ကြောင်း ဒေသခံများက ပြောသည်။ ဦးကျော်လေးသည် မိဘကို လုပ်ကိုင်ကျွေးမွေးနေသူဖြစ်ကြောင်း ပေါက်တိုင်းရွာသားတစ်ဦးက ဆိုသည်။ “အခုဖြစ်တာက သူ့ခြံဝင်းနဲ့ နီးနီးနားနားမှာပဲ ဖြစ်သွားတယ်” ဟု ပေါက်တိုင်းရွာသားတစ်ဦးက ပြောဆိုသည်။ ကြိုးဆွဲချသည့် အကြောင်းအရင်းကိုမူ သီးခြားအတည်မပြုနိုင်သေးပေ။ ရုပ်အလောင်းကို ထားဝယ်မြို့အခြေစိုက် ဇမ္ဗူသီရိ အရေးပေါ်ကူညီကယ်ဆယ်ရေးအသင်းက ထားဝယ်ဆေးရုံကြီးသို့ စစ်ဆေးရန်ကူညီပို့ဆောင်ပေးခဲ့ကြောင်း အဆိုပါအသင်းထံမှ သိရသည်။ ဇန်နဝါရီလ ၁၅ ရက်ကလည်း ထားဝယ်မြို့ ကညုံရပ်ကွက် […]

အမေရိကန်စစ်သင်္ဘောအနီး အီရန်ရေတပ် စစ်ရေးလေ့ကျင့်မည်

Dawei Watch

January 31, 2026

ဟော်မုဇ်ရေလက်ကြားတွင် နှစ်ရက်ကြာမည့် ကျည်အစစ်သုံး ရေတပ်စစ်ရေးလေ့ကျင့်မှုကို ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စတင်မည်ဖြစ်ကြောင်း အီရန်က ကြေညာလိုက်သည်။ အမေရိကန်က လေယာဉ်တင်သင်္ဘော အေဘရာဟမ်လင်ကွန်းနှင့် အခြားတပ်ဖွဲ့များ အရှေ့အလယ်ပိုင်းသို့ စေလွှတ်လိုက်ပြီးနောက် အီရန်ဘက်က ယင်းသို့ ကြေညာလိုက်ခြင်း ဖြစ်သည်။ အမေရိကန်စစ်သင်္ဘောများပေါ်မှ အီရန်လေယာဉ်များ ပျံသန်းခြင်း ၊ အီရန်ရေတပ်မှ စပိဘုတ်များက အမေရိကန်စစ်သင်္ဘောများရှိရာ လမ်းကြောင်းမှ ချဉ်းကပ်မောင်းနှင်ခြင်းတို့ကို သည်းခံနေမည်မဟုတ်ကြောင်း အမေရိကန်ဗဟိုစစ်ဌာနချုပ် (CENTCOM) က အီရန်စစ်တပ်ကို သတိပေးထားသည်။ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က အီရန်ကို တိုက်ခိုက်မည်ဟု အကြိမ်ကြိမ် ခြိမ်းခြောက်နေခြင်းကြောင့် အမေရိကန်နှင့် အီရန်အကြား ရက်သတ္တပတ်များစွာ တင်းမာမှု မြင့်တက်နေခဲ့သည်။ အီရန်တွင် အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများကို အကြမ်းဖက်နှိမ်နင်းမှုနှင့် အီရန်အဏုမြူစီမံကိန်းတို့ကို အကြောင်းပြကာ ထရမ့်က အီရန်ကို တိုက်ခိုက်မည်ဟု ထပ်တလဲလဲ […]

လောင်းလုံးတွင် စစ်အာဏာရှင်တပ်က ကလေးငယ်များကိုပါ ဖမ်းဆီးခေါ်ဆောင်သွား

Dawei Watch

January 31, 2026

လောင်းလုံးမြို့နယ်၊ ညင်းမော်ကျေးရွာဘက်သို့ ဦးတည်စစ်ကြောင်းထိုးနေသည့် စစ်အာဏာရှင်တပ်က ကလေးငယ်များကိုပါ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများက ပြောသည်။ စစ်အာဏာရှင်တပ်သည် ညင်းမော်ကျေးရွာသို့ ဇန်နဝါရီလ ၂၉ ရက်တွင် စစ်ကြောင်းထိုးလာသဖြင့် တော်လှန်ရေးတပ်ဖွဲ့များနှင့် ယင်းနေ့တွင် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ ထိုသို့ တိုက်ပွဲဖြစ်ပွားပြီးနောက် ရွာအနောက်ဘက်ရှိ ဥယျာဉ်ခြံများ၊ ဆီအုန်းတောများဘက်သို့ ဝင်ရောက်သွားခဲ့ပြီး ဥယျာဉ်ခြံထဲတွင် တွေ့ရှိသူအားလုံးကို ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။ ဖမ်းဆီးခံရသူ ဆယ်ဂဏန်းခန့် ရှိနိုင်ပြီး ယင်းတို့အထဲတွင် အသက် ၆ နှစ်၊ ၉ နှစ်၊ ၁၀ နှစ် အစရှိသည့် ကလေးငယ်များလည်းပါဝင်ပြီး အားလုံးကို စစ်ကြောင်းနှင့်အတူ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ၎င်းတို့ကဆိုသည်။ “အသက် ၆ နှစ်လောက်ပဲ ရှိသေးတဲ့ မိန်းကလေးတစ်ယောက်ဆိုရင် သူ့မိဘတွေမပါဘဲနဲ့ ပါသွားတယ်။ သူတို့ခြံအနားက ရော်ဘာခြံမှာ […]

ရွေးကောက်ပွဲအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁၇၀ ထက်မနည်း သေဆုံးကြောင်း ကုလပြော

Dawei Watch

January 31, 2026

ရွေးကောက်ပွဲကာလအတွင်း မြန်မာစစ်အာဏာရှင်တပ်၏ လေကြောင်းတိုက်ခိုက်မှုပေါင်း အကြိမ် ၄၀၀ ကျော်ကြောင့် အရပ်သားပြည်သူ ၁၇၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ကုသလသမဂ္ဂက ဆိုသည်။ ယင်းရွေးကောက်ပွဲသည် အခြေခံလူ့အခွင့်အရေးကို လေးစားမှုမရှိသည့်အပြင် ပြည်သူများအပေါ် တိုက်ခိုက်မှုများလည်း လျော့ပါးခြင်းမရှိဘဲ ဆက်လက်ဖြစ်ပွားနေခဲ့ကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာရုံးက ဇန်နဝါရီလ ၃၀ရက်တွင် သတိပေးသည်။ “ဒီရွေးကောက်ပွဲက ၂၀၂၅ ခုနှစ် တစ်နှစ်လုံး အကြမ်းဖက်မှုတွေ ဆက်ဖြစ်နေတာကို မတားဆီးနိုင်ခဲ့ပါဘူး” ဟု ကုလသမဂ္ဂ လူ့အခွင့်အရေးရုံး၏ မြန်မာနိုင်ငံဆိုင်ရာအဖွဲ့ခေါင်းဆောင် ဂျိမ်းစ် ရိုဒီဟေဗာက ဂျီနီဗာတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။ ဆက်သွယ်ရေးဖြတ်တောက်ခံထားရခြင်းနှင့် ဒေသခံများမှာ ကြောက်ရွံ့သဖြင့် ထုတ်ဖော်ပြောဆိုရန် ခဲယဉ်းခြင်းတို့ကြောင့် အတည်ပြုရန် ခက်ခဲနေပြီး သေဆုံးသူအရေအတွက် ယခုထက် ပိုများလာနိုင်ကြောင်း ၎င်းက သတိပေးသည်။ ၂၀၂၅ ခုနှစ်သည် ၂၀၂၁ စစ်အာဏာသိမ်းမှုနောက်ပိုင်း […]