ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

လောင်းလုံး ဒေသခံတစ်ဦး ထောက်ပို့ထီ ပထမဆု ကျပ်သိန်းတစ်ထောင် ကံထူး

Dawei Watch

February 3, 2026

၂၅ ကြိမ်မြောက်အဖြစ် ဖေဖော်ဝါရီလ ၂ရက်က ဖွင့်လှစ်သည့် ထောက်ပို့ထီတွင် လောင်းလုံးမြို့နယ်က ဒေသခံတစ်ဦး ပထမဆု ကျပ်သိန်းတစ်ထောင် ကံထူးကြောင်း လောင်းလုံးသံမဏိလိပ်ပြာတပ်ဖွဲ့ (L.L.S.B.F) ထံမှ သိရသည်။ လောင်းလုံးမြို့နယ်အခြေစိုက် လောင်းလုံးသံမဏိလိပ်ပြာတပ်ဖွဲ့ထံမှ ကိုယ်စားလှယ်ယူရောင်းထားသည့်အနက် ဒေသခံတစ်ဦးက 0009791 နံပါတ်ထီလက်မှတ်ဖြင့် ကံထူးခြင်းဖြစ်ကြောင်း အဆိုပါတပ်ဖွဲ့ထံမှ သိရသည်။ “ကံထူးတာက အရပ်သားပါဗျ။ ပထမဆု အပါဝင် ဆုပေါင်း ၉၀ကျော်လည်း ကံထူးပါတယ်။ ဆုကြီးက အခုတစ်ခါ ပထမဆုံးပေါက်တာပါ။ အသေးစိတ်ကိုတော့ ကျွန်တော် တို့pageကထုတ်ပြန်ပေးမှာပါ ” ဟု ယင်းတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ထောက်ပို့ထီ ရောင်းချခဲ့သည့် သက်တမ်းတစ်လျှောက် တနင်္သာရီတိုင်းမှ ထီကိုယ်စားလှယ် အဖွဲ့များထံတွင် ထီဆု အမြင့်ဆုံးအဖြစ် ပထမဆု လေးကြိမ် ၊ ဒုတိယဆု တစ်ကြိမ် […]

ထားဝယ်အထူးစီးပွားရေးဇုန်တွင် တိုက်ပွဲဖြစ်နေပြီး ဒေသခံများ ထိခိုက်ဒဏ်ရာရ

Dawei Watch

February 3, 2026

ထားဝယ်အထူးစီးပွားရေးဇုန် ဧရိယာရှိ ပုဂေါဇွန်းကျေးရွာသို့ စစ်အာဏာရှင်တပ်က စစ်ကြောင်းထိုးလာသဖြင့် နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ပုဂေါဇွန်းကျေးရွာသို့ စစ်အာဏာရှင်တပ်က ဖေဖော်ဝါရီ ၂ ရက် ညပိုင်းတွင် စစ်ကြောင်းထိုးလာခဲ့ပြီး ရွာတွင် တစ်ညအိပ်စခန်းချခဲ့ကြောင်း ဒေသခံတို့က ပြောသည်။ ယနေ့ ဖေဖော်ဝါရီ ၃ ရက်၊ နံနက် ၁၁ နာရီခန့်တွင်မူ ပုဂေါဇွန်းရွာ အရှေ့ဘက်ခြမ်းတွင် တော်လှန်ရေးတပ်များနှင့် ထိတွေ့မှုဖြစ်ပြီး နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု ၎င်းတို့ကဆိုသည်။ တိုက်ပွဲအတွင်း အနည်းဆုံး ဒေသခံသုံးဦး ထိခိုက်ဒဏ်ရာရထားကြောင်းလည်း ဒေသခံအချို့က ပြောဆိုသည်။ “အခုထိလည်း (စစ်အာဏာရှင်တပ်က) လက်နက်ကြီးနဲ့ပစ်တာတွေ ရွာထဲလာကျနေသေးတယ်။ ကျွန်တော်တို့သိသလောက်ကတော့ ရွာထဲမှာ သုံးယောက်လောက် ဒဏ်ရာရထားတယ်။ လူကြီးပိုင်းတစ်ယောက်ကတော့ ထိတာများတယ်လို့တော့ ပြောတယ်” ဟု ဒေသခံတစ်ဦးက ယနေ့ မွန်းလွဲ […]

ပုလော ဆင်ထိုးကြီးရွာတွင် မြေမြှုပ်မိုင်းနင်းမိပြီး အမျိုးသမီးကြီးတစ်ဦးနှင့် ကလေးတစ်ဦး ဒဏ်ရာရ

Dawei Watch

February 3, 2026

ပုလောမြို့နယ် မြိတ်-ထားဝယ် ကားလမ်းဘေးရှိ ဆင်ထိုးကြီးရွာ အရှေ့ကမ်းတွင် အသက် ၆၆ နှစ်အရွယ် အမျိုးသမီးတစ်ဦး နေအိမ်ခြံဝန်းအတွင်း မြေမြှုပ်မိုင်းနင်းမိပြီး ဒဏ်ရာအပြင်းအထန်ရကြောင်း ယင်းကျေးရွာမှ ဒေသခံအချို့က ပြောသည်။ ဖေဖော်ဝါရီလ ၂ ရက် နံနက် ၇နာရီကျော်တွင် အထက်ဖော်ပြအမျိုးသမီးသည် အခြားအမျိုးသမီးနှစ်ဦး၊ အသက် ၁၀အရွယ် မိန်းကလေးတစ်ဦးတို့နှင့်အတူ သူငယ်ချင်းဖြစ်သူ၏ အိမ်ကို လာစဉ် နေအိမ်ခြံဝန်းနောက်ဘက်ရှိ မရမ်းသီး ခူးရန်ပြင်စဉ် မြေမြှုပ်မိုင်းနင်းမိကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “သူတို့ သူငယ်ချင်းခြံဆိုတော့ လန်ဂေါ်ရွက် (တညင်ရွက်) ဝင်ရောက်ခူးဆွတ်ပြီးနောက်တွေ မရမ်းသီးတွေ့လို့ ဝင်ခူးစား ကြတာ။ မရမ်းသီးတွေလည်း သီးနေတာမြင်တော့ ခူးဖို့သွားရင်း အပင်အောက်မှာ မိုင်းနင်းမိတာ” ဟု ၎င်းက ပြောဆိုသည်။ မိုင်းနင်းမိသဖြင့် အသက် ၆၆ နှစ်အရွယ် ဒေါ်စိန်သန်းကြည် […]

အင်ဒိုနီးရှားရေနံဂေါ့ဖားသားကို ဖမ်းဆီးနိုင်ရန် အင်တာပိုလ်က Red Notice ထုတ်

Dawei Watch

February 3, 2026

အပြည်ပြည်ဆိုင်ရာရဲတပ်ဖွဲ့ အင်တာပိုလ်က အင်ဒိုနီးရှားနိုင်ငံမှ ရေနံသူဌေးတစ်ဦးအား ဖမ်းဆီးနိုင်ရန် အလိုရှိသူအဖြစ် Red Notice ထုတ်လိုက်ကြောင်း အင်ဒိုနီးရှားရဲတပ်ဖွဲ့က ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ပြောသည်။ အမေရိကန်ဒေါ်လာ ၁၇ ဘီလီယံ အကျင့်ပျက်ခြစားမှုအရှုပ်တော်ပုံနှင့် ပတ်သက်၍ အဆိုပါ ရေနံသူဌေးအား အင်တာပိုလ်က ယင်းသို့ Red Notice ထုတ်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။ အသက် ၆၆ နှစ်အရွယ် မိုဟာမက်ရီဇာချာလစ်သည် အင်ဒိုနီးရှားတွင် ‘ဓာတ်ဆီလောက ဂေါ့ဖားသား’ ဟု အမည်ပြောင်ပေးခံထားရသူ ဖြစ်သည်။ ၂၀၁၈ ခုနှစ်မှ ၂၀၂၃ ခုနှစ်အတွင်း အင်ဒိုနီးရှားနိုင်ငံပိုင် Pertamina ရေနံကုမ္ပဏီ၏ အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံနှင့်ပတ်သက်၍ အင်ဒိုနီးရှားအာဏာပိုင်များက ၎င်းအား အလိုရှိနေသည်။ ရီဇာသည် ငွေကြေးခဝါချမှု ၊ ငှားရမ်းမှု သဘောတူညီချက်များအပေါ် […]

နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဥပဒေ စိုးရိမ်ရသည့် အနေအထားရောက်နေ

Dawei Watch

February 2, 2026

စစ်ပွဲ၏ ဆိုးကျိုးများကို ကန့်သတ်ရန် ရည်ရွယ်သည့် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဥပဒေမှာ အလွန်စိုးရိမ်ရသည့် အခြေအနေသို့ ရောက်ရှိနေကြောင်း လေ့လာမှုတစ်ခုကို ကိုးကား၍ The Guardian သတင်းတွင် ဖော်ပြသည်။ ပြီးခဲ့သည့် ၁၈ လအတွင်း လက်နက်ကိုင်ပဋိပက္ခ ၂၃ ခုကို လေ့လာထားသည့် ခိုင်လုံသော လေ့လာမှုတစ်ခုက ယင်းသို့ ကောက်ချက်ချထားကြောင်း ဖော်ပြသည်။ အဆိုပါ လက်နက်ကိုင်ပဋိပက္ခများအတွင်း အရပ်သား တစ်သိန်းကျော် သေဆုံးခဲ့ပြီး နှိပ်စက်ညှဉ်းပန်းမှုနှင့် မုဒိမ်းမှုကျူးလွန် သူများမှာလည်း အပြစ်ဒဏ်မှ ကင်းလွတ်ခွင့်ရသလောက် ဖြစ်နေကြောင်း ယင်းလေ့လာတွေ့ရှိချက်က ဆိုသည်။ ဂျီနီဗာနိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေနှင့် လူ့အခွင့်အရေးအကယ်ဒမီက လုပ်ဆောင်ခဲ့သည့် အဆိုပါ အသေးစိတ်လေ့လာမှုတွင် ဂါဇာ၌ ကလေးသူငယ် ၁၈,၅၉၂ ဦး သေဆုံးမှု ၊ ယူကရိန်းတွင် အရပ်သားထိခိုက်သေဆုံးမှု မြင့်တက်လာမှုနှင့် […]

သဲဖြူရွာအနီးရှိ စစ်ရှောင်အချို့ အရေပြားရောဂါအဖြစ်များလာပြီး ဆေးဝါးများလိုအပ်

Dawei Watch

February 2, 2026

တနင်္သာရီမြို့နယ်၊ သဲဖြူရွာအနီးတွင် တိမ်းရှောင်နေသည့် စစ်ဘေးရှောင်အချို့တွင် အရေပြားရောဂါ အဖြစ်များလာပြီး ဆေးဝါးများ လိုအပ်လျက်ရှိကြောင်း စစ်ဘေးရှောင်အရေး ကူညီနေသူများထံမှ သိရသည်။ ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ ၁၅ရက်မှစ၍ သဲဖြူရွာကို စစ်အာဏာရှင်တပ်သားများ စစ်ကြောင်းထိုးလာသဖြင့် တော်လှန်ရေး တပ်များနှင့် တိုက်ပွဲပြင်းထန်ကာ ဒေသခံများ တိမ်း‌ရှောင်နေရသည်မှာ နှစ်လကျော်လာပြီဖြစ်ကြောင်း စစ်ဘေးရှောင်အရေး ကူညီနေသူတစ်ဦးက ပြောသည်။ စစ်ဘေးရှောင်ဒေသခံ ဦးရေ ၅၀ ကျော် အရေးပြားရောဂါဖြစ်နေပြီး ဆေးထောက်ပံ့မည့်သူ မရှိသဖြင့် ဆေးဝါးများ လိုအပ်လျက်ရှိကြောင်း ၎င်းက ဆိုသည်။ “ဖြစ်နေတာက အရွယ်စုံဖြစ်တယ်။ ကလေးရော၊ လူကြီးရော ဖြစ်ကြတယ်။ တချို့တွေကလည်း တစ်ကိုယ်လုံးမှာ ဖြစ်နေတယ်။ တချို့ကလည်း ခြေတွေ၊ လက်တွေ လောက်ဖြစ်ကြတယ်” ဟု အထက်ပါ စစ်ရှောင်ကူနေသူက ပြောဆိုသည်။ ရွာနှင့်‌‌ဝေးသည့် နေရာများတွင် […]

ဒေသခံများ ပြန်မနေထိုင်သေးသည့် ဆင်ထိုးကြီးရွာတွင် မီးထပ်လောင်နေ

Dawei Watch

February 2, 2026

ပုလောမြို့နယ် ပြည်ထောင်စုကားလမ်းနံဘေးရှိ ဆင်ထိုးကြီးကျေးရွာတွင် ယနေ့ ဖေဖော်ဝါရီလ ၂ ရက် နေ့လယ်တွင် မီးထပ်မံလောင်ကျွမ်းနေကြောင်း ဒေသခံများက ပြောသည်။ မြိတ်-ထားဝယ် ပြည်ထောင်စုကားလမ်းမနံဘေးရှိ ဆင်ထိုးကြီးကျေးရွာ လမ်းလေးခွဆုံတွင် နေ့လယ် ၁၂ နာရီခန့်ကစပြီး မီးလောင်နေကြောင်း ၎င်းတို့က ဆိုသည်။ လက်တလောတွင် နေအိမ် နှစ်လုံး မီးလောင်ပျက်စီးသွားပြီဖြစ်ပြီး ဆက်လက်လောင်နေဆဲဖြစ်ကြောင်း ဒေသခံတစ်ဦးက ယနေ့ မွန်းလွဲ ၂ နာရီခန့်တွင် ပြောဆိုသည်။ ဆင်ထိုးကြီး ဒေသခံများနှင့် ပတ်ဝန်းကျင်ရွာဖြစ်သည့် ကျောက်တောင်ရွာက မီးသတ်ကားနှင့်အတူ ရွာသားအချို့ မီးလာငြှိမ်းသတ်ပေးနေကြကြောင်း ဒေသခံများထံမှ သိရသည်။ “အရင် တစ်ခါလောင်တဲ့နေရာနဲ့ နီးတယ်။ ပထမတစ်ခါ လောင်ထားတော့ မီးထပ်လောင်မှာကြောက်လို့ ပြီးခဲ့တဲ့အပတ်က ရွာသားတွေ အိမ်ပတ်ဝန်းကျင်တွေကို သွားရှင်းထားကြသေးတယ်။ အဲဒီလိုရှင်းထားတာတောင် လောင်တာဆိုတော့ ရှို့မီးပဲ ထင်တယ်” […]

တနင်္သာရီတိုင်းတွင် Facebook အသုံးပြုရခက်ခဲလာ၍ အွန်လိုင်းဈေးသည်များ TikTok ပြောင်းသုံးဟုဆို

Dawei Watch

February 2, 2026

စစ်အုပ်စုက မြန်မာနိုင်ငံတွင် Facebook အသုံးပြုရ ခက်ခဲစေရန် နည်းမျိုးစုံဖြင့် လုပ်ဆောင်နေမှုကြောင့် တနင်္သာရီတိုင်းမှ အွန်လိုင်းဈေးရောင်းသူ(Online Shop)များ ရောင်းအားကျလာသဖြင့် TikTok ပလက်ဖောင်းကို ပြောင်းလဲအသုံးပြုလာကြောင်း သိရသည်။ VPN ချိတ်ဆက်မရသည့် ပြဿနာ၊ VPN လိုင်းနှောင့်နှေးမှု ပြဿနာတို့ကြောင့် Facebook အရောင်းအဝယ်မှာ ၇၀ ရာခိုင်နှုန်းခန့် ရောင်းအားကျဆင်းသွားသည်ဟု မြိတ်မြို့က အဝတ်အထည်ရောင်းသူ Online ဈေးသည် လူငယ်အမျိုးသမီးတစ်ဦးက ပြောသည်။ “အရင်ကဆိုရင် Facebook ကနေပဲ ရောင်းကြတယ်၊ အခုနောက်ပိုင်း VPN ချိတ်ဆက်မရတဲ့ပြဿနာ ခဏခဏ ကြုံနေရတော့ TikTok ဘက်ကိုပဲ အကုန်လုံးက ပြောင်းကုန်တယ်၊ အခုနှစ် ဇန်နဝါရီလမှာဆိုရင်လည်း Facebook မှာ ဈေးရောင်းပို့စ်တစ်ခုတင်ရင် တော်တော်နဲ့ တင်မရဘူး၊ ဗီဒီယိုတစ်ပုဒ်တင်ရင်လည်း မနက်ကတင်တာ ညနေလောက်မှ […]