ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

လောင်းလုံးတွင် လက်နက်ကိုင်အချင်းချင်း ထိုးကြိတ်မှု မြို့နယ် ပအဖထံ တိုင်ကြား

Dawei Watch

February 5, 2026

လောင်းလုံးမြို့နယ်တွင် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးအား အခြားတော်လှန်ရေးတပ်မှ တပ်ဖွဲ့ဝင်အချို့က ထိုးကြိတ် သည်ဆိုပြီး လောင်းလုံးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံ တိုင်ကြားထားကြောင်း စုံစမ်းသိရှိရသည်။ ကျောင်းသား တော်လှန်ရေးတပ်က ရဲဘော်တစ်ဦးအား ထားဝယ်မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်လေးဦးခန့်က ထိုးကြိတ်ခဲ့သဖြင့် တိုင်ကြားထားကြောင်း ကျောင်းသားတော်လှန်ရေးတပ်၏ တပ်ဖွဲ့မှူးရီယမ်က ပြောသည်။ ဖေဖော်ဝါရီလ ၅ ရက်က ကျေးရွာတစ်ရွာ၏ ရိုးရာနတ်ပွဲတွင် ထည့်သွင်းကျင်းပသည့် လောင်းကစားဝိုင်းရှိ အန်ဂလုံဝိုင်းအား ကျောင်းသားတော်လှန်ရေးတပ်မှ ရဲဘော်တစ်ဦးက မှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့ကြောင်း ၎င်းက ဆိုသည်။ အန်ဂလုံဝိုင်းအား ဓာတ်ပုံရိုက်ကူးသည်ကို မြို့ပြပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင်အား ဓာတ်ပုံရိုက်သည်ဟု ဆိုပြီး ထိုးကြိတ်ကြခြင်းဖြစ်ကြောင်း တပ်ဖွဲ့မှူး ရီယမ်က ပြောဆိုသည်။ ထိုးကြိတ်သည့်အထိ လုပ်ဆောင်ခဲ့သည်ကို လက်မခံနိုင်သဖြင့် အရေးယူပေးရန် လောင်းလုံးမြို့နယ် ပအဖ အပါအဝင် ဒေသတွင်းရှိ တော်လှန်ရေးအင်အားစုများထံ စာပို့တိုင်ကြားထားကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။ ထားဝယ်မြို့ပြပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ကိုပီတာကမူ […]

စစ်အာဏာသိမ်းပြီး ၅ နှစ်အကြာမှာ ကုန်စျေးနှုန်း ဘယ်လောက်တက်သွားလဲ

Dawei Watch

February 5, 2026

စစ်အာဏာသိမ်းပြီး ၅ နှစ်ကြာလာချိန်တွင် တနင်္သာရီတိုင်း၌ ရွှေဘိုပေါ်ဆန်းတစ်ပြည် ကျပ်တစ်သောင်းအထိ ပေးနေရပြီး ဒေသအစားအစာများအပါအဝင် အထွေထွေကုန်ဈေးနှုန်းမှာ အဆပေါင်းများစွာထိုးတက်သွားသည်။ အာဏာမသိမ်းမီက အိပ်ကပ်အတွင်းငွေကျပ်တစ်ထောင်ရှိရုံဖြင့် နံနက်စာစားသောက်နိုင်သော်လည်း အာဏာသိမ်းပြီး ငါးနှစ်ကြာလာချိန်တွင်မူ လက်ဖက်ရည်ဆိုင်သွားရန် ကျပ်ငါးထောင် အနည်းဆုံးလိုအပ်လာသည်။ တနင်္သာရီတိုင်းသားများ နံနက်စာအဖြစ်စားလေ့ရှိသည့် ပဲဟင်းနံပြား၊ ဆီကျက်ခေါက်ဆွဲ၊ အီကြာကွေး၊စမူဆာ လက်ဖက်ရည် စသည့်စားစရာဈေးနှုန်းက အနည်းဆုံး ငါးဆဝန်းကျင်တက်သွားသည်။ ယင်းအပြင် ညနေနှင့် ညဘက် အဆာပြေစားလေ့ရှိသည့် လားခေါက်ဆွဲ၊ မုန့်လက်သုပ်၊ မြိတ်ကတ်ကြေးကိုက်စသည့် ဒေသအစားအစာများလည်း ဈေးတက်သွားသည်။ ယင်းအပြင် အခြေခံစားသောက်ကုန်ဖြစ်သည့် ဆန်ဈေးလည်း ငါးနှစ်တာကာလအတွင်း ပျမ်းမျှအားဖြင့် ၅ ဆကျော် ဈေးတက်သွားသည်။ မြန်မာကျပ်ငွေတန်ဖိုး ကျလာကြောင်း သိသာစေသည့်အချက်မှာ ကျပ်နှင့်ထိုင်းဘတ်ငွေလဲနှုန်းဖြစ်ပြီး ဘတ်စျေး အဆပေါင်းများစွာ တက်သွားသလို ရွှေဈေးကလည်း အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ်သိန်းတစ်ရာကျော်အထိ ဈေးမြောက်သွားသည်။ […]

စစ်အာဏာရှင်တပ်က ထားဝယ်အထူးစီးပွားရေးဇုန်ရှိ နေအိမ် ၄၀ ကျော်ကို ဆက်တိုက်မီးရှို့

Dawei Watch

February 5, 2026

ရေဖြူမြို့နယ်၊ ထားဝယ်အထူးစီးပွားရေးဇုန်အတွင်းရှိ ရလိုင်ကျေးရွာနှင့် သစ်တိုထောင့်ကျေးရွာတို့တွင် စစ်အာဏာရှင်တပ်က နှစ်ရက်အတွင်း နေအိမ် ၄၀ ကျော်ကို မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။ ရေဖြူမြို့နယ်ရှိ ရလိုင်ကျေးရွာတွင် ဖေဖော်ဝါရီလ ၃ ရက်နေ့က နေအိမ် ၄၀ ခန့်နှင့် သစ်တိုထောင့်ကျေးရွာ၌ ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် နေအိမ် ၅ လုံးတို့ကို မီးရှို့ဖျက်ဆီးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ “လမ်းကနေ ရေကြည့်ရသလောက် ရလိုင်မှာ မီးရှို့ခံရတဲ့အိမ် ၄၀ နီးပါးရှိတယ်။ တစ်ရွာလုံး အသေးစိတ်တော့ မကြည့်ရသေးဘူး” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ ဖေဖော်ဝါရီလ ၃ ရက်နေ့က ရေဖြူမြို့နယ်၊ ပုဂေါဇွန်းကျေးရွာ ဘုန်းကြီးကျောင်းတွင် တပ်စွဲထားသည့် စစ်အာဏာရှင်တပ်ကို တော်လှန်ရေးတပ်များက ဒရုန်းဗုံးချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ယင်းနောက် […]

ထားဝယ်မြစ်အတွင်း ခရီးသည်တင်ရေယာဉ် ပစ်ခတ်ခံရပြီးနောက် မြိတ်-ထားဝယ် ပြေးဆွဲခွင့်ပိတ်

Dawei Watch

February 5, 2026

သရက်ချောင်းမြို့နယ် ပင်လယ်ထွက်ဝအနီး ထားဝယ်မြစ်အတွင်း မြိတ်-ထားဝယ်ပြေးဆွဲနေသည့် အမြန်ရေယာဉ် စပိဘုတ်တစ်စင်း ပစ်ခတ်ခံရပြီးနောက် စစ်ကော်မရှင်က အမြန်ရေယာဉ်ပြေးဆွဲခွင့် ယာယီပိတ်လိုက်ကြောင်း ဒေသခံအချို့နှင့် အမြန်ရေယာဉ်လုပ်ငန်းရှင်အချို့က ပြောသည်။ ဖေဖော်ဝါရီ ၃ ရက် နံနက်ပိုင်းတွင် လဘကျေးရွာအုပ်စု ဆင်ကျန်းရွာနှင့် ကျွဲစပ်ကြား ပင်လယ်ထွက်ဝမှ ထားဝယ်မြစ်အတိုင်း မောင်းနှင်လာသည့် အမြန်ရေယာဉ်တစ်စီးပစ်ခတ်ခံခဲ့ရပြီး ပဲ့နင်းနှင့် ခရီးသည်သုံးဦးဒဏ်ရာရှိခဲ့သည်။ အထက်ပါဖြစ်စဉ်ဖြစ်ပြီးနောက် ဆိပ်ကမ်းအာဏာပိုင်ရုံးက ခရီးသွားပြည်သူများ၏ လုံခြုံရေးအခြေအနေအရ မြိတ်-ထားဝယ်ပြေးဆွဲနေသည့် အမြန်ရေယာဉ်များကို ပြေးဆွဲခွင့် ယာယီပိတ်လိုက်ကြောင်း အမြန်ရေယာဉ် လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။ “ကျွန်တော်တို့မှာလည်း ထားဝယ်သွားမယ့် ခရီးသည်တွေရှိနေတာဆိုတော့ ဆိပ်ကမ်းက တာဝန်ရှိသူတွေကို သွားညှိကြည့်သေးတယ်၊ မရဘူး။ စာထုတ်တားမြစ်တာမျိုးမဟုတ်ဘူး။ ဒေသန္တရအမိန့်နဲ့ ပြေးဆွဲခွင့်ပိတ်တာလို့ပြောတယ်” ဟု အထက်ပါလုပ်ငန်းရှင်က ပြောဆိုသည်။ ပြေးဆွဲခွင့်ကို ယာယီပိတ်မည်ဟုသာ သိရပြီး မည်သည့်နေ့ရက်တွင် ပြန်လည်ခွင့်ပြုပေးမည်ကို […]

သရက်ချောင်းမြို့နယ်တွင် အမျိုးသားတစ်ဦး ကိုင်းထောင်သွားရာမှ မိုင်းနင်းမိ

Dawei Watch

February 5, 2026

သရက်ချောင်းမြို့နယ်၊ သဲချောင်းသားကျေးရွာတွင် ဖေဖော်ဝါရီလ ၄ ရက်နေ့ နံနက်ပိုင်းက အမျိုးသားတစ်ဦး ကိုင်းထောင်သွားရာမှ မြေမြှုပ်မိုင်း နင်းမိခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။ မိုင်းနင်းမိသူမှာ သရက်ချောင်းမြို့နယ်၊ စုံစင်ဖျားကျေးရွာမှ အသက် ၄၀ ကျော်အရွယ်ရှိ ဦးစုကမ်း ဆိုသူဖြစ်ပြီး၊ ၎င်းမှာ သဲချောင်းသားကျေးရွာ၏ တောင်ဘက်ရှိ တောစပ်တစ်နေရာတွင် သားကောင်များ ဖမ်းဆီးရန် ကိုင်းထောင်သွားရာမှ မိုင်းနင်းမိခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “သူက ဒီမှာ ရာဘာခြစ်သမားပေါ့နော်။ ကိုင်းထောင်ဖို့ဆိုပြီး တောစပ်ကို တက်သွားရာကနေ မိုင်းနင်းမိသွားတာ။ မနက် ၈ နာရီလောက်ရှိမယ်။ ပေါက်ကွဲသံလည်း ကြားရရော၊ သူထိသွားလို့ အနားက ခြံပိုင်ရှင်တွေကို လှမ်းခေါ်တော့မှ သိသွားကြတာ” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောပြသည်။ ဦးစုကမ်းမှာ မြေမြှုပ်မိုင်း နင်းမိပေါက်ကွဲမှုကြောင့် ခြေထောက်နှစ်ဖက်စလုံးတွင် […]

အမေရိကကို အာဏာရှင်နိုင်ငံဖြစ်ရန် ထရမ့် ဖန်တီးနေပြီဟု HRW ပြော

Dawei Watch

February 5, 2026

သမ္မတဒေါ်နယ်ထရမ့်သည် အမေရိကန်ပြည်ထောင်စုကို အာဏာရှင်နိုင်ငံတစ်ခုဖြစ်အောင် ဖန်တီးနေကြောင်း Human Rights Watch (HRW) အဖွဲ့က ဖေဖော်ဝါရီ ၄ ရက်နေ့တွင် သတိပေးလိုက်သည်။ ကမ္ဘာတစ်ဝန်း ဒီမိုကရေစီကျဆင်းမှု ဆယ်စုနှစ်လေးခုအတွင်း အနိမ့်ဆုံးအဆင့်သို့ ရောက်ရှိနေချိန်တွင် ထရမ့်က ယင်းသို့ ဖန်တီးနေခြင်းဖြစ်ကြောင်း နယူးယောက်အခြေစိုက် HRW အဖွဲ့က ဆိုသည်။ လူ့အခွင့်အရေးကိစ္စရပ်များမှာ ရုရှားနှင့် တရုတ်နိုင်ငံတို့ကြောင့် ဖိအားအောက် ကျရောက်နေပြီးသားဖြစ်ရာ ဒေါ်နယ်ထရမ့် အိမ်ဖြူတော်သို့ တစ်ကျော့ပြန် ရောက်လာခြင်းက ယင်းအခြေအနေများကို ပိုမိုဆိုးရွားသွားစေကြောင်း HRW အဖွဲ့၏ နှစ်ပတ်လည် အစီရင်ခံစာတွင် ဖော်ပြထားသည်။ ‘ထရမ့်အစိုးရက လူမျိုးရေးနှင့် လူနည်းစုအခြေခံအပြစ်ပုံချခြင်း၊ အာဏာတိုးချဲ့ရယူနိုင်ရေးအတွက် မဟုတ်မမှန် အကြောင်းပြချက်ဖြင့် နိုင်ငံအတွင်း၌ အမျိုးသားအစောင့်တပ်ဖွဲ့များကို ဖြန့်ကျက်ခြင်း၊ ထရမ့်အား ဝေဖန်သည့် အရာရှိဟောင်းများနှင့် နိုင်ငံရေးရန်သူဟု ယူဆရသူများအပေါ် […]

မဟာချိုင်တွင် အလှကုန်ပစ္စည်းအတု နှစ်သိန်းကျော်နှင့်အတူ မြန်မာအမျိုးသမီးတစ်ဦးကို ဖမ်းမိ

Dawei Watch

February 4, 2026

ထိုင်းနိုင်ငံ၊ စမွတ်စခွန်ခရိုင် မဟာချိုင်ရှိ ဂိုထောင်တစ်လုံးတွင် အလှကုန်ပစ္စည်းအတု နှစ်သိန်းကျော်ကို အာဏာပိုင်များက စစ်ဆေးတွေ့ရှိခဲ့ပြီး ပိုင်ရှင်ဖြစ်သူ မြန်မာအမျိုးသမီးတစ်ဦးကို ဖမ်းဆီးမိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ယနေ့ ဖေဖော်ဝါရီလ ၄ ရက်နေ့က စမွတ်စခွန်မြို့ နာဒီးဒေသရှိ ပစ္စည်းသိုလှောင်ရုံတစ်ခုကို စီးပွားရေးဆိုင်ရာမှုခင်းနှိမ်နင်းရေးဌာနနှင့် CIB ရဲတပ်ဖွဲ့ဝင်များက ဝရမ်းနှင့်အတူ ရှာဖွေစဉ် အလှကုန်ပစ္စည်းအတုများကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ဆံပင်ထိန်းသိမ်းရေးပစ္စည်း၊ ခေါင်းလျှော်ရည်နှင့် အခြားနာမည်ကြီး အလှကုန်ပစ္စည်းများကို အွန်လိုင်းမှတစ်ဆင့် ဈေးလျှော့ရောင်းချနေသည်ဟု ကုမ္ပဏီများက တိုင်ကြားလာသဖြင့် ရဲတပ်ဖွဲက ဝရမ်းနှင့်အတူ သိုလှောင်ရုံကို ရှာဖွေစစ်ဆေးခဲ့ခြင်းဖြစ်သည်။ သိုလှောင်ရုံကို စစ်ဆေးစဉ် ပိုင်ရှင်ဖြစ်သော မြန်မာနိုင်ငံသား အမျိုးသမီးတစ်ဦးကို တွေ့ရပြီး အထဲတွင် ခေါင်းလျှော်ရည်၊ သွားတိုက်ဆေး၊ ဆံပင်ပေါင်းဆေးကဲ့သို့ နာမည်ကြီး အမှတ်တံဆိပ် အလှကုန်ပစ္စည်းအတုပေါင်း နှစ်သိန်းကျော်ကို စစ်ဆေးတွေ့ရှိခဲ့သည်။ မြန်မာအမျိုးသမီးက […]

ထားဝယ်အထူးစီးပွားရေးဇုန်ဒေသတွင် စစ်အာဏာရှင်တပ် ကျေးရွာနှစ်ရွာကို ဆက်တိုက်မီးရှို့

Dawei Watch

February 4, 2026

ရေဖြူမြို့နယ်၊ ထားဝယ်အထူးစီးပွားရေးဇုန်ဒေသ ပုဂေါဇွန်းကျေးရွာတွင် တပ်စွဲထားသည့် စစ်အာဏာရှင်တပ်ကို တော်လှန်ရေး တပ်ဖွဲ့တစ်ဖွဲ့က ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ပြီးနောက် စစ်အာဏာရှင်တပ်က ကျေးရွာနှစ်ရွာကို မီးရှို့ဖျက်ဆီးကြောင်း ဒေသခံများက ပြောသည်။ ပုဂေါဇွန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် တပ်စွဲထားသည့် စစ်အာဏာရှင်တပ်ကို တော်လှန်ရေးတပ်ဖွဲ့က ဖေဖော်ဝါရီလ ၃ရက် နံနက်ပိုင်းတွင် ဗုံးချတိုက်ခိုက်ကြောင်း ၎င်းတို့က ဆိုသည်။ ယင်းနောက် စစ်အာဏာရှင်တပ်က ရလိုင်နှင့် သစ်တိုထောင့်ကျေးရွာများဘက်သို့ လက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကြောင်းထိုးကာ မွန်းလွဲပိုင်းမှ စပြီး ယနေ့ ဖေဖော်ဝါရီလ ၄ရက် နံနက်အထိ နေအိမ်များကို ဆက်တိုက်မီးရှို့ကြောင်း ဒေသခံများက ပြောဆိုသည်။ နှစ်ရက်ဆက်တိုက် မီးရှို့နေသောကြောင့် ရလိုင်ကျေးရွာရှိ နေရာ ငါးနေရာတွင် မီးလောင်နေသည်ကို ဖေဖော်ဝါရီလ ၃ ရက် မွန်းလွဲပိုင်းက တွေ့ရှိခဲ့ရပြီး နေအိမ် ၃၀ ထက်မနည်း […]