ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ထိုင်းရွေးကောက်ပွဲ မနက်ဖြန် ကျင်းပမည်၊ People’s Party ခေါင်းဆောင် ဝန်ကြီးချုပ်ဖြစ်ရန် ရေပန်းစား

Dawei Watch

February 7, 2026

ထိုင်းနိုင်ငံ၏ ၂၀၂၆ ခုနှစ် အထွေထွေရွေးကောက်ပွဲကို မနက်ဖြန် ဖေဖော်ဝါရီလ ၈ ရက် တနင်္ဂနွေနေ့တွင် ကျင်းပတော့မည်ဖြစ်သည်။ ထိုင်းနိုင်ငံ၏ လူဦးရေ ၇၁ သန်းကျော်အနက် မဲပေးခွင့်ရှိသူဦးရေ ၅၃ သန်းကျော်ရှိနေပြီး လွှတ်တော်အမတ် ၅၀၀ ကို မဲပေးရွေးချယ်သွားမည်ဖြစ်သည်။ ယခုရွေးကောက်ပွဲတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ အသစ် ရေးဆွဲရန် သင့်မသင့် လူထုဆန္ဒခံယူပွဲကိုပါ တစ်ပြိုင်တည်း ကျင်းပသွားမည်ဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေအတွက် ဆန္ဒမဲပေးရာတွင် ရွေးချယ်ရန် သုံးမျိုးပါဝင်ပြီး ‘သဘောတူ’ ၊ ‘မတူ’ ၊ ‘မှတ်ချက်မပြုလို’ စသည့်ထဲက တစ်ခုကို ရွေးချယ် မဲပေးရမည်ဖြစ်သည်။ မဲရုံများကို နံနက် ၈ နာရီတွင် ဖွင့်လှစ်မည်ဖြစ်ပြီး ညနေ ၅ နာရီတွင် ပိတ်သိမ်းကာ မဲစတင်ရေတွက်မည်ဖြစ်သည်။ ပြီးခဲ့သော ၂၀၂၃ ခုနှစ် […]

စစ်အာဏာရှင်တပ်က မင်းပြင်ရွာကို ဒရုန်းဖြင့် ဗုံးချသဖြင့် ဒေသခံတစ်ဦးသေဆုံး

Dawei Watch

February 6, 2026

ပုလောမြို့နယ်၊ ပလမြို့၊ မင်းပြင်ရွာကို စစ်အာဏာရှင်တပ်က ဒရုန်းဖြင့် ဗုံးချသဖြင့် ‌ဒေသခံအမျိုးသားတစ်ဦး သေဆုံးကြောင်း ဒေသခံများထံမှ သိရသည်။ ဖေဖော်ဝါရီလ ၆ရက် နံနက် ၈နာရီခွဲတွင် မင်းပြင်ရွာ ဘုန်းကြီးကျောင်းအနီးဝန်းကျင်ရှိ နေအိမ်တစ်‌ဆောင်ကို ဒရုန်းဖြင့် ဗုံးသီးနှစ်ကြိမ်ချကြောင်း ဒေသခံတစ်ဦးက ပြောသည်။ နေအိမ်ကို ဒရုန်းဖြင့် ဗုံးချစဥ် ပထမအကြိမ်တွင် ဗုံးပေါက်ကွဲပြီး အသက် ၄၀ ဝန်းကျင်အရွယ် အမျိုးသားတစ်ဦး ဒဏ်ရာရကြောင်း ၎င်းက ဆိုသည်။ ဒုတိယအကြိမ်တွင်မူ ဗုံးမပေါက်ကွဲကြောင်း အထက်ပါဒေသခံက ပြောဆိုသည်။ ဒဏ်ရာရရှိသည့်အမျိုးသားကို ဆေးရုံသို့ ပို့ဆောင်စဥ် လမ်းတွင် သေဆုံးကြောင်း ဒေသခံများထံမှ သိရသည်။ “ဘုန်းကြီးကျောင်းဝင်တဲ့ လမ်းမှာအိမ်တွေရှိတယ်။ အိမ်‌ပေါ်ကို နှစ်ခါချတယ်။ တစ်ကြိမ် ကွဲတယ်။ မျက်လုံးရော၊ ခြေတွေရော ထိသွားလို့ ဆေးရုံကိုသွားပို့ပေးတာ ၁၀ […]

စစ်အာဏာရှင်တပ် လက်နက်ကြီးဖြင့် ပစ်ခတ်နေသောကြောင့် ဘီးလင်းဒေသခံ ငါးထောင်နီးပါးထွက်ပြေးနေရ

Dawei Watch

February 6, 2026

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်း စစ်အာဏာရှင်တပ်က လက်နက်ကြီးဖြင့် နေ့စဉ်ရက်ဆက်ပစ်ခတ်နေသောကြောင့် ကျေးရွာ ၁၀ ရွာခန့်က ဒေသခံ ငါးထောင်နီးပါး ထွက်ပြေးတိမ်းရှောင်နေရပြီး အကူအညီများ လိုအပ်နေကြောင်း အကူအညီပေးနေသူများထံမှ သိရသည်။ ဘီးလင်းမြို့နယ်အခြေစိုက် စစ်အာဏာရှင်တပ် ခြေမြန်တပ်ရင်း ခမရ (၃) နှင့် ကျိုက်ထိုမြို့နယ်အခြေစိုက် အမှတ် (၃၁၀) အမြောက်တပ်ရင်းတို့က ကျေးရွာများဘက်သို့ လက်နက်ကြီးများဖြင့် နေ့စဉ်ပစ်ခတ်နေကြောင်း ဒေသခံများက ပြောသည်။ ယင်းသို့ ပစ်ခတ်နေခြင်းကြောင့် အလူး၊ ဖိုးဝါးသိမ်၊ ဒေါက်ရပ် စသော ကျေးရွာအုပ်စုများရှိ ကျေးရွာ ၁၀ ခန့်က ဒေသခံပြည်သူ ငါးထောင်နီးပါး ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံများ၊ ကူညီပေးနေသူများက ဆိုသည်။ ဘီးလင်းမြို့နယ်အတွင်း စစ်အာဏာရှင်တပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတော်လှန်ရေး တပ်တို့အကြား တိုက်ပွဲများ နေ့စဉ်နီးပါးဖြစ်ပွားနေပြီး လတ်တလောတွၚ်လည်း ရန်ကုန်-မော်လမြိုင်လမ်းတစ်လျှောက်ရှိ […]

တနင်္သာရီ ရမ်းဖိုရွာကို စစ်အာဏာရှင်တပ် ဒရုန်းဗုံးချသဖြင့် နေအိမ်နှစ်ဆောင် မီးလောင်

Dawei Watch

February 6, 2026

တနင်္သာရီမြို့နယ်၊ ရမ်းဖိုရွာကို ဇဝဲကျေးရွာအခြေစိုက် စစ်အာဏာရှင် အမှတ် ၅၅၆ ခြေမြန်တပ်ရင်းက ဒရုန်းဖြင့် ဗုံးချသဖြင့် နေအိမ်နှစ်ဆောင် မီးလောင်ပျက်စီးကြောင်း ဒေသခံများထံမှ သိရသည်။ ဖေဖော်ဝါရီလ ၅ရက် နံနက် ၁၀နာရီခန့်တွင် စစ်အာဏာရှင်အမှတ် ၅၅၆ ခြေမြန်တပ်ရင်းက ဒရုန်းဖြင့် ဗုံးချကြောင်း ၎င်းတို့က ပြောသည်။ ခမရ ၅၅၆ ဘက်က ဒရုန်းတက်လာသည်ကို မြင်တွေ့ရကြောင်း ဒေသခံများက ဆိုသည်။ မီးလောင်ပျက်စီးသွားသည့် နေအိမ်နှစ်ဆောင်သည် ခြံတစ်ခုတည်းတွင်ရှိပြီး အိမ်ဆောက်ရန်အတွက် စုထားသည့် သစ်ခွဲသားတစ်တန်ကျော်လည်း မီးလောင်ဆုံးရှုံးကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “အိမ်က ပျဥ်ခင်း၊ ဓနိမိုး၊ ထရံကာ၊ အိမ်နှစ်ဆောင်လုံး မီးလောင်ပြာကျသွားတယ်။ အိမ်မှာက လူမနေတာကြာပြီ၊ စစ်ရှောင်နေကြတယ်။ ရွာသားတွေအကုန် စစ်ရှောင်နေကြရတယ်လေ” ဟု ၎င်းက ပြောဆိုသည်။ ဒရုန်းဖြင့် […]

အဏုမြူလက်နက် ကန့်သတ်စာချုပ် New START ကိုသက်တမ်းတိုးရန် ပူတင်၏ ကမ်းလှမ်းမှု ထရမ့် ပယ်ချ

Dawei Watch

February 6, 2026

အမေရိကန်နှင့် ရုရှားအကြား မဟာဗျူဟာမြောက်အဏုမြူလက်နက်များ ဖြန့်ကျက်ချထားမှုအပေါ် ကန့်သတ်သည့် New START စာချုပ်ကို သက်တမ်းတိုးရန် ရုရှားသမ္မတဗလာဒီမာပူတင်၏ ကမ်းလှမ်းမှုကို အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ဖေဖော်ဝါရီလ ၅ ရက်နေ့က ပယ်ချလိုက်သည်။ ၂၀၁၀ ခုနှစ် သဘောတူညီချက်ပါအတိုင်း ဒုံးကျည်များ၊ လေယာဉ်များနှင့် ရေငုပ်သင်္ဘောများအပါအဝင် ပစ်လွှတ်မှုစနစ် ၇၀၀ ပေါ်တွင် အဏုမြူထိပ်ဖူး ၁,၅၅၀ ခုထက် မပိုစေရန် ကန့်သတ်ချက်ကို နောက်ထပ်တစ်နှစ်ကြာ ဆက်လက်လိုက်နာရန် ပူတင်က အဆိုပြုကမ်းလှမ်းခဲ့ခြင်း ဖြစ်ပြီး ထရမ့်က ယင်းသို့ ပယ်ချလိုက်သည်။ “New START စာချုပ်ကို သက်တမ်းတိုးမယ့်အစား အနာဂတ်ကာလရှည်အထိ တည်တံ့စေမယ့် စာချုပ်သစ်တစ်ရပ်ပေါ်လာအောင် ကျွန်တော်တို့ရဲ့ အဏုမြူကျွမ်းကျင်သူတွေကို မွမ်းမံပြုပြင်ရေးဆွဲ စေသင့်တယ်” ဟု ထရမ့်က ၎င်း၏ Truth Social ဆိုရှယ်မီဒီယာပလက်ဖောင်းပေါ်တွင် […]

မြိတ် တောင်ပုရွာတွင် တပ်စွဲထားသည့် စစ်အာဏာရှင်တပ်ကို တော်လှန်ရေးတပ်များတိုက်ခိုက်

Dawei Watch

February 6, 2026

မြိတ်မြို့နယ်၊ မဇောကျေးရွာအုပ်စု၊ တောင်ပုရွာရှိ ဘုရားတောင်တွင် တပ်စွဲထားသည့် စစ်အာဏာရှင်တပ်သားများကို တော်လှန်ရေးတပ်များက သွားရောက်တိုက်ခိုက်ကြောင်း ဒေသခံများ၊ တော်လှန်ရေးတပ်နှင့် နီးစပ်သူများထံမှ သိရသည်။ ဖေဖော်ဝါရီလ ၄ ရက် ည ၉ နာရီခွဲခန့်တွင် သွားရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။ ဖေဖော်ဝါရီ ၅ရက် နံနက် ၇နာရီခန့်တွင်လည်း တောင်ပုရွာနှင့် ခုံမော်ရွာကြား တံတားအနီးသို့ လမ်းကင်းထွက်လာသည့် စစ်အာဏာရှင် တပ်သားများကို တော်လှန်ရေးတပ်များက မိုင်းဆွဲတိုက်ခိုက်ကြောင်း ၎င်းက ဆိုသည်။ ယင်းနေ့ နေ့လယ်ပိုင်းတွင်လည်း ပစ်ခတ်သံများကြားရကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “သေနတ်သံတွေ တအားပဲကြားနေရတယ်။ (ဖေဖော်ဝါရီ ၅) နေ့ဘက် ပစ်နေကြတယ်။ လက်နက်ကြီးနဲ့ သေနတ်သံတွေကို ကြေးနန်းတိုင်တံတားကနေတောင် ကြားနေရတယ်” ဟု ကြေးနန်းတိုင်ရွာ ဒေသခံတစ်ဦးက ပြောသည်။ […]

ရန်ကုန်-ထားဝယ်ကားလမ်းရှိ စစ်အာဏာရှင်တပ်ဂိတ်များတွင် ကုန်ပစ္စည်းများ သိမ်းဆည်းခံရ

Dawei Watch

February 6, 2026

ပြည်ထောင်စုကားလမ်းမ ရန်ကုန်-ထားဝယ်လမ်းပိုင်းရှိ စစ်အာဏာရှင်တပ်စစ်ဆေးရေးဂိတ်များတွင် ဖြတ်သန်းသွားလာ သည့် ကားများတွင် တင်ဆောင်လာသည့် ကုန်ပစ္စည်းများကို ဖွင့်ဖောက်စစ်ဆေးပြီး သိမ်းယူနေကြောင်း ကားသမားများနှင့် စျေးသည်များထံမှ သိရသည်။ ၂၀၂၅ ခုနှစ် နှောင်းပိုင်းကစပြီး ယင်သို့ စစ်ဆေးသိမ်းဆည်းမှုကို ပိုမိုလုပ်ဆောင်လာကြောင်း ၎င်းတို့က ပြောသည်။ ရန်ကုန်-ထားဝယ် ကားလမ်းပိုင်းတွင် စစ်အာဏာရှင်တပ်စစ်ဆေးရေးဂိတ် ၄၀ကျော်ရှိသည့်အနက် ထားဝယ်ခရိုင် အတွင်းရှိ ကလိန်အောင်တံတားစစ်ဆေးရေးဂိတ်နှင့် မွန်ပြည်နယ် ကျိုက်ထိုမြို့အနီး မရမ်းချောင်း စစ်ဆေးရေးဂိတ်တို့မှာ ပစ္စည်းများ ဖွင့်ဖောက်သိမ်းဆည်းမှု အများဆုံးဖြစ်ကြောင်း သိမ်းယူခံရဖူးသည့် ကာယကံရှင်များထံမှ သိရသည်။ “ကလိန်အောင်ဂိတ်က အတော်ဆိုးတယ်။ ကုန်စိမ်းတွေဆို ယူတာများတယ်။ ဟင်းသီးဟင်းရွက်တို့ ငါးခြောက်တို့ဆိုလည်း ယူတာပဲ။ ကုန်ခြောက်တွေမှာဆို သီဟိုဠ်စေ့ လက်ဆောင်ဘူးလေး နှစ်ဘူးလောက်ပါလည်း မျှောစာ (ကုန်ပစ္စည်းသယ်ခွင့် လက်မှတ်) နဲ့ သယ်ဖို့လိုတယ်။ ရှာကြံပြီးရစ်တယ်” […]

မော်လမြိုင်မြို့ပေါ်က လူနေအိမ် ၂၀ ကျော်ကို ကျူးကျော်ဆိုပြီး လိုက်လံဖြိုဖျက်

Dawei Watch

February 5, 2026

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ပေါ်ရှိ ရပ်ကွက်အချို့က လူနေအိမ်များကို ကျူးကျော်ဆောက်လုပ်ထားသည်ဆိုပြီး စစ်ကော်မရှင် လက်အောက်ခံအဖွဲ့အစည်းများက လိုက်လံဖြိုချဖျက်ဆီးမှု ဆက်တိုက်လုပ်ဆောင်နေကြောင်း မြို့ခံများထံမှ သိရသည်။ မုပွန်ရပ်ကွက် ရထားဘူတာဟောင်းအနီးက လူနေအိမ် အလုံး ၂၀ ကျော်ကို ယခု ဇန်နဝါရီလ ၃၁ ရက်တွင် အင်အားအလုံးအရင်းဖြင့် ဖြိုချဖျက်ဆီးခဲ့ကြောင်း ရပ်ကွက်နေပြည်သူများက ပြောသည်။ ဖြိုချဖျက်ဆီးခံရသည့် နေအိမ်များသည် နှစ်အတန်ကြာ နေထိုင်နေကြသူများဖြစ်ပြီး အိမ်များလည်း အခိုင်အမာ ဆောက်ထားသည့် တိုက်အိမ်များလည်း ပါဝင်ကြောင်း ၎င်းတို့က ဆိုသည်။ “အစိုးရပိုင်တဲ့ မြေထဲကို ကျူးကျော်ပြီး ဝင်နေနေတယ်ဆိုပြီး အိမ်တွေကို လာဖျက်ဆီးသွားတယ်။ အိမ်တွေက အခုမှ ဝင်နေနေကြတာ မဟုတ်ဘူး။ တချို့ဆို ဆယ်စုနှစ်နဲ့ချီ နေနေကြတယ်။ အိမ်တွေဆိုရင် တိုက်အိမ်တွေ အိမ်အကောင်းတွေ ဖြစ်နေကြပြီ။ အခုမှ ကျူးကျော်ဆိုပြီး […]