ယုံကြည်မှု ပြန်တည်ဆောက်ရန် ဂရင်းလန်းကျွန်းသို့ အမေရိကန်အထက်လွှတ်တော်အမတ်များ သွားရောက်
Dawei Watch
February 10, 2026ဂရင်းလန်းနှင့် ယုံကြည်မှုကို ပြန်တည်ဆောက်ရန် အမေရိကန်အထက်လွှတ်တော် ကိုယ်စားလှယ်အဖွဲ့တစ်ခုက ဂရင်းလန်းကျွန်းသို့ သွားရောက်ခဲ့ကြောင်း AFP သတင်းတွင် ဖော်ပြသည်။ ယင်းခရီးစဉ်မှာ ဂရင်းလန်ကျွန်းကို သိမ်းပိုက်မည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ခြိမ်းခြောက်မှုများကြောင့် ပျက်ပြားသွားခဲ့ရသည့် ယုံကြည်မှုကို ပြန်လည်တည်ဆောက်ရန်ဖြစ်ကြောင်း အမေရိကန်အထက်လွှတ်တော်အမတ်များက ဖေဖော်ဝါရီလ ၉ ရက်တွင် ထုတ်ဖော်ပြောကြားသည်။ ဒိန်းမတ်ပိုင် ဂရင်းလန်းကျွန်းကို လိုအပ်လျှင် အင်အားသုံး၍ သိမ်းပိုက်မည်ဖြစ်ကြောင်း ထရမ့်က အကြိမ်ကြိမ် ခြိမ်းခြောက်ထားသောကြောင့် ဥရောပ မဟာမိတ်နိုင်ငံများအကြား စိုးရိမ်မှုများ မြင့်တက်လာခဲ့သည်။ ရုရှားနှင့် တရုတ်တို့ထံမှ လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုများ ရှိနေသောကြောင့် ဂရင်းလန်းကျွန်းကို သိမ်းပိုက်ရန် ထရမ့်က အကြောင်းပြသည်။ “ဒုတိယကမ္ဘာစစ်ပြီးကတည်းက တည်ဆောက်ခဲ့တဲ့ ယုံကြည်မှုဟာ စကားလုံးအနည်းငယ်ကြောင့်ပဲ ပျက်စီးယိုယွင်း သွားခဲ့ရပါတယ်” ဟု ရီပတ်ဘလစ်ကန် ဆီးနိတ်လွှတ်တော်အမတ် လီဆာ […]


