ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ဥရောပ ဘောလုံးကြယ်ပွင့် ဖြစ်လာတဲ့ ဒုက္ခသည်စခန်းမှ ကချင်တိုင်းရင်းသူလေး

Dawei Watch

January 30, 2026

ဒုက္ခသည်စခန်းက ဖုန်တထောင်းထောင်ကြားမှာ ဘောလုံးကစားနေတဲ့ ကချင်တိုင်းရင်းသူလေးဟာ အခုတော့ ဥရောပဘောလုံးစင်မြင့်ထက်မှာ ကြယ်ပွင့်တစ်ဦး ဖြစ်နေပါပြီ။ သူကတော့ ရိုမေးနီးယားရဲ့ နာမည်ကြီး ရက်ပစ်ဘူခါရက် (Rapid București) အသင်းမှာ တိုက်စစ်နဲ့ ကွင်းလယ် နှစ်နေရာလုံး ပိုင်ပိုင်နိုင်နိုင် ကစားပြနေသူ ဘောမ်လုံ ဂလောင်း (Bawm Lung Galau) ပါပဲ။ သူမရဲ့ ဘဝဖြတ်သန်းမှုက ကြမ်းတမ်းလွန်းပါတယ်။ အသက် ၂ နှစ်အရွယ်လောက်ကတည်းက စစ်ပွဲတွေကြားကနေ မလေးရှားကို တိမ်းရှောင်ခဲ့ရသလို၊ အဲဒီကနေတစ်ဆင့် ရိုမေးနီးယားနဲ့ ဒိန်းမတ်နိုင်ငံတွေဆီ ဒုက္ခသည်အဖြစ် အဆင့်ဆင့် ကူးပြောင်းရောက်ရှိသွားခဲ့ပါတယ်။ ဒုက္ခသည်စခန်းတွေဟာ ဘောမ်လုံ ဂလောင်းအတွက်တော့ ငယ်ဘဝရဲ့ ကစားကွင်းတွေပါပဲ။ ကျပ်တည်းလွန်းတဲ့ ဒုက္ခသည်စခန်းတွေထဲမှာ ရှင်သန်နေထိုင်ခဲ့ရပေမဲ့ ဘောမ်လုံ ဂလောင်းဟာ ဘောလုံးသမားဖြစ်ချင်တဲ့ သူမရဲ့ စိတ်ကူးကို မစွန့်လွှတ်ခဲ့ပါဘူး။ […]

အီရန်တွင် ဆန္ဒပြသူများကို ဆေးကုပေးသည့် ဆရာဝန်များ ဖမ်းဆီးခံရ

Dawei Watch

January 29, 2026

အီရန်တွင် အစိုးရဆန့်ကျင်ရေးဆန္ဒပြသူများကို ဆေးကုသပေးသည့် ဆရာဝန်များ ဖမ်းဆီးခံနေရပြီး ခွဲစိတ်ဆရာဝန် တစ်ဦးထက်မနည်းမှာ သေဒဏ်ချမှတ်ခံရနိုင်သည့် အန္တရာယ်နှင့် ရင်ဆိုင်နေရကြောင်း The Guardian သတင်းတစ်ရပ်တွင် ဖော်ပြသည်။ ဆန္ဒပြသူများကို အီရန်အစိုးရ၏ အကြမ်းဖက်နှိမ်နင်းမှုကြောင့် ဒဏ်ရာရသူ သောင်းနှင့်ချီရှိသည့်အနက် အချို့ကို အဆိုပါ ဆရာဝန်များက ကယ်တင်ကုသပေးနေခြင်းဖြစ်ကြောင်း သိရသည်။ အီရန်အာဏာပိုင်များ၏ အဆိုပါ ဖမ်းဆီးမှုများနှင့် သေဒဏ်ပေးမှုများမှာ ‘လက်စားချေ’ စစ်ဆင်ရေးတစ်ခု ဖြစ်ကြောင်း လူ့အခွင့်အရေးအဖွဲ့များကဝေဖန်ထောက်ပြသည်။ အနီးကပ် သေနတ်ဖြင့် ပစ်သတ်ခံရသည့် ဆန္ဒပြသူများ၊ ဓားဖြင့် အထိုးခံရသူများကို အဆိုပါ ဆရာဝန်များက လျစ်လျူမရှုဘဲ ယာယီဆေးကုသဆောင်များဖြင့် ကုသပေးခဲ့ကြောင်း သိရသည်။ အသက် ၅၂ နှစ်အရွယ် ခွဲစိတ်ဆရာဝန်တစ်ဦးမှာ သေဒဏ်ကျခံရနိုင်သည့် “ဘုရားသခင်ကို စစ်ကြေညာခြင်း” (Moharebeh) အမှုဖြင့် စွဲချက်တင်ခံထားရသည်။ ၎င်းအား […]

လောင်းလုံး ညင်းမော်ရွာအနီး တိုက်ပွဲဖြစ်

Dawei Watch

January 29, 2026

လောင်းလုံးမြို့နှင့် နှစ်မိုင်ခန့်အကွာတွင် တည်ရှိသည့် ညင်းမော်ကျေးရွာအနီးတွင် စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေး တပ်တို့ကြား ယနေ့ နံနက်ပိုင်းတွင် နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ လောင်းလုံးမြို့မှ ယနေ့ ဇန်နဝါရီလ ၂၉ရက် နံနက် ၃ နာရီခန့်တွင် ညင်းမော်ကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာသော စစ်အာဏာရှင်တပ်ကို နံနက် ၁၁ နာရီခန့်တွင် တော်လှန်ရေးတပ်တို့က ပစ်ခတ်တိုက်ခဲ့ရာမှ နှစ်ဖက်တိုက်ပွဲဖြစ်ကြောင်း ဒေသခံများက ဆိုသည်။ “ရွာအနောက်မှာ ဖြစ်တယ်။ (စစ်အာဏာရှင်တပ်က) သူတို့က တော (လမ်း) ကြောင်းအတိုင်း လာကြတော့ အဲဒီမှာ ထိတွေ့မှု ဖြစ်ကြတာ” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ ညင်းမော်ရွာသည် ရှင်ကိုးရှင် စာရင်းဝင် ရှင်မော်ဘုရားကိုသွားသည့် လမ်းမပေါ်တွင် တည်ရှိသည်။ ညင်းမော်ကျေးရွာတွင် စစ်အာဏာရှင်တပ် တပ်စွဲထားသည်မှာ သုံးလနီးပါးကြာလာပြီဖြစ်ရာ ယနေ့ […]

ကန်ချနဘူရီတွင် တရားမဝင် ဝင်လာသော မြန်မာ တစ်ရာကျော် ဖမ်းဆီးခံရ

Dawei Watch

January 29, 2026

ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင်တွင် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်လာသော မြန်မာနိုင်ငံသား ၁၁၀ ကျော် ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ယနေ့ ဇန်နဝါရီလ ၂၉ ရက် နံနက် ၂ နာရီတွင် ထိုးဖားဖမ်းဒေသ ထာ့ခနူနေရာရှိ ကမ်းစပ်တွင် မြန်မာနိုင်ငံသားများက ရေလှောင်ကန်ကိုဖြတ်ပြီး အုပ်စုလိုက် တရားမဝင် ဝင်လာကြောင်း သတင်းရရှိသဖြင့် နယ်မြေခံ အုပ်ချုပ်ရေးအဖွဲ့များက သွားရောက်စစ်ဆေးခဲ့ကြောင်း ဆိုသည်။ စစ်ဆေးစဉ် ကားသုံးစီး ရပ်ထားသည်ကို တွေ့ရှိခဲ့ပြီး ကားနောက်ပိုင်းကို တာလပတ်များဖြင့် ဖုံးထားသည်ကို တွေ့ရှိခဲ့ကြောင်း ဖော်ပြသည်။ ကားမောင်းသမားများကို စစ်ဆေးခဲ့ရာ အသက် ၁၆ နှစ်အရွယ် ထိုင်းကားသမားတစ်ဦးကို တွေ့ရှိခဲ့ပြီး ကျန်ကားသမားများမှာ ထွက်ပြေးလွတ်မြောက်သွားသည်။ ကားများထဲတွင် မြန်မာနိုင်ငံသား အမျိုးသား၊ အမျိုးသမီးနှင့် ကလေးငယ်များအပါအဝင် ၁၁၂ ဦးကို […]

ပုလောမြို့နယ် တိုရွာရှိ နေအိမ်များကို စစ်အာဏာရှင်တပ်က မီးရှို့ဖျက်ဆီး

Dawei Watch

January 29, 2026

စစ်အာဏာရှင်တပ်သားများက မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပလမြို့၊ တိုရွာရှိ နေအိမ်များကို မနေ့ညက မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများထံမှ သိရသည်။ ဇန်နဝါရီလ ၂၈ ရက် ညပိုင်းတွင် တိုရွာအနီး၌ စစ်အာဏာရှင်တပ်သားများနှင့် တော်လှန်ရေးတပ်များ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက်၊ စစ်အာဏာရှင်တပ်သားများက တိုရွာရှိ နေအိမ်များကို မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း တော်လှန်ရေးတပ်နှင့် နီးစပ်သူအချို့က ဆိုသည်။ “ညက ပစ်ခတ်မှု အနည်းငယ်ဖြစ်ပြီး တိုရွာကို မီးရှို့တယ်။ သူတို့ဘက်က တောက်လျှောက်ပစ်ပြီး မီးဆင်းရှို့တယ်လို့ ကြားရတယ်။ ရွာမှာ လူမနေတာတော့ ကြာပြီ။ ရွာထဲမှာ သူတို့ပဲရှိတော့ ဘယ်နှစ်အိမ် လောင်သွားလဲဆိုတာ မသိရသေးဘူး” ဟု အထက်ပါ နီးစပ်သူအချို့က ပြောသည်။ ၂၀၂၂ ခုနှစ်ကုန်ပိုင်းမှစ၍ တော်လှန်ရေးတပ်များနှင့် စစ်အာဏာရှင်တပ်သားများ တိုက်ပွဲဖြစ်ပွားပြီးနောက်၊ စစ်အာဏာရှင်တပ်သားများက လက်နက်ကြီးများဖြင့် ပစ်ခတ်သဖြင့် ရွာသားများ […]

စစ်အာဏာရှင်တပ်က ခြေနင်းမိုင်းများထောင်ထားခဲ့၍ လေးမိုင်ရွာနှင့် ဖာနီရွာ ဒေသခံများစိုးရိမ်

Dawei Watch

January 29, 2026

စစ်အာဏာရှင်တပ်သားများ ထောင်ထားခဲ့သည့် ခြေနင်းမိုင်းပေါက်ကွဲမှုဖြစ်ခဲ့ခြင်းကြောင့် ကျန်မိုင်းများပေါက်ကွဲမည်ကို လေးမိုင်ရွာနှင့်ဖာနီရွာ ဒေသခံများက စိုးရိမ်နေကြသည်။ တနင်္သာရီမြို့နယ်၊ဇဝဲကျေးရွာအုပ်စု လေးမိုင်ရွာနှင့် ဖာနီရွာမှ စစ်အာဏာရှင်တပ်စစ်ကြောင်း ပြီးခဲ့သည့်နှစ် နိုဝင်ဘာ ၄ ရက်တွင် ပြန်ဆုတ်သွားပြီးနောက်၊ ဒေသခံအချို့မှာ ယခုနှစ် ဇန်နဝါရီလ ၁၅ ရက် ဝန်းကျင်မှစ၍ ရွာတွင် ပြန်နေထိုင်နေကြခြင်းဖြစ်သည်။ ဇန်နဝါရီလ ၂၁ ရက်၊ ညနေ ၅ နာရီတွင် လေးမိုင်-ဒူးကြိုးရွာ၌ အသက် ၁၀ နှစ်ဝန်းကျင် ကလေးတစ်ဦးက မိုင်းကို တုတ်ဖြင့် ထိုးရာမှ ပေါက်ကွဲပြီး ခြေထောက်တွင် ဒဏ်ရာရရှိခဲ့သည်။ ယင်းဖြစ်စဉ်ကြောင့် စစ်အာဏာရှင်တပ်ကမြှုပ်ထားသော နင်းမိုင်းများထပ်မံပေါက်ကွဲမည်ကို ဒေသခံများ စိုးရိမ်နေရကြောင်း လေးမိုင်ရွာသားတစ်ဦးက ဆိုသည်။ “မိုင်းက ရွာက အိမ်တွေအနီးမှာ တွေ့နေရသေးတယ်။ ကလေးရော လူကြီးပါ လျှောက်မသွားရဲကြတော့ဘူး။ […]

မြိတ်၊ ကျွဲကူးတွင် သမဝါယမဆိုင် မီးလောင်ပြီး အမျိုးသားတစ်ဦး သေဆုံး

Dawei Watch

January 28, 2026

မြိတ်မြို့နယ်၊ ကျွဲကူးကျေးရွာ၊ အဏ္ဏဝါရပ်ကွက်တွင် ယနေ့ ဇန်နဝါရီလ ၂၈ ရက်၊ နေ့လယ်ပိုင်း၌ မီးလောင်မှုဖြစ်ပြီး အမျိုသားတစ်ဦးသေဆုံးခဲ့ကြောင်း မီးသတ်ဦးစီးဌာနနှင့် ဒေသခံများထံမှ သိရသည်။ မီးလောင်သည့် အဆောက်အအုံမှာ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးအနီးရှိ သမဝါယမအသင်းပိုင် စျေးဆိုင်ဖြစ်ကြောင်း မြိတ်ခရိုင် မီးသတ်ဦးစီးဌာနက သတင်းထုတ်ပြန်သည်။ နေ့လယ် ၂ နာရီအချိန်တွင် မီးစတင်လောင်ကျွမ်းပြီး မိနစ်ပိုင်းအတွင်း မီးငြှိမ်းသတ်နိုင်ခဲ့သော်လည်း၊ အဆောက်အအုံအတွင်း ပိတ်မိနေသည့် အမျိုးသားတစ်ဦး မီးလောင်သေဆုံးခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ သေဆုံးသူမှာ ကျွဲကူးရွာဒေသခံမဟုတ်ဘဲ မြိတ်မြို့နယ်၊ အင်္ဂမော်ကျေးရွာအုပ်စု၊ ပိန္နဲတောင်ရွာမှ အမျိုးသားဖြစ်ကြောင်း အလောင်းသယ်ဆောင်ရန် ကူညီပေးခဲ့သည့် မြိတ်အခြေစိုက် ပရဟိတအသင်းများထံမှ သိရသည်။ မီးလောင်ရသည့် အကြောင်းရင်းနှင့် မီးထဲပါသေဆုံးသူ၏ အချက်အလက်များကို မေးမြန်းနိုင်ရန် မြိတ်ခရိုင် မီးသတ်ဦးစီးမှူးရုံးသို့ ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း လက်ခံဖြေဆိုခြင်း မရှိပေ။ […]

စစ်အာဏာရှင်တပ် စစ်ကြောင်းထိုးစဉ် ဖမ်းဆီးထားသည့် ရေးဒေသခံများ ပြန်မလွတ်သေး

Dawei Watch

January 28, 2026

မွန်ပြည်နယ်၊ ရေးမြို့နယ်မြောက်ပိုင်းအတွင်းရှိ ကျေးရွာများဘက်သို့ စစ်အာဏာရှင်တပ် စစ်ကြောင်းထိုးလာစဉ် ဖမ်းဆီး ခေါ်ဆောင်သွားသည့် ဒေသခံ ၁၀ဦးခန့် ယနေ့ မွန်းလွဲပိုင်းအထိ ပြန်လွတ်လာခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။ အင်အားတစ်ရာခန့်စီ ပါဝင်သည့် စစ်ကြောင်းနှစ်ကြောင်းသည် ရေးမြို့နယ်မြောက်ပိုင်းရှိ ကျေးရွာများဘက်သို့ ဇန်နဝါရီ ဒုတိယ အပတ်ကစပြီး စစ်ကြောင်းထိုး ဝင်ရောက်လာကြောင်း ဒေသခံများက ပြောသည်။ စစ်အာဏာရှင်တပ် စစ်ကြောင်းက လမ်းတွင် တွေ့ရှိသည့် အမျိုးသားများကို ဖမ်းဆီးခေါ်ဆောင်သွားပြီး ယနေ့ ဇန်နဝါရီလ ၂၈ ရက် မွန်းလွဲပိုင်းအထိ တစ်ဦးမျှ ပြန်လွတ်လာခြင်း မရှိသေးကြောင်း ဒေသခံများက ဆိုသည်။ “သွားရင်း လာရင်း စစ်ကြောင်းနဲ့ တိုးလို့ အဖမ်းခံရတာရှိတယ်။ တချို့က ခြံကနေ ပြန်လာတဲ့အချိန်မှာ ခေါ်သွားတာရှိတယ်။ လိုက်မေးကြည့်ရသလောက်က ၁၀ ယောက်လောက်ရှိမယ် […]