ပလုံးရွာတွင် အမျိုးသမီးတစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရပြီးသေဆုံး
Dawei Watch
November 28, 2025မြိတ်မြို့နယ်၊ တညက်ကျေးရွာအုပ်စု၊ ပလုံးရွာတွင် ဒေသခံအမျိုးသမီးတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးကြောင်း ဒေသခံအချို့ထံမှ သိရသည်။ အသက် ၄၀ ဝန်းကျင် ဒေါ်မူဝင်းကို နိုဝင်ဘာလ ၂၇ရက် နံနက် ၂နာရီ ၃၀မိနစ်ခန့်တွင် အမည်မသိ လက်နက်ကိုင်အချို့က နေအိမ်မှ ခေါ်ဆောင်ပြီး ကျေးရွာအနီးဝန်းကျင်ရှိ ရော်ဘာခြံအနီးတွင် ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။ “သေနတ်သံ နှစ်ချက်ကြားရတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ မနက် အာရုဏ်တက်ချိန်တွင် အလောင်းကို ရွာသားများ သွားရောက်သယ်ဆောင်ခဲ့ကြပြီး ယင်းနောက်တွင် စစ်အာဏာရှင်တပ်ဖွဲ့ဝင်များ ရွာသို့ ရောက်ရှိလာကြောင်း ဒေသခံအချို့က ပြောဆိုသည်။ စစ်အာဏာရှင်တပ်ဖွဲ့မှာ ယနေ့ နိုဝင်ဘာလ ၂၈ရက် ညနေ ၃နာရီအထိ အဆိုပါအမျိုးသမီး၏ နေအိမ်အနီးတွင် ရှိနေဆဲဖြစ်ကြောင်း ဒေသခံအခြားတစ်ဦးက ဆိုသည်။ “အလောင်းယူပြီးတာနဲ့ […]


