ယူကရိန်းဘက်က နယ်မြေလက်လွှတ်ရေးအပေါ် ဇလန်းစကီး သတိပေး
Dawei Watch
November 25, 2025ရုရှားသိမ်းပိုက်ထားသည့် ယူကရိန်းအရှေ့ပိုင်းနယ်မြေများကို တရားဝင်အသိအမှတ်ပြုပေးရန် ရုရှားသမ္မတပူတင်၏ တောင်းဆိုချက်မှာ အဓိကပြဿနာတစ်ခု ဖြစ်နေဆဲ ဖြစ်ကြောင်း ဂျီနီဗာဆွေးနွေးပွဲအပြီးတွင် ယူကရိန်းသမ္မတဇလန်းစကီးက ထုတ်ဖော်ပြောဆိုလိုက်သည်။ ထရမ့်အစိုးရက ကနဦး အဆိုပြုထားသည့် အချက် ၂၈ ချက်ပါ ယူကရိန်းစစ်ရပ်စဲရေး အစီအစဉ် မူကြမ်းနှင့် ပတ်သက်၍ တနင်္ဂနွေနေ့က ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် အမေရိကန် ၊ ယူကရိန်းနှင့် ဥရောပကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ကနဦးအဆိုပြုထားသည့် ယူကရိန်းစစ်ရပ်စဲရေးအစီအစဉ်မူကြမ်းကို ပြင်ဆင်မွမ်းမံလိုက်ပြီ ဖြစ်ကြောင်း အမေရိကန်နှင့် ယူကရိန်းက အဆိုပါ ဆွေးနွေးပွဲအပြီးတွင် ထုတ်ဖော်ပြောကြားခဲ့သည်။ သို့သော် မည်သည့်အချက်များကို မွမ်းမံပြင်ဆင်လိုက်ကြောင်း အသေးစိတ်အချက်များကို ထုတ်ပြန်ခြင်း မရှိပေ။ အဆိုပါ ဆွေးနွေးပွဲမှ ထွက်ပေါ်လာသည့် အရေးပါသည့် ခြေလှမ်းများကို ကြိုဆိုသော်လည်း ရုရှားသိမ်းပိုက်ထားသည့် ယူကရိန်းအရှေ့ပိုင်းနယ်မြေများကို တရားဝင်အသိအမှတ်ပြုပေးရန် ပူတင်၏ တောင်းဆိုချက်မှာ […]


