ထားဝယ်သပိတ်ကော်မတီဝင်တစ်ဦးနှင့် ဒေါင်းနက်အဖွဲ့ကို စစ်ကော်မရှင်က ရွေး/ကာဖြင့်အမှုဖွင့်
Dawei Watch
November 27, 2025ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ (DDMSC) ၏ ကော်မတီဝင်တစ်ဦးနှင့် ကျွန်းစုမြို့နယ်မှ ဒေါင်းနက်အဖွဲ့တို့ကို စစ်ကော်မရှင်က ရွေးကောက်ပွဲ ကာကွယ်ရေး ဥပဒေပုဒ်မများဖြင့် တရားစွဲထားကြောင်း စစ်အုပ်စုထိန်းချုပ်ထားသည့် သတင်းစာများက နိုဝင်ဘာလ ၂၆ ရက်နေ့တွင်ကြေညာသည်။ နိုဝင်ဘာလ ၇ ရက်က မြိတ်-ထားဝယ်ကားလမ်းပိုင်း သရက်ချောင်းမြို့နယ်တစ်နေရာတွင် စစ်ကော်မရှင် ကျင်းပမည့် အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း လမ်းမပေါ် စာရေးကာ ဆန္ဒထုတ်ဖော်ခဲ့သူ သပိတ်ကော်မတီဝင် ကိုကျော်ကျော်အား အကြမ်းဖက်ဟုစွပ်စွဲကာ ရွေး/ကာ ပုဒ်မ ၂၃(က)၊၂၃(ခ) တို့ဖြင့် သရက်ချောင်းမြို့မရဲစခန်း၌ အမှုဖွင့်ထားခြင်းဖြစ်သည်။ DDMSC ၏ ပြန်ကြားရေးတာဝန်ခံကမူ ကိုကျော်ကျော်သည် အကြမ်းမဖက်လှုပ်ရှားမှု နည်းလမ်းများဖြင့် စစ်အာဏာရှင်စနစ်ကို တော်လှန်နေသူတစ်ဦးဖြစ်ကြောင်း ပြောသည် ။ ” သူတို့(စစ်အုပ်စု)ကတော့ ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့သူတွေမှမဟုတ်ပါဘူး။ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ဝေဖန်ပြောဆိုတာနဲ့ပဲ ဖမ်းဆီးထောင်ချနေတာပါ။ […]


