ယူကရိန်းစစ်ရပ်စဲရေး ကနဦး အစီအစဉ်မူကြမ်းကို မွမ်းမံလိုက်ပြီဟု ကန်နှင့်ယူကရိန်းပြော
Dawei Watch
November 24, 2025ထရမ့်အစိုးရက ကနဦး အဆိုပြုထားသည့် အချက် ၂၈ ချက်ပါ ယူကရိန်းစစ်ရပ်စဲရေး အစီအစဉ် မူကြမ်းကို ပြင်ဆင်မွမ်းမံလိုက်ပြီဖြစ်ကြောင်း အမေရိကန်နှင့် ယူကရိန်းကဆိုသည်။ အဆိုပါ ကနဦးမူကြမ်းနှင့် ပတ်သက်၍ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် အမေရိကန်၊ ယူကရိန်းနှင့် ဥရောပကိုယ်စားလှယ်များ တနင်္ဂနွေနေ့က တွေ့ဆုံဆွေးနွေးခဲ့ကြပြီးနောက် ယင်းသို့ ထုတ်ဖော်ပြောဆိုလိုက်ခြင်း ဖြစ်သည်။ သို့သော် မည်သည့်အချက်များကို မွမ်းမံပြင်ဆင်လိုက်ကြောင်း အသေးစိတ်အချက်များကို ထုတ်ပြန်ခြင်း မရှိပေ။ ရုရှားရန်မှ ယူကရိန်း၏ လုံခြုံရေးကို မည်သို့ အာမခံကာကွယ်ပေးမည်ဆိုသောအချက် အပါအဝင် အခြားဖြေရှင်းရမည့် ပြဿနာများနှင့် ပတ်သက်၍ အသေးစိတ်အချက်များကို ထုတ်ပြန်ခြင်း မပြုသေးပေ။ တနင်္ဂနွေနေ့က ဂျီနီဗာဆွေးနွေးပွဲသည် အင်မတန် အကျိုးဖြစ်ထွန်းပြီး လာမည့်ရက်များတွင်လည်း ယင်းကိစ္စကို ဆက်လက်ဆွေးနွေးသွားမည် ဖြစ်ကြောင်း အမေရိကန်နှင့် ယူကရိန်း၏ ပူးတွဲထုတ်ပြန်ချက်က ဆိုသည်။ […]


