အမေရိကန်၏ စစ်ရပ်စဲရေးအစီအစဥ်ကို လက်ခံကြောင်း ယူကရိန်းသမ္မတပြော
Dawei Watch
November 21, 2025အမေရိကန်ကျောထောက်နောက်ခံပြု စစ်ရပ်စဲရေးအစီအစဥ်ကို လက်ခံကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက နိုဝင်ဘာလ ၂၀ ရက်က ပြောကြားလိုက်သည်။ အဆိုပါ ယူကရိန်းစစ်ရပ်စဲရေး အစီအစဥ်ကို အမေရိကန်နှင့်အတူ လက်တွဲဆောင်ရွက်ရန် အသင့်ရှိကြောင်း ၊ လာမည့်ရက်များတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ယင်းကိစ္စကို ဆွေးနွေးရန် မျှော်လင့်ထားကြောင်း ၎င်းက ဆိုသည်။ အမေရိကန်ကျောထောက်နောက်ခံပြု အဆိုပါ ယူကရိန်းစစ်ရပ်စဲရေးအစီအစဉ်ကို ဥရောပနိုင်ငံများက ဆန့်ကျင်လျက် ရှိသည်။ အဆိုပါ အစီအစဉ်အရ ယူကရိန်းအနေဖြင့် နယ်မြေများ ပိုမိုစွန့်လွှတ်ရမည် ဖြစ်ကြောင်း Reuters သတင်းတွင် ဖော်ပြသည်။ ယင်းအစီအစဥ်မှာ ယူကရိန်းအဖို့ လက်နက်ချသည်နှင့် အတူတူပင် ဖြစ်သည်ဟု ယူကရိန်း၏ မဟာမိတ်များက ကြာမြင့်စွာ ရှုမြင်လာခဲ့ကြောင်း ဖော်ပြသည်။ သို့သော် ယူကရိန်းသမ္မတ ဇလန်းစကီးက အဆိုပါ စစ်ရပ်စဲရေးအစီအစဥ်၏ […]


