ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ဂျပန်က စစ်ရေးအရ ခြိမ်းခြောက်နေဟု တရုတ်ပြော

Dawei Watch

December 9, 2025

ဂျပန်က တရုတ်ကို စစ်ရေးအရ ခြိမ်းခြောက်နေပြီး ယင်းမှာ လုံးဝ လက်သင့်ခံနိုင်ဖွယ် မရှိကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးက ဂျာမနီနိုင်ငံခြားရေးဝန်ကြီးအား ဒီဇင်ဘာလ ၈ ရက်တွင် ပြောကြားသည်။ ဂျပန်စစ်ဘက်ဆိုင်ရာ လေယာဉ်များအား တရုတ်တိုက်လေယာဉ်များက ရေဒါဖြင့် ချိန်ရွယ်ခဲ့ကြောင်း ဂျပန်ဘက်က ထုတ်ဖော်ပြောဆိုပြီးနောက်တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးက ယင်းသို့ ပြောဆိုလာခြင်း ဖြစ်သည်။ တရုတ်၏ အဆိုပါလုပ်ရပ်ကို အန္တရာယ်ရှိသည့် အပြုအမူအဖြစ် ဂျပန်က အပြစ်တင်ရှုတ်ချခဲ့ပြီး တရုတ်ကလည်း ဂျပန်ကို ပြန်လည်အပြစ်တင်ခဲ့သည်။ မီယာကိုရေလက်ကြား အရှေ့ဘက်တွင် တရုတ်စစ်တပ်က လေယာဉ်တင်သင်္ဘောဖြင့် လေကြောင်းလေ့ကျင့်မှုများ ပြုလုပ် နေသည်ကို အနှောင့်အယှက်ပေးရန် ဂျပန်က လေယာဉ်များ စေလွှတ်ခဲ့ကြောင်း တရုတ်ဘက်က ပြန်လည်စွပ်စွဲခဲ့ခြင်း ဖြစ်သည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိက ဂျာမနီနိုင်ငံခြားရေးဝန်ကြီး ယိုဟန်ဝါဒီဖောလ်နှင့် တနင်္လာနေ့က ဘေဂျင်းမြို့၌ တွေ့ဆုံစဉ် […]

ဂျပန်ကမ်းရိုးတန်းတွင် အင်အားပြင်း ငလျင်လှုပ်၊ ဆူနာမီသတိပေးချက် ပြန်ရုပ်သိမ်း

Dawei Watch

December 9, 2025

ဂျပန်နိုင်ငံမြောက်ပိုင်း ကမ်းရိုးတန်းတွင် ဒီဇင်ဘာလ ၈ ရက်က အင်အားပြင်းငလျင် လှုပ်ခတ်ခဲ့ပြီး လူ ၂၃ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရရှိကြောင်း ဂျပန်သတင်းဌာနများတွင် ဖော်ပြသည်။ ဂျပန်နိုင်ငံ ပစိဖိတ်ကမ်းရိုးတန်းရှိ မီဆာဝါမြို့အနီးတွင် လှုပ်ခတ်ခဲ့သည့် အဆိုပါငလျင်သည် ပြင်းအား မဂ္ဂနီကျု ၇ ဒသမ ၆ အဆင့်ရှိသည်။ ယင်းငလျင်လှုပ်ခတ်မှုကြောင့် ဒေသခံများ နေအိမ်မှ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လျှပ်စစ်ဓာတ်အားလည်း ပြတ်တောက်ခဲ့သည်။ ယင်းငလျင်ကြောင့် ကမ်းခြေဒေသများသို့ ဆူနာမီလှိုင်းလုံးများ ရောက်ရှိလာခဲ့ပြီးနောက် ဂျပန်နိုင်ငံ မိုးလေဝသအေဂျင်စီ (JMA) က ဆူနာမီသတိပေးချက် ထုတ်ပြန်ခဲ့သည်။ မီဆာဝါမြို့တည်ရှိရာ နိုင်ငံ့မြောက်ပိုင်း အာအိုမိုရီဒေသက ဆိပ်ကမ်းတစ်ခုကို ဆူနာမီရေလှိုင်း ရောက်ရှိခဲ့ပြီး နောက်ထပ် လှိုင်းလုံးများစွာလည်း ကမ်းရိုးတန်းသို့ ရိုက်ခတ်လာခဲ့ကာ လှိုင်းအမြင့်မှာ ၇၀ စင်တီမီတာအထိ ရှိကြောင်း […]

ကမ္ဘောဒီးယား ပစ်ခတ်သောလက်နက်ကြီး ထိုင်းလူနေအိမ်နှစ်ဆောင်ကို ထိမှန်

Dawei Watch

December 9, 2025

ကမ္ဘောဒီးယားစစ်တပ်ဘက်က ပစ်ခတ်သော လက်နက်ကြီးကျည်များသည် ထိုင်းနိုင်ငံဘက်ခြမ်းရှိ လူနေအိမ်နှစ်ဆောင်ကို ထိမှန်ခဲ့ပြီး တိုက်ပွဲအတွင်း ထိုင်းဘက်တွင် စစ်သားနှစ်ဦး သေဆုံးကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ထိုင်း-ကမ္ဘောဒီးယား နှစ်နိုင်ငံ အပြန်အလှန်ပစ်ခတ်မှုများသည် ယနေ့ ဒီဇင်ဘာ ၉ ရက်အထိ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။ ယနေ့ နံနက် ၁ နာရီခွဲခန့်တွင် ကမ္ဘောဒီးယားဘက်က ပစ်ခတ်လိုက်သော လက်နက်ကြီးများ ထိုင်းဘက်ခြမ်း စကဲဝိုဒေသရှိ လူနေအိမ်နှစ်ဆောင်ကို ထိမှန်ခဲ့ကြောင်း ဖော်ပြသည်။ နေအိမ်များရှိ ပြည်သူများမှာ ဘေးလွတ်ရာ တိမ်းရှောင်နေသဖြင့် လူထိခိုက်မှု မရှိကြောင်း ဆိုသည်။ ယမန်နေ့ ဒီဇင်ဘာလ ၈ ရက်က ကမ္ဘောဒီးယားစစ်တပ်ဘက်က ထိုင်းစစ်အခြေစိုက်စခန်းသို့ ပစ်ခတ်မှုကြောင့် ထိုင်းစစ်သားတစ်ဦး သေဆုံးခဲ့သည်။ ဆေးရုံတွင် ဆေးကုသမှုခံယူနေသော နောက်ထပ် စစ်သားတစ်ဦးလည်း ယနေ့ နံနက်ပိုင်းတွင် ထပ်မံသေဆုံးခဲ့ကြောင်း […]

မြိတ်-ကော့သောင်း ပြည်ထောင်စုလမ်းမကို ညဘက်ဖြတ်သန်းသွားလာခွင့်ပိတ်

Dawei Watch

December 9, 2025

မြိတ်မြို့နယ်မှ ကော့သောင်းမြို့နယ်သို့သွားသည့် ပြည်ထောင်စုလမ်းမကြီးပိုင်းကို ညဘက်ဖြတ်သန်းသွားလာခွင့် ပိတ်လိုက်ကြောင်း မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်သည်။ အဆိုပါလမ်းပိုင်းတွင် စစ်အာဏာရှင်တပ် ထိုးစစ်ဆင်နေ၍ စစ်ရေးအရှိန်မြင့်လာနိုင်သဖြင့် ဒီဇင်ဘာလ ၈ရက်နေ့ ည ၆နာရီမှစ၍ ညဘက်ခရီးသွားလာခွင့်ကို ပိတ်လိုက်ခြင်းဖြစ်ကြောင်းကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ည ၆နာရီမှ နံနက် ၆နာရီအတွင်း အရေးပေါ် နာရေးကိစ္စများကြောင့် သွားလာပါက သက်ဆိုင်ရာ တော်လှန်‌ရေး အဖွဲ့စည်းများထံ ဆက်သွယ်အကြောင်းကြားပြီး ခွင့်ပြုချက်ရမှသာ သွားလာကြရန်၊ သွားလာပါကလည်း ကားများမှန်ချပြီးမှသာ သွားလာခွင့်ပြုကြောင်း ဆိုသည်။ အရေးပေါ်ကားကို စစ်အာဏာရှင်တပ်သားများသည် တော်လှန်ရေးအစကတည်းက အသုံးပြုပြီး သွားလာနေသဖြင့် တော်လှန်ရေးတပ်များထံသို့ အကြောင်းကြားပြီးမှ သွားရန် လိုအပ်ကြောင်းလည်း မြိတ်ခရိုင်ပြည်သူ့ကာကွယ်‌ရေးအဖွဲ့ တာဝန်ခံက ပြောသည်။ နေ့ဘက်ဖြတ်သန်းသွားလာပါက ခရီသွားပြည်သူများသည် စစ်အာဏာရှင်ယာဥ်တန်းများနှင့် အနီးကပ်သွားလာခြင်းမပြုရန် တော်လှန်‌ရေးတပ်များ ရှောင်တခင်ဝင်စစ်ပါက စစ်ဆေးခံရန် […]

တိုက်ပွဲပြင်းထန်နေသည့် မောတောင်လမ်းရှိ သဲဖြူရွာကို စစ်အာဏာရှင်တပ် လေယာဉ်ဖြင့် ငါးရက်ဆက်ဗုံးကြဲ

Dawei Watch

December 8, 2025

ထိုင်း-မြန်မာနယ်စပ် မောတောင်မြို့သို့ သွားသည့်လမ်းတွင် တိုက်ပွဲပြင်းထန်နေပြီး စစ်အာဏာရှင်တပ်က အဆိုပါလမ်းပိုင်းရှိ သဲဖြူရွာကို ငါးရက်ဆက်တိုက် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ကြောင်း တော်လှန်ရေးတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။ ဒီဇင်ဘာလ ၂ရက်မှ ၆ရက်အထိ သဲဖြူရွာဝန်းကျင်ကို စစ်အာဏာရှင်တပ်က ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။ ဒီဇင်ဘာလ ၅ရက်တွင် Y-12 လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ပြီး ကျန်ရက်များတွင် တိုက်လေယာဉ်ဖြင့် ဗုံးကြဲကြောင်း တော်လှန်ရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။ “သဲဖြူရွာကို ကြဲတယ်ပဲ သိရတယ်။ ထိခိုက်မှု မသိရဘူး။ တိုက်ပွဲတအားကြမ်းနေလို့ လေကြောင်းလာတယ်လို့ ထင်တယ်” ဟု ၎င်းက ပြောဆိုသည်။ မောတောင်လမ်းတွင် တိုက်ပွဲဖြစ်ပွားသည့် နေရာများကို စစ်အာဏာရှင်တပ်က ဒရုန်းဖြင့်လည်း နေ့တိုင်း ဗုံးကြဲနေကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။ “လေကြောင်းလို့ပြောရင် လေယာဥ်ပဲ မဟုတ်ဘူး။ […]

အာယုတောင်ပြည်သူ့စစ်အဖွဲ့ကို ရေးဘီလူးအဖွဲ့တိုက်ခိုက်

Dawei Watch

December 8, 2025

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အာယုတောင်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးရှိ ပြည်သူ့စစ်အဖွဲ့ကို ရေးဘီလူးအဖွဲ့က ဝင်ရောက် တိုက်ခိုက်ကြောင်း ဒေသခံများနှင့် ရေးဘီလူးအဖွဲ့တို့ထံမှ သိရသည်။ အာယုတောင်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင်ရှိသည့် ဦးလင်းဦးခေါင်းဆောင်သည့် ပြည်သူ့စစ်အဖွဲ့ကိုရေးဘီလူးအဖွဲ့က ဒီဇင်ဘာလ ၇ရက် နံနက်ပိုင်းက ဝင်ရောက်တိုက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ “လင်းဦး ဦးဆောင်တဲ့ ပြည်သူ့စစ်အဖွဲ့တွေက အုပ်ချုပ်ရေးမှူးရုံးမှာပဲ ရုံးထိုင်နေကြတာလေ။ အဲဒါကို ရေးဘီလူးအဖွဲ့က ဝင်ပစ်တာ။ သေတာ ရှိတယ်လို့ သိရပေမယ့် အသေးစိတ်တော့ မသိဘူး။ နောက်ပြီး လင်းဦးလည်း ထိထားတယ်” ဟု အာယုတောင် ဒေသခံတစ်ဦးက ပြောသည်။ အဆိုပါတိုက်ခိုက်မှုတွင် ကျေးရွာ ပြည်သူ့စစ်ခေါင်းဆောင် ဦးလင်းဦး ထိခိုက်ဒဏ်ရာရရှိသွားပြီး အဖွဲ့ဝင် လေးဦးထက်မနည်း သေဆုံးကြောင်း ရေးဘီလူးအဖွဲ့က ထုတ်ပြန်ထားသည်။ ပစ်ခတ်မှုဖြစ်ပြီးနောက် အာယုကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့တို့က လုံခြုံရေးတင်းကျပ်ထားပြီး […]

ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရလည်း နိုင်ငံရေးလောကမှ အနားယူမည် မဟုတ်ကြောင်း နေတန်ညာဟု ပြော

Dawei Watch

December 8, 2025

သမ္မတထံမှ လွတ်ငြိမ်းချမ်းသာခွင့် ရရှိခဲ့လျှင်လည်း နိုင်ငံရေးနယ်ပယ်မှ အနားယူမည် မဟုတ်ကြောင်း အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ညာဟုက ဒီဇင်ဘာလ ၇ ရက်နေ့က ပြောကြားလိုက်သည်။ လွတ်ငြိမ်းချမ်းသာခွင့် ရရှိပါက နိုင်ငံရေးနယ်ပယ်မှ အနားယူရန် အစီအစဉ်ရှိ/မရှိ သတင်းထောက်တစ်ဦး၏ မေးမြန်းမှုကို ဝန်ကြီးချုပ်နေတန်ညာဟုက ယင်းသို့ ဖြေကြားလိုက်ခြင်း ဖြစ်သည်။ နေတန်ညာဟုသည် အဂတိလိုက်စားမှုအပြင် ၎င်းအပေါ် စွဲချက်တင်ထားသည့် အမှုများမှ လွတ်ငြိမ်းချမ်းသာခွင့် ပေးရန် အစ္စရေးသမ္မတအိုင်ဇက်ဟာဇော့ခ်ထံ ပြီးခဲ့သည့်လက တောင်းဆိုခဲ့သည်။ တရားရုံးသို့ မကြာခဏ သွားရောက်နေရခြင်းက နေတန်ညာဟု၏ အုပ်ချုပ်နိုင်စွမ်းကို အဟန့်အတား ဖြစ်စေကြောင်း ၊ ၎င်းအား လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်းက နိုင်ငံအတွက် ကောင်းကျိုးရှိမည် ဖြစ်ကြောင်း နေတန်ညာဟု၏ ရှေ့နေများက ဆိုသည်။ အစ္စရေးနိုင်ငံ၌ ပုံမှန်အားဖြင့် တရားဥပဒေလုပ်ငန်းစဉ်များ ပြီးဆုံး၍ စွပ်စွဲခံရသူ၌ ပြစ်မှုထင်ရှားကြောင်း […]

တနင်္သာရီတိုင်းက ကျေးရွာအုပ်စု ရှစ်ဆယ်ကျော်တွင် ရွေးကောက်ပွဲ မလုပ်နိုင်ဟုကြေညာ

Dawei Watch

December 8, 2025

စစ်ကော်မရှင်က ပြုလုပ်မည့် ရွေးကောက်ပွဲ အပိုင်းတစ်နှင့် အပိုင်းနှစ်တွင် ရပ်ကွက်နှင့်ကျေးရွာအုပ်စု နှစ်ရာကျော်ပါဝင်သည့်အနက် ရှစ်ဆယ်ကျော်တွင် ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်းမရှိကြောင်း ရွေးကောက်ပွဲ ကော်မရှင်ကထုတ်ပြန်သည်။ ဒီဇင်ဘာလ ၂၈ ရက်တွင်ကျင်းပမည့် ရွေးကောက်ပွဲအပိုင်းတစ်တွင် ထားဝယ်၊ မြိတ်၊ ဘုတ်ပြင်းနှင့် ကော့သောင်းမြို့နယ်တို့ပါဝင်ပြီး ရပ်ကွက်/ကျေးရွာအုပ်စု စုစုပေါင်း ၁၃၆ ခုရှိသည်။ ယင်းရပ်ကွက်/ကျေးရွာအုပ်စု ၁၃၆ ခုအနက် ၃၇ အုပ်စုတွင်ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိကြောင်း ထုတ်ပြန်ချက်အရသိရသည်။ ဇန်နဝါရီလ ၁၁ ရက်တွင် ဆက်လက်ကျင်းပမည့် ရွေးကောက်ပွဲ အပိုင်းနှစ်တွင်မူ ရေဖြူ၊ တနင်္သာရီ၊ ကျွန်းစုမြို့နယ်တို့ပါဝင်ပြီး ရပ်ကွက်/ကျေးရွာအုပ်စု စုစုပေါင်း ၉၂ အုပ်စုပါဝင်သည်။ အဆိုပါ ရပ်ကွက်/ကျေးရွာ ၉၂ အုပ်စုအနက် ၄၆ အုပ်စုတွင် ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိကြောင်း ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။ ရွေးကောက်ပွဲ အပိုင်းနှစ်ပိုင်း‌ပေါင်းလိုက်ပါက ရပ်ကွက်/ကျေးရွာအုပ်စု […]