ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပစ်ခတ်မှု ပြန်ဖြစ်၊ ထိုင်းစစ်သား ၁ ဦး သေဆုံး

Dawei Watch

December 8, 2025

ထိုင်း-ကမ္ဘောဒီးယားနယ်စပ်တွင် လက်နက်ကြီးနှင့် လေကြောင်း တိုက်ခိုက်မှုများအပါအဝင် နှစ်နိုင်ငံ အပြန်အလှန်ပစ်ခတ်မှုများ ပြန်ဖြစ်လာနေကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြနေကြသည်။ ယနေ့ ဒီဇင်ဘာလ ၈ ရက် နံနက်ပိုင်းမှစ၍ ထိုင်း-ကမ္ဘောဒီးယားနယ်စပ် ငါးနေရာထက်မနည်း ထိတွေ့ပစ်ခတ်မှုများ စတင်ဖြစ်ပွားခဲ့သည်။ နံနက် ၅ နာရီခန့်တွင် ကမ္ဘောဒီးယား စစ်တပ်ဘက်က လက်နက်ကြီး အမြောက်များ၊ လောင်ချာများဖြင့် ဥဘွန်းရတ်ချ်ဌာနီခရိုင်ရှိ ထိုင်းစစ်တပ်အခြေစိုက်စခန်းသို့ စတင်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သတင်းတွင်ဖော်ပြသည်။ ယင်းတိုက်ခိုက်မှုကြောင့် ထိုင်းစစ်သားတစ်ဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။ ထိုင်းစစ်တပ်ဘက်က F-16 တိုက်လေယာဉ်များဖြင့် ကမ္ဘောဒီးယားဘက်ခြမ်းသို့ တိုက်ခိုက်နေပြီး ကမ္ဘောဒီးယား စစ်တပ်ဘက်ကလည်း BM-21 ရော့ကတ်ဒုံးကျည်များဖြင့် ထိုင်းနိုင်ငံဘက် ဘူရီရမ်ဒေသထဲသို့ ပြန်လည်ပစ်ခတ်နေသည်။ ဒုံးကျည်ပစ်ခတ်မှုများကြောင့် လက်ရှိအချိန်တွင် ပြည်သူများ သေဆုံး၊ ထိခိုက်မှုများ မရှိသေးကြောင်း သတင်းများအရသိရသည်။ ပစ်ခတ်မှုများကြောင့် […]

ထားဝယ်မြို့အနီးဝန်းကျင်ရှိ တံတားငယ်တစ်စင်းကို စစ်အာဏာရှင်တပ် မီးရှို့ဖျက်ဆီး

Dawei Watch

December 6, 2025

ထားဝယ်မြို့အနီးဝန်းကျင်ရှိ တံတားငယ်တစ်စင်းကို စစ်အာဏာရှင်တပ်က ယနေ့ ဒီဇင်ဘာလ ၆ရက်တွင် လာရောက်မီးရှို့ဖျက်ဆီးကြောင်း ဒေသခံများက ပြောသည်။ အင်အားတစ်ရာကျော်ပါသည့် စစ်အာဏာရှင်တပ် ခြေလျင်စစ်ကြောင်းထိုးလာပြီး တောနားနှင့် ၀မော်ကျေးရွာကြားတွင် ရှိသော ကျေးရွာချင်းဆက်တံတားငယ်ကို ယနေ့ နံနက် ၉ နာရီဝန်းကျင်တွင် မီးရှို့ခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ တောနားရွာမှာ ထားဝယ်မြို့နှင့် လေးမိုင်ခန့်အကွာ တည်ရှိသည်။ “အရင်က သူတို့ ဖျက်ဆီးသွားတဲ့ ကွန်ကရစ်တံတားပဲ။ အခုက ရွာသားတွေ သစ်သားတံတား ပြန်လုပ်ထားတယ်။ အဲဒီတံတားကို ပြန်ပြီးမီးရှို့သွားတယ်” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောဆိုသည်။ မူလက ကွန်ကရစ်တံတားဖြစ်သည့် အဆိုပါတံတားကို ပြီးခဲ့သည့် မေလတွင် စစ်အာဏာရှင်တပ်က မြေတူးစက်ဖြင့် လာရောက် ဖြိုချဖျက်ဆီးခဲ့သည်။ ယင်းနောက် ဒေသခံများက သစ်သားဖြစ်အစားထိုးတည်ဆောက်ထားသည့် အဆိုပါတံတားကိုပင် စစ်အာဏာရှင်တပ်က ပြန်လည်မီးရှို့ဖျက်ဆီးလိုက်ခြင်းဖြစ်ကြောင်း […]

အမေရိကန်သို့ ခရီးသွားခွင့် ပိတ်ပင်သည့်စာရင်း နိုင်ငံ ၃၀ ကျော်အထိ တိုးမြှင့်မည်

Dawei Watch

December 5, 2025

အမေရိကန်ပြည်ထောင်စုသို့ ခရီးသွားလာခွင့် ပိတ်ပင်ထားသည့် နိုင်ငံအရေအတွက်ကို နိုင်ငံ ၃၀ ကျော်အထိ တိုးမြှင့်သွားရန် စီစဉ်နေကြောင်း အမေရိကန်အစိုးရ ပြည်တွင်းလုံခြုံရေးဝန်ကြီး Kristi Noem က ဒီဇင်ဘာလ ၄ ရက်နေ့က ပြောကြားလိုက်သည်။ Fox News သတင်းဌာနနှင့် အင်တာဗျူးတွင် ထရမ့်အစိုးရအနေဖြင့် ခရီးသွားလာခွင့်ပိတ်ပင်ထားသည့် နိုင်ငံအရေအတွက်ကို ၃၂ နိုင်ငံအထိ တိုးမြှင့်သွားရန် ရှိမရှိမေးခွန်းနှင့် ပတ်သက်၍ သူမက ယင်းသို့ အတည်ပြုဖြေကြားလိုက်ခြင်း ဖြစ်သည်။ အဆိုပါ ခရီးသွားခွင့် ပိတ်ပင်မှုစာရင်းထဲသို့ မည်သည့်နိုင်ငံများကို ထပ်ပေါင်းထည့်မည်ဆိုသည်ကိုမူ သူမက တိတိကျကျ ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိပေ။ “နိုင်ငံအရေအတွက်ကိုတော့ ကျွန်မ တိတိကျကျ ပြောကြားမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ နိုင်ငံ ၃၀ ကျော်အထိ ရှိတယ်ဆိုတာတော့ သေချာပါတယ်။ သမ္မတကလည်း […]

ထိုင်း-မြန်မာနယ်စပ် မယ်ဆိုင်ဂိတ်အနီးတွင် မြန်မာအမျိုးသမီးတစ်ဦး ကလေးမွေး

Dawei Watch

December 5, 2025

ထိုင်း-မြန်မာနယ်စပ် မယ်ဆိုင်နယ်စပ်ဂိတ်အနီးတွင် မြန်မာအမျိုးသမီးတစ်ဦး ကလေးမွေးဖွားကြောင်း မယ်ဆိုင်ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။ ထိုင်းနိုင်ငံ၏ အဖေများနေ့ဖြစ်သော ယနေ့ ဒီဇင်ဘာလ ၅ ရက် နံနက် ၈ နာရီခွဲတွင် မယ်ဆိုင်ဂိတ်အနီး DIY စတိုးဆိုင်ရှေ့၌ မြန်မာအမျိုးသမီးတစ်ဦး ရုတ်တရက် ဗိုက်နာလာပြီး အရေးပေါ် ကလေးမွေးဖွားခဲ့ခြင်းဖြစ်သည်။ မြန်မာအမျိုးသမီး ကလေးမွေးဖွားသည်ကို ထိုင်းရဲတပ်ဖွဲ့နှင့် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့က ကူညီဆောင်ရွက်ခဲ့ကြောင်း ဖော်ပြသည်။ ကလေးမှာ ယောက်ျားလေးဖြစ်ပြီး မိခင်နှင့် ကလေးနှစ်ဦးစလုံး ကျန်းမာရေး ကောင်းမွန်ကာ မယ်ဆိုင်ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း ဆက်လက်ဖော်ပြသည်။ မြန်မာအမျိုးသမီးနှင့်ပတ်သက်၍ အခြားသောအချက်အလက်များကိုမူ ဖော်ပြထားခြင်း မရှိပေ။ မယ်ဆိုင်မြို့သည် မြန်မာနိုင်ငံ ရှမ်းပြည်နယ် တာချီလိတ်မြို့၏ တဖက် ထိုင်းနယ်စပ်မြို့ဖြစ်သည်။ Ref: Maesai Police Station

စစ်မှုထမ်းစုဆောင်းခံရသည့် တပ်သားကိုးဦး ထားဝယ်ရှိ တော်လှန်ရေးအင်အားစုများထံ ဘက်ပြောင်း

Dawei Watch

December 5, 2025

ထားဝယ်ခရိုင်ရှိ တော်လှန်ရေးအင်အားစုများထံ ပြီးခဲ့သည့် နိုဝင်ဘာလက စစ်အာဏာရှင်တပ်သားကိုးဦး ဘက်ပြောင်းခိုလှုံလာကြောင်း တော်လှန်ရေးအင်အားစုများထံမှ သိရသည်။ နိုဝင်ဘာလ ၅ ရက်က ရေဖြူမြို့နယ်အခြေစိုက် အမှတ် ၄၀၆ နှင့် ၄၀၉ စစ်အာဏာရှင် ခြေမြန်တပ်ရင်းတို့​တွင် တာဝန်ကျနေသည့် တပ်သားလေးဦးသည် လောင်းလုံးမြို့နယ်ရှိ သံမဏိလိပ်ပြာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ ဘက်ပြောင်းလာခဲ့ကြောင်း အဆိုပါတပ်ဖွဲ့ထံမှ သိရသည်။ အထက်ပါ တပ်သားလေးဦးသည် အဓမ္မစစ်မှုထမ်းစုဆောင်းခံရပြီး စစ်မှုထမ်းအပတ်စဥ် ၁၁ သင်တန်းတွင် တက်ရောက်ခဲ့ရသူများဖြစ်ကြောင်း သံမဏိလိပ်ပြာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။ လက်ရှိတွင် ၎င်းတို့လေးဦး၏ ဆန္ဒအရ ဘေးကင်းသည့်နေရာများသို့ ပို့ဆောင်ထားကြောင်း ဆိုသည်။ ရေဖြူမြို့နယ်၊ ထားဝယ်အထူးစီးပွားရေးဇုန် ဧရိယာအတွင်းရှိ ရန်ကင်းရွာတံတားဂိတ်၌ ကင်းတာဝန်ကျနေသည့် စစ်မှုထမ်း သင်တန်းဆင်းငါးဦးသည်လည်း နိုဝင်ဘာလ ၂၇ရက်က သေနတ်သုံးလက်၊ ကျည်ဘောက် ၁၇ ခု၊ […]

ဘန်ကောက်တွင် မြန်မာလုပ်သားဇနီးမောင်နှံ ထိုင်းထီ ဘတ်ခြောက်သန်းကံထူး

Dawei Watch

December 5, 2025

aထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ဘန်ခယ်နယ်မြေက မြန်မာအလုပ်သမား ဇနီးမောင်နှံသည် ဒီဇင်ဘာလ ၁ ရက်က ဖွင့်လှစ်ခဲ့သော ထိုင်းထီအမြင့်ဆုံးဆု ဘတ် ခြောက်သန်း ထီပေါက်ကြောင်း မြန်မာအလုပ်သမားအရေးဆောင်ရွက်နေသည့် MHAC မဟာမိတ်အဖွဲ့ထံမှ သိရသည်။ မြန်မာအလုပ်သမားသည် ထိုင်းထီ ပထမဆု ၄၆၁၂၅၂ တွင် ခြောက်လုံးတိုက် ပထမဆုကို ကံထူးခဲ့သဖြင့် ဘတ် ခြောက်သန်း ထီပေါက်ခဲ့ခြင်း ဖြစ်သည်။ ထီပေါက်သော မြန်မာဇနီးမောင်နှံသည် ဆုငွေများကို ထုတ်ယူပေးရန် အကူအညီတောင်းခဲ့သဖြင့် ဒီဇင်ဘာလ ၄ ရက်တွင် ဆုငွေထုတ်ယူပေးခဲ့ပြီး ထီပေါက်သူလက်ဝယ် ပေးအပ်ပြီးဖြစ်ကြောင်း MHAC မဟာမိတ်အဖွဲ့မှ ကိုရဲမင်းက ပြောသည်။ “ဒီတစ်ခေါက်တော့ မြန်မာတွေ တော်တော်ကံထူးပါတယ်။ နှစ်စောင်တွဲတစ်ကြိမ် တစ်စောင်တစ်ကြိမ်ပေါက်တာ။ အကိုတို့က တစ်စောင်ကို ထုတ်ပေးခဲ့တာပါ” ဟု ၎င်းက ဆိုသည်။ […]

ရေဖြူ ဇာဒီရွာတွင် ပစ်ခတ်မှုဖြစ်ပြီး နေအိမ်တစ်လုံးမီးလောင်

Dawei Watch

December 5, 2025

ရေဖြူမြို့နယ်၊ ကံပေါက်တိုက်နယ်၊ ဇာဒီရွာသို့ ရောက်ရှိနေသော စစ်အာဏာရှင်တပ်သားများကို ယမန့်နေ့ ဒီဇင်ဘာလ ၄ ရက် မွန်းလွဲ ၂နာရီခွဲခန့်တွင် တော်လှန်ရေးအင်အားစုများက ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ရာမှ နှစ်ဖက်ပစ်ခတ်မှုဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခံရပြီးနောက် ဇာဒီချောင်းဝရှိ စစ်အာဏာရှင်တပ်၏ ရေတပ်စစ်သင်္ဘောက လက်နက်ကြီးဖြင့် ဇာဒီရွာအတွင်း ပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။ ယင်းသို့ ပစ်ခတ်ပြီးနောက် ဇာဒီရွာ ရွာမဘက်ခြမ်းမှ မီးခိုးလုံးများ တက်လာသည်ကို မြင်တွေ့ရကြောင်း တိမ်းရှောင် နေရသည့် ဒေသခံများက ဆိုသည်။ “ပစ်ကြခတ်ကြပြီးတာနဲ့ မီးခိုလုံးတက်လာတာပဲ။ ဒီမနက် (ဒီဇင်ဘာလ ၅ ရက်) အတည်ပြုရတာကတော့ ရွာမရပ်ကွက်က အိမ်တစ်လုံးမီးလောင်တယ်။ ရှို့ခံရတာလား၊ ဒရုန်းကြောင့်လား၊ လက်နက်ကြီးကြောင့်လား ပြောမရဘူး။ ရွာထဲကို အရမ်းဝင်ကြည့်လို့ မရသေးဘူး။ စစ်သားတွေရှိသေးတယ်” […]

ထားဝယ်ခရိုင်တွင် စပါးရာသီပေါ်စျေး တစ်တင်း ကျပ်ရှစ်ထောင်ကျော်သာ ရရှိ

Dawei Watch

December 5, 2025

ထားဝယ်ခရိုင်တွင် ရာသီပေါ်စ ဆန်ကြမ်း စပါးဈေးမှာ တစ်တင်းလျှင် ကျပ်ရှစ်ထောင်ကျော်သာ ရရှိသဖြင့် ယခင်နှစ်ကထက် ၅၀ ရာခိုင်နှုန်းခန့် စျေးကျဆင်းနေကြောင်း‌ လယ်သမားအချို့က ပြောသည်။ စပါးရိတ်သိမ်းပြီးစ နိုဝင်ဘာလကုန်နှင့် ဒီဇင်ဘာလသည် စပါးပေါ်စ ရာသီဖြစ်ပြီး ဇီယာဆန်ကြမ်းစပါးနှင့် ဧည့်မထဆန်ကြမ်းစပါးဈေးသည် ပြီးခဲ့သည့်နှစ်ကထက် ထက်ဝက်နီးပါး လျော့ကျနေသည်။ ပြီးခဲ့သည့်နှစ်က ဆန်ကြမ်းစပါးတစ်တင်းသည် ရာသီပေါ်စတွင် ၁၅၀၀၀ ကျပ်ရရှိခဲ့ပြီး နောက်ပိုင်းတွင် တစ်တင်းကို ၁၈၀၀၀ ကျပ်အထိဖြစ်ခဲ့သည်ဟု လယ်သမားအချို့က ပြောသည်။ ယခုနှစ်ရာသီပေါ်စတွင် ဆန်ကြမ်းစပါးဈေးမှာ တစ်တင်းကို ၈၀၀၀ ကျပ်မှ ၉၀၀၀ ကျပ်သာရှိသည်ဟု ထားဝယ်နှင့် သရက်ချောင်းမြို့နယ်က လယ်သမားအချို့က ပြောသည်။ “ရန်ကုန်ဆန်တွေ တိုင်းထဲကို ဝင်ရပြီး ထားဝယ်က ဆန်က ရန်ကုန်ပို့မရဘူးဖြစ်နေတယ်။ ဆန်စပါးကုန်သည်များအသင်းက ပြောတာတော့ သူတို့လည်း တိုင်းအစိုးရ(စစ်ကော်မရှင်)ကို […]