ထားဝယ်မြို့ မှ မြင်တွေ့ရသည့် နတ်တော်လပြည့်ည၏ စူပါမွန်းဖြစ်စဉ်
Dawei Watch
December 4, 2025ကမ္ဘာနှင့် ပိုမိုနီးကပ်လာသည့် လ ကို ဒီဇင်ဘာလ ၄ ရက်နေ့နှင် ၅ ရက်နေ့တို့တွင် တွေ့မြင်ရမည်ဖြစ်ရာ ထားဝယ်မြို့ ၊ လောကမာရဇိန်ဘုရားကြီး ဝင်းအတွင်းမှ ယနေ့ နတ်တော်လပြည့်နေ့ ညဦးပိုင်း၌ တွေ့ရသည့် စူပါမွန်း၏ ပုံရိပ်များကို ဖော်ပြလိုက်ပါသည်။ ပုံမှန်ထက် အလွန်ကြီးမားစွာမြင်တွေ့ရမည့် စူပါမွန်းဖြစ်စဉ်ကို ယနေ့နှင့် ဒီဇင်ဘာလ ၅ ရက်ညတွင် မြန်မာနိုင်ငံအပါအဝင် တစ်ကမ္ဘာလုံးက မြင်တွေ့ရမည်ဖြစ်ကြောင်း နက္ခတ်တာရာ လေ့လာသူများကဆိုသည် ။ ပြီးခဲ့သည့် အောက်တိုဘာလက ယခု ၂၀၂၅ ခုနှစ်၏ ပထမဆုံးအကြိမ် စူပါမွန်းဖြစ်ပေါ်ခဲ့ပြီး နိုဝင်ဘာလ၌ ဒုတိယမြောက် စူပါမွန်းဖြစ်စဉ် ဖြစ်ပေါ်ခဲ့သေးသည်။ စူပါမွန်း ဖြစ်စဉ် ဆိုသည်မှာ လသည် ကမ္ဘာနှင့် ပိုမိုနီးကပ်သည့် “ပယ်ရီဂျီး (Perigee)” ဟုခေါ်သော အနီးဆုံးအမှတ်ကို […]


