ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ထားဝယ်တွင် ဘုရားကြီးဝင်းထဲ နေ့ခင်းဘက် ဆိုင်ကယ် အခိုးခံရ

Dawei Watch

December 3, 2025

ထားဝယ်မြို့တွင် နေ့ခင်းဘက် ဆိုင်ကယ် ခိုးယူခံရကြောင်း မြို့ခံများထံမှ သိရသည်။ ဒီဇင်ဘာလ ၂ ရက်နေ့ နံနက် ၈ နာရီကျော်တွင် လောကမာရဇိန်ဘုရားကြီးဝင်းအတွင်း၌ ဘုရားဖူးလာသည့် မြို့ခံတစ်ဦး၏ မော်တော်ဆိုင်ကယ်ကို အမျိုးသားတစ်ဦးက သော့ဖျက်ပြီး မောင်းယူထွက်ပြေးသွားကြောင်း မြို့ခံများက ပြောသည်။ ဆိုင်ကယ်ခိုးယူသူသည် ဆိုင်ကယ်ကယ်ရီဖြင့် ဘုရားကြီးဝင်ထဲသို့ လာရောက်ခြင်းဖြစ်ပြီး အပြာရောင်ဂျင်းအင်္ကျီ ဝတ်ဆင် ထားကြောင်း မျက်မြင်တွေ့ခဲ့သည့် ဘုရားဖူးမြိုခံ့အချို့၏ ပြောကြားချက်ကို ကိုးကားကာ မြို့ခံအမျိုးသားတစ်ဦးက ဆိုသည်။ “စီးပြီးထွက်သွားတာမြင်လိုက်လို့ ဝိုင်းအော်နေကြသေးတယ်။ မမီလိုက်ကြဘူး” ဟု ၎င်းက ပြောဆိုသည်။ အလစ်သုတ်ခံရသည့် ဆိုင်ကယ်မှာ NCX Wave 100 အမျိုးအစားဖြစ်ပြီး မော်တော်ယာဉ်နှင့် သက်ဆိုင်သည့် သက်သေခံ စာရွက်စာတန်းများပါ ဆိုင်ကယ်နှင့်အတူ ပါသွားကြောင်း မြို့ခံအချို့ထံမှ သိရသည်။ ပြီးခဲ့သည့် […]

ထိုင်းတွင် မွန်းလွဲချိန် အရက်ရောင်းချခွင့်ပြု

Dawei Watch

December 3, 2025

ထိုင်းနိုင်ငံတွင် မွန်းလွဲ ၂ နာရီမှ ညနေ ၅ နာရီကြား အရက်ရောင်းချခွင့်ကို ဆယ်စုနှစ်ချီ ပိတ်ပင်ထားရာမှ ယနေ့ ဒီဇင်ဘာလ ၃ရက်တွင် ပြန်လည်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ထိုင်းနိုင်ငံအတွင်း အရက်ရောင်းချခွင့်ပြုချိန်ကို နံနက် ၁၁ နာရီမှ ည ၁၂ နာရီအထိ ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ဒီဇင်ဘာလ ၂ ရက်နေ့တွင် ထိုင်းတော်ဝင်အမိန့် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။ လာမည့် ပွဲတော်ကာလများအတွက် ခရီးသွားကဏ္ဍကို မြှင့်တင်နိုင်ရန် ရည်ရွယ်၍ အရက်ရောင်းချခွင့်ကို အချိန်ထပ်တိုးခွင့်ပြုခြင်းဖြစ်ကြောင်းဆိုသည်။ ထိုင်းနိုင်ငံတွင် မွန်းလွဲ ၂ နာရီမှ ညနေ ၅ နာရီအတွင်း အရက်ရောင်းချမှုကို ၁၉၇၂ ခုနှစ်က စတင် ကန့်သတ်ပိတ်ပင်ထားသော ဥပ‌ဒေကို ပြင်ဆင်ပြဋ္ဌာန်းလိုက်ခြင်းဖြစ်ပြီး ထိုင်းတော်ဝင်အမိန့်ထုတ်ပြန်ပြီးသဖြင့် နိုင်ငံအတွင်း အကျုံးဝင်ပြီဖြစ်သည်။ အရက်ဆိုင်ထိုင် […]

ရေးတွင် တိုက်ပွဲဖြစ်ပြီး စစ်အာဏာရှင်တပ် လက်နက်ကြီးပစ်ခတ်၊ အရပ်သားသုံးဦး ဒဏ်ရာရ

Dawei Watch

December 3, 2025

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောင်းရွာကျေးရွာတွင် စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်အာဏာရှင်တပ်ဘက်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ သုံးဦး ထိခိုက်ဒဏ်ရာရကြောင်း ဒေသခံများက ပြောသည်။ ယမန်‌နေ့ ဒီဇင်ဘာလ ၂ ရက်နေ့ နံနက်ပိုင်းက ကျောင်းရွာကျေးရွာအခြေစိုက် စစ်အာဏာရှင် ခမရ ၅၉၁ တပ်ရင်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်ခဲ့ရာမှ နှစ်ဖက် တိုက်ပွဲဖြစ်ပွားကြောင်း ၎င်းတို့က ဆိုသည်။ ထိုတိုက်ပွဲဖြစ်ပွားပြီးနောက် စစ်အာဏာရှင်တပ်က ကျေးရွာထဲသို့ လက်နက်ကြီးဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။ လက်နက်ကြီးတစ်လုံးသည် လူနေအိမ်ကြား ကျရောက်ပေါက်ကွဲခဲ့ပြီး လူလတ်ပိုင်း အမျိုးသမီးတစ်ဦးနှင့် အမျိုးသားနှစ်ဦး ကျည်စထိမှန် ဒဏ်ရာရကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “တိုက်ပွဲက ၅၉၁ ဘက်မှာ ဖြစ်တာ။ အဲဒီဘက်မှာ ပစ်ခတ်ကြပြီးတော့ ရွာဘက်ကို […]

ထိုင်းက မြန်မာ ၁၀၀ ကျော်ကို စစ်ကော်မရှင်ထံလွှဲအပ်၊ ယခုနှစ်အတွင်းပြန်ပို့ခံရသူ နှစ်ထောင်ကျော်ရှိ

Dawei Watch

December 3, 2025

မြန်မာနိုင်ငံတွင် စစ်မှုထမ်းဥပဒေဖြင့် အဓမ္မစစ်သားစုဆောင်းခံနေရချိန် ထိုင်းနိုင်ငံ ရနောင်းထိန်းသိမ်းရေးစခန်းမှ မြန်မာနိုင်ငံသား ၁၀၀ ကျော်ကို ယနေ့ ကော့သောင်းဘက်သို့ ထပ်မံလွှဲပြောင်းပေးလိုက်ကြောင်း ကိုယ်တိုင်လိုက်ပါပို့ဆောင်သူ တစ်ဦးထံမှသိရသည်။ ပြီးခဲ့သော နိုဝင်ဘာလက မြန်မာနိုင်ငံသား ၁၃၇ ဦးကို နှစ်ကြိမ်ခွဲပို့ပြီးနောက် ယခု ဒီဇင်ဘာလတွင် ပထမအကြိမ် နေရပ်ပြန်ပို့ခဲ့ခြင်းဖြစ်သည်။ ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးဖြင့် ပြစ်ဒဏ်ကျခံပြီးနောက် ရနောင်းထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းထားသော မြန်မာနိုင်ငံသား အမျိုးသား ၈၁ ဦး၊ အမျိုးသမီး ၂၃ ဦး စုစုပေါင်း ၁၀၄ ဦးကို ယနေ့ ဒီဇင်ဘာလ ၃ ရက် နံနက် ၁၁ နာရီခွဲတွင် ကော့သောင်းမြို့သို့ ထပ်မံလွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။ ယခုနေရပ်ပြန်ပို့မှုသည် ၂၀၂၅ ခုနှစ်အတွင်း ၁၅ ကြိမ်မြောက် ဖြစ်ပြီး ယခုနှစ်အတွင်း နေရပ်ပြန်ပို့ခံရသူ […]

မြန်မာအပါအဝင် ၁၉ နိုင်ငံမှ ရွှေ့ပြောင်းနေထိုင်မှုလျှောက်လွှာအားလုံး အမေရိကန်ရပ်ဆိုင်း

Dawei Watch

December 3, 2025

ဥရောပမဟုတ်သော နိုင်ငံပေါင်း ၁၉ နိုင်ငံမှ ရွှေ့ပြောင်းနေထိုင်သူများ လျှောက်ထားလာသည့် Green Card နှင့် အမေရိကန်နိုင်ငံသားခံယူခွင့် အပါအဝင် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လျှောက်လွှာအားလုံးကို ဆိုင်းငံ့လိုက်ကြောင်း ထရမ့်အစိုးရက ဒီဇင်ဘာ ၂ ရက်နေ့တွင် ကြေညာလိုက်သည်။ အမျိုးသားလုံခြုံရေးနှင့် ပြည်သူ့ဘေးကင်းရေးဆိုင်ရာ စိုးရိမ်မှုများကို အကြောင်းပြကာ ထရမ့်အစိုးရက ယင်းသို့ ဆိုင်းငံ့လိုက်ခြင်း ဖြစ်သည်။ အဆိုပါ နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်၊ မြန်မာ၊ ချဒ်၊ ကွန်ဂိုသမ္မတနိုင်ငံ၊ အီကွေတိုရီရယ်ဂီနီ၊ အီရီထရီးယား၊ ဟေတီ၊ အီရန်၊ လစ်ဗျား၊ ဆိုမာလီယာ၊ ဆူဒန်နှင့် ယီမင်နိုင်ငံတို့ ပါဝင်ကြသည်။ ယင်းနိုင်ငံများသည် ပြီးခဲ့သည့် ဇွန်လကတည်းက ခြွင်းချက်အနည်းငယ်မှအပ အမေရိကန်နိုင်ငံအတွင်း ဝင်ရောက်ခွင့် လုံးဝဆိုင်းငံ့ခံရသည်အထိ အပြင်းထန်ဆုံး လူဝင်မှုကြီးကြပ်ရေး ကန့်သတ်ချက်များနှင့် ရင်ဆိုင်နေရသည့် နိုင်ငံများဖြစ်သည်။ ဇွန်လတွင် […]

ဥရောပနှင့် စစ်ဖြစ်ရန် အသင့်ရှိဟု ပူတင် ခြိမ်းခြောက်

Dawei Watch

December 3, 2025

ဥရောပနိုင်ငံများဘက်က ရုရှားနှင့် စစ်ခင်းလာလျှင် ရုရှားဘက်က တိုက်ခိုက်သွားရန် အသင့်ရှိကြောင်း ရုရှားသမ္မတဗလာဒီမာပူတင်က ဒီဇင်ဘာလ ၂ ရက်နေ့တွင် ဥရောပနိုင်ငံများကို ခြိမ်းခြောက်ပြောဆိုလိုက်သည်။ ရုရှားနှင့် ဥရောပစစ်ဖြစ်ပါက ဥရောပဘက်က အပြတ်အသတ် ရှုံးနိမ့်ရကာ ငြိမ်းချမ်းရေးဆွေးနွေးမည့်သူပင် ကျန်တော့မည် မဟုတ်ဟုလည်း ပူတင်က ဆိုသည်။ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဥရောပတွင် အသေအပျောက်အများဆုံး ပဋိပက္ခဖြစ်လာသည့် ရုရှား-ယူကရိန်းစစ်ပွဲသည် လေးနှစ်နီးပါး ကြာမြင့်လာပြီဖြစ်သော်လည်း ဥရောပနှင့် အမေရိကန်ပြည်ထောင်စု၏ ထောက်ပံ့ကူညီမှု ရယူထားသည့် အိမ်နီးချင်းနိုင်ငံငယ် ယူကရိန်းကို ရုရှားအနေဖြင့် လက်ရှိအချိန်ထိ အနိုင်ယူသိမ်းပိုက်နိုင်ခြင်း မရှိသေးပေ။ ပူတင်သာ ယူကရိန်းစစ်ပွဲတွင် အနိုင်ရခဲ့လျှင် နေတိုး (NATO) အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံကို ဆက်လက်တိုက်ခိုက်လာနိုင်ကြောင်း ယူကရိန်းနှင့် ဥရောပအင်အားကြီးနိုင်ငံများက အကြိမ်ကြိမ် သတိပေးနေကြသော်လည်း ပူတင်ကမူ ယင်းပြောဆိုချက်များကို အဓိပ္ပါယ်မရှိသည့်စကားများဟုဆိုကာ ငြင်းဆန်ပယ်ချလျက်ရှိသည်။ ရုရှားအား […]

ထားဝယ်နှင့် သရက်ချောင်းမှ ကျေးရွာချင်းဆက်တံတား ၃ စင်းကို စစ်အာဏာရှင်တပ်ဖျက်ဆီး

Dawei Watch

December 2, 2025

ထားဝယ်နှင့် သရက်ချောင်းမြို့နယ်အတွင်းရှိ ကျေးရွာချင်းဆက် တံတား ၃ စင်းကို ဒီဇင်ဘာ ၂ ရက်နေ့က စစ်အာဏာရှင်တပ်က ဖျက်ဆီးခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။ ထားဝယ်မြို့နယ်၊ ရှင်မုတ္ထီးရွာနှင့် ရောင်းမော်ရွာချင်းဆက် တံတား ၁ စင်း၊ ရောင်းမော်ရွာနှင့် ဆေးဖြတ်ကုန်းရွာချင်းဆက် တံတား ၁ စင်း၊ ရောင်းမော်နှင့် သဲတော၊ ကင်းရှေ့၊ စော်ဖျားရွာများကို ဆက်သွယ်ထားသည့် တံတား ၁ စင်းကို ဘတ်ဟိုးဖြင့် တူးဖြိုဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ “ရောင်းမော်လမ်းဆုံမှာ ဆေးဖြတ်ကုန်းဘက်သွားတဲ့ တံတားလည်းရှိတယ်။ သဲတော၊ ကင်းရှေ့ စော်ဖျားရွာတွေဘက်ကိုသွားတဲ့ တံတားလည်းရှိတယ်။ ဘတ်ဟိုးတစ်စီးနဲ့ လာဖြိုသွားတယ်။ ပြီးတော့ပြန်ထွက်သွားတယ်လို့ပြောတယ်” ဟု အထက်ပါ အမျိုးသမီးက ပြောသည်။ အဆိုပါ တံတား ၃ စင်းကိုဖျက်ဆီးလိုက်သဖြင့် ရှင်မုတ္တထီးနှင့် […]

ထားဝယ်ဒေသခံများ ကျပ်သိန်းပေါင်းများစွာ ထုတ်မရသည့်ကိစ္စတွင်တာဝန်ရှိသူ ဦးစိုးမင်းထိုက် ရွေးကောက်ပွဲဝင်ပြိုင်

Dawei Watch

December 2, 2025

ထားဝယ်ဒေသခံများ၏ ရင်းနှီးထည့်ဝင်ငွေ ငွေကျပ်သိန်းပေါင်းများစွာ ပြန်ထုတ်ယူ၍ မရဘဲဖြစ်နေသည့် ငွေကြေး ပြဿနာအား ဖြေရှင်းမပေးနိုင်သေးသည့် ဦးစိုးမင်းထိုက်သည် ရန်ကုန်တိုင်း ကမာရွတ်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ စစ်အုပ်စုကျင်းပမည့် ရွေးကောက်ပွဲတွင် မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ (MFDP) ကိုယ်စားပြုပြီး ရန်ကုန်တိုင်းလွှတ်တော်အတွက် ကမာရွတ်မြို့နယ် ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဥ်ပြိုင် မည်ဖြစ်ကြောင်း စစ်ကော်မရှင် လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ၏ ထုတ်ပြန်ချက်အရ သိရသည်။ ဦးစိုးမင်းထိုက် ကိုယ်တိုင်သည်လည်း Tiktok ကဲ့သို့ ဆိုရှယ်မီဒီယာကတစ်ဆင့် မဲဆွယ်စည်းရုံးမှုများ ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်နေသည်။ ထို့အပြင် ကမာရွတ်မြို့နယ်တွင်လည်း မဲဆွယ်စည်းရုံးရေးဆိုင်းဘုတ်များ စိုက်ထူထားသည်ကို တွေ့ရကြောင်း မျက်မြင်တွေ့ရှိသူအချို့က ပြောသည်။ ဦးစိုးမင်းထိုက်သည် Forex Trading ဟု ခေါ်သည့် နိုင်ငံတကာငွေကြေး ရောင်းဝယ်ရေးဈေးကွက်တွင် ရင်းနှီးမြှုပ်နှံသူ […]