ထားဝယ်နှင့် သရက်ချောင်းတွင် တံတားလေးစင်း ဖျက်ဆီးခံရသဖြင့် ကျောင်းကြိုပို့ရန်ခက်ခဲ
Dawei Watch
December 9, 2025ထားဝယ်နှင့် သရက်ချောင်းမြို့နယ်ထဲက တံတား လေးစင်းကို စစ်အာဏာရှင်တပ်က ဖျက်ဆီးလိုက်သဖြင့် ကျောင်းသား၊ ကျောင်းသူများကို ကျောင်းကြိုပို့လုပ်ရန် အခက်အခဲဖြစ်နေသလို စားသောက်ရေးအတွက်လည်း အခက်အခဲကြုံရကြောင်း ဒေသခံများက ပြောသည်။ ထားဝယ်မြို့နယ်တွင် ရှင်မုတ္ထီးနှင့် ရောင်းမော် ရွာချင်းဆက်တံတား၊ ရောင်းမော်နှင့် ဆေးဖြတ်ကုန်း ရွာချင်းဆက်တံတား၊ ရောင်းမော်နှင့် သဲတော၊ ကင်းရှေ့၊ စော်ဖျားရွာများကို ဆက်သွယ်ထားသည့် တံတား တစ်စင်းတို့ကို ဒီဇင်ဘာလ ၂ ရက်တွင် စစ်အာဏာရှင်တပ်က ဘတ်ဟိုးဖြင့် တူးဖြိုဖျက်ဆီးခဲ့သည်။ ဒီဇင်ဘာလ ၃ ရက်တွင်လည်း သရက်ချောင်းမြို့နယ်နှင့် ထားဝယ်မြို့ကို ဆက်သွယ်ထားသည့် ရှမ်းမတွင်းရွာက သစ်လုံးခင်း တံတားတစ်စင်းကို စစ်အာဏာရှင်တပ်က မီးရှို့ဖျက်ဆီးခဲ့သည်။ ထို့ကြောင့် ရှင်မုတ္ထီးနှင့် ထားဝယ်မြို့ပေါ်တို့တွင် ကျောင်းသွားတက်ရသည့် ကျောင်းသူ၊ ကျောင်းသားများကို ကြိုပို့ရန် အခက်အခဲဖြစ်နေကြောင်း ဒေသခံများက ဆိုသည်။ […]


