တနင်္သာရီတွင် စစ်အာဏာရှင်တပ်ရိက္ခာယာဉ်တန်းကို တော်လှန်ရေးတပ် မိုင်းဆွဲတိုက်ခိုက်
Dawei Watch
December 11, 2025မြိတ်မြို့ဘက်မှ တနင်္သာရီမြို့နယ်သို့ လာသည့် စစ်အာဏာရှင်တပ် ရိက္ခာတင်ယာဥ်တန်းကို တော်လှန်ရေးတပ်များက မိုင်းဆွဲတိုက်ခိုက်ကြောင်း ဒေသခံများ၊ တော်လှန်ရေးတပ်နှင့် နီးစပ်သူများထံမှ သိရသည်။ မြိတ်မှ လာသည့် စစ်အာဏာရှင်တပ် ယာဉ်ခုနစ်စီးပါ ယာဉ်တန်းကို ရမ်းဖိုရွာအနီး ပြည်ထောင်စုလမ်း၌ ယနေ့ ဒီဇင်ဘာလ ၁၁ရက် နံနက် ၁၀နာရီကျော်တွင် တော်လှန်ရေးတပ်များက မိုင်းဆွဲတိုက်ခိုက်ပြီး လမ်းကင်းယူထားသည့် စစ်အာဏာရှင် တပ်သားများနှင့် အပြန်အလှန် ပစ်ခတ်မှုဖြစ်ကြောင်း တော်လှန်ရေးတပ်နှင့် နီးစပ်သူက ပြောသည်။ “မိုင်းဆွဲလိုက်တာ ကားနှစ်စီးတော့ ထိသွားတယ်။ (လူ) ထိခိုက်မှု မသိရသေးဘူး။ လမ်းကင်းတွေနဲ့ အပြန်အလှန်ပစ်ခတ်မှု ဖြစ်တယ်လို့ သိရတယ်” ဟု အထက်ပါ နီးစပ်သူက ဆိုသည်။ မိုင်းဆွဲခံရပြီးနောက် ယာဉ်တန်းမှာ တနင်္သာရီမြို့ဘက်သို့ ဆက်လက်မောင်းနှင်သွားကြောင်း ၎င်းက ပြောဆိုသည်။ ယင်းနောက် စစ်အာဏာရှင်တပ်ယာဥ်တန်းသည် […]


