ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ကံပေါက်ဒေသက အသံတိတ်သပိတ်နေ့မြင်ကွင်း

Dawei Watch

December 10, 2025

၇၇ နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ဖြစ်သော ယနေ့(ဒီဇင်ဘာလ ၁၀)တွင် အပြင်မထွက်ဘဲ အသံတိတ်သပိတ်၌ ပါဝင်ကြရန် တော်လှန်‌ရေးအင်အားစုများနှင့် သပိတ်လှုပ်ရှားမှုအဖွဲ့များက တိုက်တွန်းထားကြသည်။ ဒီဇင်ဘာလ ၁၀ ရက်နေ့ နံနက် ၁၀ နာရီမှ ညနေ ၃ နာရီအထိ အပြင်မထွက်ခြင်းဖြင့် အသံတိတ်သပိတ်တွင် ပါဝင်ကြရန် တိုက်တွန်းထားသဖြင့် ယနေ့ နံနက်ပိုင်း ရေဖြူမြို့နယ် ၊ ကံပေါက်ကျေးရွာ ၊ ရွာလယ်ကျောက်တိုင်လမ်းဆုံ၏ အသံတိတ်သပိတ် မြင်ကွင်းဓာတ်ပုံများကို ဖော်ပြလိုက်ပါသည်။ လွန်ခဲ့သည့် သုံးရင်ခန့်ကတည်းက ကံပေါက်ဒေသရှိ ရပ်ကွက် ၊ ကျေးရွာ အများစု တွင် ဆက်သွယ်ရေးအင်တာနက်လိုင်းများ ပြတ်တောက်နေသဖြင့် ဓာတ်ပုံပေးပို့ရန်အခက်အခဲလည်းကြုံနေရကြောင်းဒေသခံတို့ကဆိုသည် ။

လောင်းလုံးက အသံတိတ်သပိတ်

Dawei Watch

December 10, 2025

၇၇ နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ဖြစ်သော ယနေ့(ဒီဇင်ဘာလ ၁၀)တွင် အပြင်မထွက်ဘဲ အသံတိတ်သပိတ်၌ ပါဝင်ကြရန် တော်လှန်‌ရေးအင်အားစုများနှင့် သပိတ်လှုပ်ရှားမှုအဖွဲ့များက တိုက်တွန်းထားကြသည်။ ဒီဇင်ဘာလ ၁၀ ရက်နေ့ နံနက် ၁၀ နာရီမှ ညနေ ၃ နာရီအထိ အပြင်မထွက်ခြင်းဖြင့် အသံတိတ်သပိတ်တွင် ပါဝင်ကြရန် တိုက်တွန်းထားသဖြင့် ယနေ့ လောင်းလုံးမြို့နယ် ကျေးရွာချို့၏ အသံတိတ်သပိတ် မြင်ကွင်းဓာတ်ပုံများကို ဖော်ပြလိုက်ပါသည်။

တိုက်ပွဲမရှိဘဲ စစ်အာဏာရှင်တပ်က လောင်းလုံးကို ညအချိန် လက်နက်ကြီးများဖြင့်ပစ်

Dawei Watch

December 10, 2025

တိုက်ပွဲဖြစ်ပွားခြင်း မရှိသော်လည်း စစ်အာဏာရှင်တပ်က လောင်းလုံးမြို့ဘက်သို့ ညဘက်လူအများ အိပ်ချိန်တွင် လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။ ထားဝယ်မြို့ ကြက်စားပြင်ရပ်ကွက်ရှိ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး သင်တန်းကျောင်း၌ တပ်စွဲထားသည့် စစ်အာဏာရှင်တပ်က ဒီဇင်ဘာလ ၉ ရက် နေ့ ည ၇ နာရီ ခန်နှင့် ၁၀ နာရီကျော် အချိန်ခန့်တို့တွင် မြစ်တစ်ဘက်ကမ်း၌ရှိသော လောင်းလုံးမြို့နယ်ဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း ဒေသခံတို့ထံမှသိရသည်။ “ပထမတစ်လုံးက အိမ်ပါတုံတယ်။ ဒုတိယတစ်လုံးကလက်နက်ကြီးဒလက် (ကျည်ဆန်) ခေါင်မိုးပေါ်က ဖြတ်သွားတာကို ကြားနေရတယ်။ အကုန်လုံးအိမ်အောက်ဆင်းပြေးပြီး နေကြရတယ်”ဟု ဒေသခံအမျိုးသမီးတစ်ဦးကပြောသည်။ စစ်အာဏာရှင်တပ် ပစ်ခတ်လိုက်သည့် လက်နက်ကြီး ကျည်ဆန်နှစ်လုံးအနက် တစ်လုံးမှာ လောင်းလုံးမြိုနှင့် ကပ်လျက်တွင်ရှိသော သဗျာကျေးရွာတံတားအနီး ကားလမ်းပေါ် ကျ ရောက်ပေါက်ကွဲခဲ့ပြီး […]

တနင်္သာရီ-မောတောင်လမ်းပိုင်းတွင် တိုက်ပွဲပြင်းထန်နေသဖြင့် ကျေးရွာ ၁၀ရွာဝန်းကျင် စားနပ်ရိက္ခာပြတ်

Dawei Watch

December 10, 2025

တနင်္သာရီမြို့နယ်မှ မောတောင်မြို့ သွားရာ ပြည်ထောင်စုလမ်းပိုင်းတွင် တော်လှန်ရေးတပ်နှင့် စစ်အာဏာရှင်တပ်သားများ တိုက်ပွဲပြင်းထန်နေပြီး ကုန်ကားများ ဖြတ်သန်းသွားလာ၍ မရသဖြင့် ကျေးရွာ ၁၀ရွာဝန်းကျင်တွင် စားနပ်ရိက္ခာများ ပြတ်လပ်နေကြောင်း ဒေသခံများထံမှ သိရသည်။ တော်လှန်ရေးတပ်များ မောတောင်မြို့ကို သိမ်းပိုက်ပြီးနောက် စစ်အာဏာရှင်တပ်က ပြန်လည်သိမ်းပိုက်ရန် အဆိုပါလမ်းပိုင်းရှိ သဲဖြူရွာဝန်းကျင်ကို အင်အားဖြည့်တင်း၍ စစ်ကြောင်းထိုးလာသဖြင့် ပြီးခဲ့သည့် နိုဝင်ဘာလ ၁၅ ရက်မှ စတင်ကာ တိုက်ပွဲများ ပြင်းထန်နေသည်။ တိုက်ပွဲကြောင့် ကုန်ကားများဖြတ်၍ မရသဖြင့် ကျေးရွာ ၁၀ရွာဝန်းကျင်တွင် စားသောက်ကုန်ပစ္စည်းများ ပြတ်လပ်နေကြောင်း ဒေသခံတစ်ဦးက ပြောသည်။ ကနဦးတွင် ဒေသအတွင်းရှိ ကုန်စုံဆိုင်များနှင့် ဆန်စက်များရှိ ဆန်များကို ဝယ်ယူ၍ စားသောက်၍ရသော်လည်း လက်ရှိတွင် တစ်လနီးပါးကြာမြင့်လာပြီဖြစ်သောကြောင့် စားနပ်ရိက္ခာများ ပြတ်လပ်မည့် အခြေအနေဖြစ်နေကြောင်း ၎င်းက ဆိုသည်။ […]

ထိုင်းက မြန်မာ ၇၀ ကျော် ဒီဇင်ဘာလထဲ ဒုတိယအကြိမ် ထပ်ပို့

Dawei Watch

December 10, 2025

စစ်အာဏာရှင်တပ်က အဓမ္မစစ်သားစုဆောင်းနေချိန် ထိုင်းနိုင်ငံ ရနောင်းမြို့ထိန်းသိမ်းရေးစခန်းရှိ မြန်မာနိုင်ငံသား ၇၀ ကျော် ကို ယနေ့ ကော့သောင်းဘက်သို့ ထပ်မံလွှဲပြောင်းလိုက်ကြောင်း ကိုယ်တိုင်လိုက်ပါပို့ဆောင်သော မြန်မာနိုင်ငံသားထံမှ သိရသည်။ ဒီဇင်ဘာလ ၃ ရက်က မြန်မာနိုင်ငံသား ၁၀၄ ဦးကို ကော့သောင်းဘက်သို့ လွှဲပြောင်းပေးခဲ့ပြီးနောက် ယခုလအတွင်း ဒုတိယအကြိမ် နေရပ်ပြန်ပို့လိုက်ခြင်းဖြစ်သည်။ ထို့ကြောင့် ဒီဇင်ဘာလအတွင်း နေရပ်ပြန်ပို့ခံရသူ ၁၇၅ ဦးအထိ ရှိလာပြီဖြစ်သည်။ ထိုင်းတွင် အကြောင်းအမျိုးမျိုးဖြင့် ပြစ်ဒဏ်ကျခံပြီးနောက် ရနောင်းထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းထားသော မြန်မာနိုင်ငံသား အမျိုးသား ၅၄ ဦး၊ အမျိုးသမီး ၁၇ ဦးနှင့် ကလေး ၅ ဦး စုစုပေါင်း ၇၆ဦးကို ယနေ့ ဒီဇင်ဘာလ ၁၀ ရက် နံနက် ၁၁ နာရီခွဲတွင် […]

နယ်စပ်ပဋိပက္ခကြောင့် ထိုင်းဆီးဂိမ်းရောက် ကမ္ဘောဒီးယား ကစားသမားအားလုံး ယနေ့ပြန်မည်

Dawei Watch

December 10, 2025

နှစ်နိုင်ငံ နယ်စပ်ပဋိပက္ခများကြောင့် လုံခြုံရေးစိုးရိမ်ရသဖြင့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (ဆီးဂိမ်းပြိုင်ပွဲ) မှ ကမ္ဘောဒီးယား ကစားသမားနှင့် အဖွဲ့ဝင်များအားလုံး နုတ်ထွက်ကာ ယနေ့ပြန်မည်ဖြစ်ကြောင်း ကမ္ဘောဒီးယားနိုင်ငံ အိုလံပစ်ကော်မတီက ကြေညာလိုက်သည်။ ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသော ၃၃ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ ဖွင့်ပွဲအပြီး နောက်တစ်နေ့ဖြစ်သော ယနေ့ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ကစားသမားများကို အားလုံး နုတ်ထွက်ပြီး ပြန်ခေါ်တော့မည်ဖြစ်ကြောင်း ကြေညာချက်ထွက်လာခြင်းဖြစ်သည်။ ကမ္ဘောဒီးယား ကစားသမားများ နုတ်ထွက်လိုက်သည်မှာ သေချာကြောင်း ဆီးဂိမ်းပြိုင်ပွဲ၏ အကြီးတန်းအရာရှိတစ်ဦးကလည်း အတည်ပြုထားသည်။ ကမ္ဘောဒီးယား ကစားသမားများ မနုတ်ထွက်ခင် ကစားသမား ၁၃၇ ဦးဖြင့် ပြိုင်ပွဲ ၁၂ မျိုးတွင် ပါဝင်ယှဉ်ပြိုင်ရန် ထိုင်းနိုင်ငံသို့ စေလွှတ်ထားခြင်းဖြစ်သည်။ ယမန်နေ့ ဒီဇင်ဘာလ ၉ ရက်နေ့က […]

ထိုင်းအာဏာပိုင်းများ လုပ်ငန်းခွင်ထဲဝင်စစ် မြန်မာ ၄၅ ဦး ဖမ်းဆီးခံရ

Dawei Watch

December 10, 2025

ထိုင်းနိုင်ငံအရှေ့ပိုင်း လယွန်ခရိုင်ရှိ လုပ်ငန်းခွင်ထဲတွင် အလုပ်လုပ်နေသော မြန်မာနိုင်ငံသား ၄၅ ဦးကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးခဲ့ကြောင်း လယွန်ခရိုင် အလုပ်သမားရုံးက ထုတ်ပြန်သည်။ ဒီဇင်ဘာလ ၉ ရက်နေ့က လယွန်ခရိုင် နော့ခိုင်ဒေသ နော့လလွန့်ရွာထဲရှိ စက်ရုံ၊ အလုပ်ရုံများထဲ အလုပ်လုပ်ကိုင်နေသော အလုပ်သမားများကို ထိုင်းဌာနဆိုင်ရာ အဖွဲ့ပေါင်းစုံက ကွင်းဆင်းစစ်ဆေးစဉ် မြန်မာနိုင်ငံသားများ ဖမ်းဆီးခံရခြင်းဖြစ်သည်။ စက်ရုံများထဲတွင် အလုပ်လုပ်ခွင့်လက်မှတ်မရှိ သို့မဟုတ် လုပ်ပိုင်ခွင့်ထက် ကျော်လွန်လုပ်ကိုင်နေသော မြန်မာနိုင်ငံသား အမျိုးသား ၁၄ ဦး၊ အမျိုးသမီး ၇ ဦး စုစုပေါင်း ၂၁ ဦးကို တွေ့ရကြောင်း ထိုင်းသတင်းတွင် ဖော်ပြထားသည်။ နောက်ထပ် မြန်မာနိုင်ငံသား အမျိုးသား ၂၁ ဦး၊ အမျိုးသမီး ၃ ဦး စုစုပေါင်း ၂၄ […]

ဩစတြေးလျတွင် ဆယ်ကျော်သက်များ ဆိုရှယ်မီဒီယာအသုံးပြုခွင့် ယနေ့ စပိတ်

Dawei Watch

December 10, 2025

ဆယ်ကျော်သက်များအား ဆိုရှယ်မီဒီယာအသုံးပြုမှု ပိတ်ပင်သည့်ဥပဒေသည် ဩစတြေးလျနိုင်ငံ၌ ယနေ့ ဒီဇင်ဘာလ ၁၀ ရက်တွင် စတင်အသက်ဝင်ပြီဖြစ်ပြီး ဆယ်ကျော်သက်များအား ဆိုရှယ်မီဒီယာအသုံးပြုခွင့်ကို ဥပဒေအရ တားမြစ်သည့် ကမ္ဘာ့ပထမဆုံးနိုင်ငံ ဖြစ်လာသည်။ TikTok ၊ Youtube ၊ Instagram ၊ Facebook အပါအဝင် ဆိုရှယ်မီဒီယာပလက်ဖောင်းများကို အသက် ၁၆ နှစ်အောက် ကလေးသူငယ်များ ဝင်ရောက်အသုံးပြုခွင့်ကို ပိတ်ပင်လိုက်ပြီ ဖြစ်သည်။ ဆိုရှယ်မီဒီယာကုမ္ပဏီများအနေဖြင့် ယင်းဥပဒေကို လိုက်နာခြင်း မရှိပါက ဩစတြေးလျဒေါ်လာ ၄၉ဒသမ၅ သန်း (အမေရိကန်ဒေါ်လာ ၃၃ သန်း) အထိ ဒဏ်ရိုက်ခံရမည်ဖြစ်သည်။ ယင်းဥပဒေအသစ်ကို နည်းပညာကုမ္ပဏီကြီးများနှင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်အရေး လှုပ်ရှားသူများက ဝေဖန်ကြသော်လည်း မိဘများနှင့် ကလေးသူငယ်ရေးရာ တက်ကြွလှုပ်ရှားသူများက ကြိုဆိုကြသည်။ ယနေ့သည် ဩစတြေးလျမိသားစုများအတွက် ‘ဂုဏ်ယူစရာ […]