ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ရေဖြူမြို့ အနောက်ဘက်ကမ်းတွင် တိုက်ပွဲပြင်းထန်၊ စစ်အာဏာရှင်တပ်က မြို့အဝင်အထွက်ဂိတ်များပိတ်

Dawei Watch

December 12, 2025

ရေဖြူမြို့အနောက်ဘက်ကမ်းတွင် စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်များအကြား တိုက်ပွဲ အပြင်းထန်ဖြစ်ပွားနေကြောင်း မြို့ခံအချို့ထံမှ သိရသည်။ ထားဝယ်မြစ်အနောက်ကမ်းတွင်ရှိသော ရေဖြူမြို့ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးနှင့် ရေဖြူမြို့မ ရဲစခန်းတို့ကို ယနေ့ ဒီဇင်ဘာလ ၁၂ ရက် နံနက် ၉ နာရီ ခွဲ အချိန်မှစ၍ တော်လှန်ရေးပူးပေါင်းတပ်များ ဝင်ရောက်တိုက်ခိုက်ရာမှ တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။ “လက်နက်ကြီးတွေ တရစပ်ပစ်နေကြတယ်။ ကျောင်းလည်းဖွင့်နေတော့ ကျောင်းသားတွေပဲ စိတ်ပူနေရတယ်။ ဖုန်းတွေလည်း ဆက်မရကြဘူး”ဟု ဒေသခံအမျိုးသမီးတစ်ဦးကပြောသည်။ တိုက်ပွဲအတွင်း ရေဖြူမြို့နယ် အနီးရှိ အမှတ် ၄၀၆၊၄၀၇ စစ်အာဏာရှင်တပ်ရင်းများက လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း မြို့ခံများထံမှသိရသည်။ နှစ်ဘက်ပစ်ခတ်မှုများအတွင်း ရေဖြူမြို့ နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးနှင့် မြိုမရဲစခန်း မီးလောင်နေကြောင်း ဒေသခံများထံမှသိရသော်လည်း သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။ “အခုတိုက်ပွဲဖြစ်နေတဲ့နေရာမှာ ထွေအုပ်ရုံးရှိတယ်၊ ရဲစခန်းရှိတယ်။ အဲဒီနေရာကနေ […]

လွှတ်တော်ဖျက်သိမ်းရန် ထိုင်းဘုရင်လက်မှတ်ထိုး၊ ရက် ၆၀ အတွင်း ရွေးကောက်ပွဲလုပ်ရန် ညွှန်ကြား

Dawei Watch

December 12, 2025

ဥပဒေပြုလွှတ်တော်ကို ဖျက်သိမ်းရန် ထိုင်းဘုရင်က လက်မှတ်ထိုး အတည်ပြုလိုက်သည့် တော်ဝင်အမိန့်ကို ယနေ့ နံနက်ပိုင်းတွင် ထုတ်ပြန်လိုက်သည်။ ထိုင်းနိုင်ငံ၏ လွှတ်တော်ကို ဖျက်သိမ်းလိုက်ပြီဟု ထိုင်းဝန်ကြီးချုပ် အနုထင် ချန်ဝီရကူက ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ကြေညာပြီးနောက် ထိုင်းဘုရင်လက်မှတ်ထိုးရန် တင်ပြခဲ့ခြင်းဖြစ်သည်။ ယနေ့ နံနက်ပိုင်းတွင် ထိုင်းဘုရင်က လွှတ်တော်ဖျက်သိမ်းရန် အတည်ပြုလိုက်ပြီး လာမည့် ၄၅ ရက်နှင့် ၆၀ ရက်ကြားတွင် ရွေးကောက်ပွဲ ကျင်းပရန် ညွှန်ကြားထားသည်။ ဒီဇင်ဘာလ ၁၁ ရက်နေ့က ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၅၆/၂၈ ကို ပြင်ဆင်သည့် ကိစ္စနှင့်ပတ်သက်၍ လွှတ်တော်ထဲ မဲပေးဆုံးဖြတ်ခဲ့သည်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင်ရန် တိုက်ရိုက်ခန့်ထားသော အထက်လွှတ်တော်အမတ်များ၏ သုံးပုံတစ်ပုံက ထောက်ခံရမည်ဟူသောအချက်အစား အထက်နှင့် အောက်လွှတ်တော်အမတ်များ၏ တစ်ဝက်ကျော်က […]

ဆိုရှယ်မီဒီယာပိတ်ပင်သည့် ဩစတြေးလျအစိုးရကို Reddit တရားစွဲ

Dawei Watch

December 12, 2025

အသက် ၁၆ နှစ်အောက် ကလေးသူငယ်များအား ဆိုရှယ်မီဒီယာပိတ်ပင်ထားသည့် ဩစတြေးလျအစိုးရကို Reddit ဆိုရှယ်မီဒီယာကုမ္ပဏီက ယနေ့ ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် တရားစွဲဆိုလိုက်သည်။ အသက် ၁၆ နှစ်အောက် ကလေးများအတွက် ဩစတြေးလျအစိုးရက ပိတ်ပင်ထားသည့် ဆိုရှယ်မီဒီယာပလက်ဖောင်းများစာရင်းတွင် ၎င်းတို့အား ပယ်ဖျက်ပေးရန် Reddit ကုမ္ပဏီဘက် တောင်းဆိုကာ တရားစွဲဆိုလိုက်ခြင်း ဖြစ်သည်။ ဩစတြေးလျအစိုးရ၏ ပိတ်ပင်မှုမှာ နိုင်ငံရေးအရ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ချိုးဖောက်ခြင်း ဖြစ်ကြောင်း ကုမ္ပဏီဘက်က ဆိုသည်။ Reddit ကုမ္ပဏီဘက်မှ ရှေ့နေများ၏ တရားရုံးတင်စာရွက်စာတမ်းတွင် ဩစတြေးလျအစိုးရ၏ အဆိုပါ ပိတ်ပင်မှုသည် နိုင်ငံရေးဆိုင်ရာ လွတ်လပ်စွာ ဆက်သွယ်ပြောဆိုမှုကို ပိတ်ပင်ချိုးဖောက်သောကြောင့် တရားမဝင်ကြောင်း ဖော်ပြထားသည်။ အဆိုပါ တရားစွဲဆိုမှုတွင် ဩစတြေးလျဓနသဟာယအဖွဲ့နှင့် ဆက်သွယ်ရေးဝန်ကြီး Anika Wells […]

ထိုင်းလွှတ်တော် ဖျက်သိမ်းကြောင်း ဝန်ကြီးချုပ်ကြေညာ

Dawei Watch

December 12, 2025

ထိုင်းနိုင်ငံ၏ လွှတ်တော်ကို ဖျက်သိမ်းကြောင်း ထိုင်းဝန်ကြီးချုပ် အနုထင် ချန်ဝီရကူက ဒီဇင်ဘာ ၁၁ ညတွင် ကြေညာလိုက်သည်။ ထိုင်းလွှတ်တော်ကို ဖျက်သိမ်းပြီး ပြည်သူထံ အာဏာပြန်လွှဲလိုက်ပြီဖြစ်ကြောင်း ဝန်ကြီးချုပ်က Facebook လူမှုကွန်ရက်မှတစ်ဆင့် ကြေညာလိုက်ခြင်းဖြစ်သည်။ ဒီဇင်ဘာ ၁၁ ရက်နေ့ နံနက်ပိုင်းတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၅၆/၂၈ ကို ပြင်ဆင်သည့် ကိစ္စနှင့်ပတ်သက်၍ ပြည်သူ့ပါတီဘက်က ဝန်ကြီးချုပ်ကို အယုံအကြည်မရှိအဆိုကို တင်သွင်းမည်ဟု ကြေညာခဲ့သည်။ ယင်းနောက် ဝန်ကြီးချုပ်က လွှတ်တော်ကို ဖျက်သိမ်းကြောင်း ကြေညာလိုက်ပြီး အတည်ပြုရန် ဘုရင်ထံ တင်သွင်းထားပြီး ဖြစ်ကြောင်း ဖော်ပြသည်။ လွှတ်တော်ဖျက်သိမ်းရန် ဘုရင်က လက်မှတ်ထိုးအတည်ပြုလိုက်ပြီဖြစ်ကြောင်း Thai PBS သတင်းတစ်ရပ်တွင် ဖော်ပြသည်။ ထိုင်းနိုင်ငံ၏ ၂၀၁၆ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ လွှတ်တော်ဖျက်သိမ်းပြီးနောက် […]

သရက်ချောင်းတွင် စစ်အာဏာရှင်တပ် လက်နက်ကြီးပစ်ခတ်၊ သင်းကျွန်းရွာက နေအိမ်အချို့မီးလောင်နေ

Dawei Watch

December 11, 2025

သရက်ချောင်းမြို့နယ်ထဲ ကျေးရွာများကို စစ်အာဏာရှင်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်နေပြီး သင်းကျွန်းရွာတွင် နေအိမ်အချို့ မီးလောင်နေကြောင်း ဒေသခံအချို့က ပြောသည်။ ဒီဇင်ဘာလ ၁၁ ရက် နံနက် ၉ နာရီခန့်တွင် ထားဝယ်-မြိတ်သွားကားလမ်းတစ်လျှောက်က သရက်နှစ်ခွရွာ၊ သင်းကျွန်းရွာကို စစ်အာဏာရှင် တပ်သားများ ကားများဖြင့် လာရောက်ပြီး တပ်စွဲခဲ့ကြောင်း ဒေသခံအချို့က ဆိုသည်။ စစ်အာဏာရှင်တပ် စစ်ကြောင်းသည် နေ့လယ် ၁၂ နာရီခန့်မှ ညနေ ၆ နာရီအထိ လက်နက်ကြီးဖြင့် အဆက်မပြတ် ပစ်ခတ်နေကြောင်း ဒေသခံများက ပြောဆိုသည်။ “အိမ်တွေ မီးလောင်နေတယ်။ (အဝေးကနေ) ကြည့်ရသလောက် သုံးလေးဆောင်လောက် ရှိမယ်ထင်တယ်။ ပစ်တာကတော့ နှစ်ဖက်ပစ်တာလား တစ်ဖက်တည်းက ပစ်နေတာလား မသိဘူး။ ဒီလောက်ပဲနော် စကားပြောလို့မရဘူး။ အသံတောင် မထွက်ရဲဘဲ နေနေရတာ” […]

တနင်္သာရီကမ်းလွန်တွင် မင်းရဲသူ သဘာဝဓာတ်ငွေ့စီမံကိန်း ၂၀၂၆ နှစ်ကုန်ပိုင်းတွင် စမည်ဟု စစ်အုပ်စုပြော

Dawei Watch

December 11, 2025

မုတ္တမ (တနင်္သာရီကမ်းလွန်) ၌ တူးဖော်မည့် မင်းရဲသူ သဘာဝဓာတ်ငွေ့စီမံကိန်းအကဲဖြတ်ခြင်းနှင့် စူးစမ်းရှာဖွေခြင်း၊ တူးဖော်ရေးလှုပ်ရှားမှုကို ၂၀၂၆ နှစ်ကုန်တွင် ပြုလုပ်မည်ဖြစ်ကြောင်း စီမံကိန်းပြုလုပ်မည့် ကုမ္ပဏီဘက်က တနင်္သာရီတိုင်း စစ်ကော်မရှင်ထံ ယနေ့ ဒီဇင်ဘာလ ၁၁ ရက်တွင် လာရောက်ရှင်းလင်းမိတ်ဆက်ခဲ့သည်။ ယင်းအခမ်းအနားတွင် တိုင်းစစ်ကော်မရှင် ဝန်ကြီးချုပ် ဦးမြတ်ကိုနှင့် အဖွဲ့ဝင်အချို့ တက်ရောက်ခဲ့ကြောင်း စစ်ကော်မရှင် လက်အောက်ခံ ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။ မင်းရဲသူစီမံကိန်းကို လုပ်ကိုင်ရန် ယခုနှစ် မေလ ၂၉ ရက်တွင် နေပြည်တော်၌ မြန်မာနိုင်ငံအခြေစိုက် ထိုင်းနိုင်ငံသားပိုင် ကုမ္ပဏီတစ်ခုဖြစ်သည့် Gulf Petroleum Myanmar (GPM) ကုမ္ပဏီနှင့် စစ်ကော်မရှင် လက်အောက်ရှိ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) တို့အကြား ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေ၊ တူးဖော်၊ […]

မြောက်ဦးဆေးရုံ ဗုံးကြဲတိုက်ခိုက်မှုကို APHR က အပြင်းထန်ဆုံး ရှုတ်ချ

Dawei Watch

December 11, 2025

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ရှိ အထွေထွေဆေးရုံကို ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် စစ်အာဏာရှင်တပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့မှုအပေါ် လူ့အခွင့်အရေးဆိုင်ရာ အာဆီယံ ပါလီမန်အမတ်များအဖွဲ့ (APHR) က အပြင်းထန်ဆုံး စကားလုံးများဖြင့် ရှုတ်ချလိုက်သည်။ မြောက်ဦးတိုက်ခိုက်မှုသည် လူ့အခွင့်အရေးကြေညာစာတမ်းကို ဂုဏ်ပြုရမည့်နေ့တွင် ကျူးလွန်ခဲ့သော မြန်မာစစ်တပ်၏ စစ်ရာဇဝတ်မှုတစ်ခုဖြစ်ကြောင်း (APHR) က ဆိုသည်။ မြန်မာစစ်အုပ်စုသည် ရခိုင်ပြည်နယ်အနှံ့ရှိ ဘာသာရေးအဆောက်အအုံများ၊ စာသင်ကျောင်းများနှင့် ဆေးရုံများအပါအဝင် အရပ်ဘက်အခြေခံအဆောက်အအုံများကို စနစ်တကျနီးပါး နေ့စဉ်လိုလို ဗုံးကြဲတိုက်ခိုက်နေကြောင်း APHR က ဖော်ပြ သည်။ “မြောက်ဦးဆေးရုံ တိုက်ခိုက်ခံရမှုဟာ ကာကွယ်အစောင့်ရှောက်ခံ အရပ်သားတွေအပေါ် ရည်ရွယ်ချက်ရှိရှိ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခြင်းဖြစ်တယ်။ နိုင်ငံတကာလူ့အခွင့်အရေးနေ့မှာ ဒီလိုမျိုး ရက်စက်ယုတ်မာမှုမျိုးကို ကျူးလွန်တာက စစ်ကောင်စီအနေနဲ့ လူသားချင်းစာနာမှုကို လုံးဝဥပေက္ခာပြုထားတယ်ဆိုတာကို ပြသနေတယ်” […]

သရက်ချောင်း၊ ပန်းတောရပ်ကွက်လမ်းဆုံတွင် ဒေသခံ ၁၀ဦး ဖမ်းဆီးစစ်ဆေးခံရ

Dawei Watch

December 11, 2025

သရက်ချောင်းမြို့နယ်၊ ပန်းတောရပ်ကွက်လမ်းဆုံတွင် ဒီဇင်ဘာလ ၁၀ ရက်က ဒေသခံ ၁၀ဦး ဖမ်းဆီးစစ်ဆေးခံခဲ့ရကြောင်း ဒေသခံများက ပြောသည်။ ဒီဇင်ဘာလ ၁၀ ရက် နံနက်ပိုင်းတွင် အဆိုပါလမ်းဆုံသို့ စစ်အာဏာရှင်တပ် ကားတစ်စင်းရောက်ရှိလာပြီး လမ်းသွားလမ်းလာ အမျိုးသမီးတစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း ဒေသခံများက ဆိုသည်။ ယနေ့ ညနေ ၄နာရီခန့်တွင်လည်း စစ်အာဏာရှင်တပ် ကားတစ်စင်း ရောက်လာပြီး လမ်းဆုံးအနီးဝန်းကျင်ရှိ အမျိုးသား ခုနစ်ဦးကို ထပ်မံဖမ်းဆီးကြောင်း ၎င်းတို့က ပြောဆိုသည်။ “ပန်းတောလမ်းဆုံမှာက သိတဲ့အတိုင်းပဲ၊ ခြင်းခတ်သူခတ်၊ ကွမ်းယာဆိုင်မှာ ထိုင်သူထိုင်ပဲ၊ ဖမ်းခေါ်သွားတဲ့အထဲမှာ လူငယ်တွေရော လူလတ်ပိုင်းတွေရောပါတယ်။ မိန်းမက တစ်ယောက်ပါတယ်” ဟု သရက်ချောင်းမြို့ပေါ် ရပ်ကွက်နေသူ အမျိုးသမီးတစ်ဦးက ပြောသည်။ ယင်းအပြင် တီတွတ်ပြင်ရွာနှင့် အိမ်ရှေ့ပြင်ရွာက အမျိုးသားနှစ်ဦးလည်း ဖမ်းဆီးခံရကြောင်း ဒေသခံများထံမှ […]