မြိတ်ဒေသထွက် ငှက်သိုက် ရောင်းအား ထိုးကျ
diz_admin
May 25, 2020ကိုဗစ်ရောဂါဂယက်ကြောင့် မြိတ်ဒေသတွင် လုပ်ငန်းရှင်အများစု ငှက်သိုက်ရောင်းအား ၅၀ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းအထိ ကျဆင်းသွားကြောင်း မြိတ်ငှက်သိုက်ရောင်းဝယ်ရေး ဈေးကွက်အတွင်းမှ သိရသည်။ မြိတ်ပင်ရင်းတွင် ရောင်းအားထက်ဝက်ကျော်ကျသွားသကဲ့သို့ ရန်ကုန်ရှိ ဆိုင်ခွဲတွင်လည်း ထက်ဝက်ကျော်ကျဆင်းခဲ့ရကြောင်း မြိတ်ကမ်းနားလမ်းရှိ သဘာဝငှက်သိုက်လုပ်ငန်းမှ သိရသည်။ ကိုဗစ်ရောဂါဂယက် စတင်မရိုက်ခတ်မီက ငှက်သိုက်ကို ရန်ကုန်၊ မန္တလေးနှင့် တခြားမြို့ကြီးများမှ မှာယူသူ အများအပြားရှိခဲ့သော်လည်း လက်ရှိတွင် ပုံမှန်ရောင်းအား၏ ၃၀ ရာခိုင်နှုန်းသာ ရောင်းချရတော့ကြောင်း မြိတ်မြို့၊ ဗန္ဓုလလမ်းရှိ မီမီ သဘာဝငှက်သိုက် လုပ်ငန်းပိုင်ရှင် ကိုပြည့်ဖြိုးခန့်က ပြောသည်။ “တစ်ကျပ်သား နှစ်ကျပ်သားပဲ ဝယ်ယူသူက များတယ်။ အများကြီး မရောင်းရတော့ဘူး” ဟု ၎င်းက ပြောသည်။ လတ်တလော အခြေအနေအရ ငှက်သိုက်များစားသုံးသူထံ ပို့ဆောင်ရေးခက်ခဲသည့်အတွက် ၇၀ ရာခိုင်နှုန်းခန့် […]


