ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ချက်ချင်းအဖြေထုတ်နိုင်သည့်ကိရိယာဖြင့် သွေးလွန်တုပ်ကွေး စစ်နိုင်

diz_admin

May 27, 2020

သွေးလွန်တုပ်ကွေး သံသယရှိပါက နီးစပ်ရာကျေးလက်ကျန်းမာရေးဌာနများတွင် ချက်ချင်းအဖြေထုတ်ပေးနိုင်သည့် ကိရိယာဖြင့်သွားစစ်နိုင်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ ပိုးမွှားများမှတစ်ဆင့် ကူးစက်တတ်သော ရောဂါများ ကာကွယ်နှိမ်နှင်းရေးအဖွဲ့ (ရ.ပ.က.န)ထံမှ သိရသည်။ ယခုနှစ်တွင် တိုင်းအတွင်း သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၁၄ ဦးရှိနေပြီဖြစ်ပြီး မိုးဦးရာသီတွင် သွေးလွန်တုပ်ကွေးဖြစ်ပွားသူများလာလေ့ရှိသည်။ ထိုကြောင့် သွေးလွန်တုတ်ကွေးရှိ/ မရှိကို နာရီဝက်အတွင်းအဖြေသိနိုင်သည့် စစ်ဆေးရေးကိရိယာများကို ကျေးလက်ကျန်းမာရေးဌာနများသို့ ဖြန့်ဝေပေးထားပြီးဖြစ်ကြောင်း (ရပကန) အဖွဲ့ခေါင်းဆောင်ဖြစ်သူ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာနန္ဒဝင်းက ဆိုသည်။ ယခင်က သွေးလွန်တုပ်ကွေးသံသယရှိပါက ကျေးလက်ကျန်းမာရေးဌာနများတွင် သွေးပေါင်ချိန်တိုင်းကိရိယာဖြင့်သာ စစ်ဆေးနေရာမှ ယခုနှစ်မှစတင်ကာ ချက်ချင်းစစ်ဆေးနိုင်မည့် ကိရိယာ (Test Kit) များဖြန့်ဝေထား ကြောင်း ၎င်းက ပြောသည်။ ယမန်နှစ်က ချက်ချင်းစစ်ဆေးနိုင်မည့်ကိရိယာဖြင့် စစ်ဆေးခြင်းကို မြို့နယ်ဆေးရုံများတွင်သာ စစ်ပေးနေရာမှ ယခုနှစ်တွင် ကျေးလက်ကျန်းမာရေးဌာနအဆင့်တွင် စစ်ဆေးပေးနိုင်ရန် […]

မောတောင်နယ်စပ်မှတစ်ဆင့် ဝင်လာသူတစ်ဦး ကိုယ်အပူချိန်မြင့်နေ၍ ဆေးရုံတွင် စောင့်ကြည့်

diz_admin

May 26, 2020

မြန်မာ-ထိုင်းနယ်စပ်ဂိတ်တစ်ခုဖြစ်သည့် မြိတ်ခရိုင် တနင်္သာရီမြို့နယ် မောတောင်နယ်စပ်မှတစ်ဆင့်ဝင်ရောက်လာသည့် အမျိုးသားတစ်ဦး ကိုယ်အပူချိန်မြင့်နေသဖြင့် မောတောင်တိုက်နယ်ဆေးရုံတွင် အသွားအလာကန့်သတ်စောင့်ကြပ်ထားကြောင်း ယင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ဟိန်းထံမှ သိရသည်။ အဆိုပါ အမျိုးသားသည် မေလ ၁၂ ရက်က တရားမဝင်လမ်းကြောင်းမှ ဝင်ရောက်လာခြင်းဖြစ်ကြောင်း ဦးအောင်ကျော်ဟိန်းက ပြောသည်။ “ခိုးလမ်းကနေလာတာ။ တရားဝင် စစ်ဆေးမှု မလုပ်နိုင်ဘူး။ ခုတောင် သတင်းအရ စစ်ဆေးလို့ ပေါ်လာတာပါ” ဟု ၎င်းက ပြောသည်။ ထိုင်းနိုင်ငံတွင် သွားရောက်လုပ်ကိုင်နေကြသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားအချို့သည် မောတောင်နယ်စပ်ရှိ တရားမဝင်လမ်းကြောင်းမှ နေရပ်သို့ ပြန်လည်ဝင်ရောက်နေကြကြောင်း မောတောင်နယ်စပ်နေသူတချို့မှ သိရသည်။ မြင့်မိုရ်(မြိတ်)

အသက်ငါးဆယ်ကျော် အမျိုးသမီးထံမှ စိတ်ကြွဆေးပြား သုံးထောင်ကျော် ဖမ်းမိ

diz_admin

May 25, 2020

ကော့သောင်းမြို့နယ်တွင် အသက်ငါးဆယ်ကျော် အမျိုးသမီးတစ်ဦးထံမှ စိတ်ကြွဆေးပြား သုံးထောင်ကျော် ဖမ်းမိခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ ကော့သောင်းမြို့နယ်၊ ထုံပရိကျေးရွာအနီးရှိ အထက်ပါ အမျိုးသမီးနေထိုင်သည့်အိမ်ကို မေလ ၁၉ ရက်နေ့က မူးယစ်ဆေးသတင်းအရ ဝင်ရောက်ရှာဖွေခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။ ထိုသို့ဝင်ရှာစဉ် အသက် ၅၃ နှစ်ရှိ အဆိုပါအိမ်ရှင်အမျိုးသမီးနှင့်အတူ ရွှေပြည်သာရပ်ကွက်နေ အသက် ၃၉ နှစ်အရွယ် အမျိုးသားတစ်ဦးကိုတွေ့ရကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။ ထိုအိမ်အားရှာဖွေရာ WY စိတ်ကြွဆေး ၃၁၇၂ ပြားနှင့် ဆေးရှူကိရိယာနှစ်ခုကို တွေ့ရှိခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။ ယင်းနောက် အိမ်ရှင်အမျိုးသမီးအားစစ်ဆေးရာ မူးယစ်ဆေးများကို အထက်ပါ အမျိုးသားက ယူလာသည်ဟု ထွက်ဆိုသဖြင့် ယင်းအမျိုးသားကို ဆက်လက်စစ်ဆေးခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။ ထိုသို့စစ်ဆေးရာ မူးယစ်ဆေးများကို အမည်မသိအမျိုးသားတစ်ဦးထံမှ […]

ငါးဖမ်းကွက်များ ပြန်ဖွင့်ပေးရေး နိုင်ငံတော်သမ္မတနှင့် အတိုင်ပင်ခံတို့ထံ တောင်းဆိုမည်

diz_admin

May 25, 2020

ကော့သောင်းခရိုင် ပင်လယ်ရေပြင်အတွင်း ပိတ်ထားသည့်ငါးဖမ်းကွက်များ ပြန်ဖွင့်ပေးရေးအတွက် နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တို့ထံ စာပို့တောင်းဆိုသွားမည်ဖြစ်ကြောင်း ကော့သောင်းရေလုပ်သားများထံမှ သိရသည်။ ကော့သောင်းရေပြင်ကို မြောက်လတ္တီတွဒ်၁၀ဒီဂရီနှင့် ၁၁ဒီဂရီအကြား၊ အရှေ့လောင်ဂျီတွဒ် ၉၇ ဒသမ ၃၀မှ၉၈ ဒသမ ၃၀ ဒီဂရီကြား ငါးဖမ်းခွင့်ပိတ်လိုက်ကြောင်း ငါးလုပ်ငန်းဦးစီးဌာနညွှန်ကြားရေးမှူးချုပ်က ဇန်နဝါရီလ၁၆ရက်နေ့တွင် ထုတ်ပြန်ထားသည်။ ကော့သောင်းပုလုံးတုံတုံးကမ်းခြေအနီး အပြင်ဘက်မိုင်၆၀ခန့်၊ ၎င်းမှ မြောက်ဘက်ကော့ရဲကြီးကျွန်း၏အပြင်ဘက် မိုင်၆၀ခန့်အတွင်း ကမ်းဝေးလှေများကိုငါးဖမ်းခွင့် ရက်အကန့်အသတ်မဲ့ ငါးဖမ်းခွင့်ပိတ်လိုက်ခြင်း ဖြစ်သည်။ ပိတ်လိုက်သည့်ဧရိယာမှာအတွင်း ဇာဒက်ကြီး၊ သူရဲကောင်းကျွန်းအုပ်စု၊ ရွှေကျွန်း၊ ဂျလမ်းကျွန်း၊ ကျွန်းဖီလာ၊ ငမန်းကျွန်း၊ ငမုတ်ကျွန်း၊ လန်ပိကျွန်း၊ ကျွန်းမဲကြီးစသည့် ကမ်းဝေးလှေတို့ငါးဖမ်းနေသည့် ကျွန်းအနီးရေပြင်များပါဝင်သည်။ ယင်းရေပြင်သည် ကော့သောင်းနှင့် မြိတ်ခရိုင်မှ ကမ်းဝေးငါးဖမ်းလှေတို့ ငါးဖမ်းနေသည့် ငါးဖမ်းလုပ်ကွက်ကြီးလေးကွက် ဖြစ်သည်။ ယင်းငါးဖမ်းကွက်များ ပြန်ဖွင့်ပေးရန် ရေလုပ်သားများနှင့် လှေပိုင်ရှင်များကလက်မှတ်ရေးထိုးကာ […]

ကိုဗစ်လှိုင်းမိ သမ္ဗန်သမားများ

diz_admin

May 25, 2020

မြိတ်မြို့ ကမ်းနားတစ်လျှောက်ရှိ ဆိပ်ကမ်းများတွင် သမ္ဗန်အစီးရေ နှစ်ရာနီးပါးခန့်ရှိသည့်အနက် အားလုံးသည်ကိုဗစ်ကြောင့် မကြုံဖူးသည့် အကျပ်အတည်းကာလနှင့် ရင်ဆိုင်စီးချင်းထိုးနေကြရသည်။ တစ်နေ့လျှင် ကျပ်တစ်သောင်းမှ ကျပ်နှစ်သောင်းအထိနေ့စဉ် ဝင်ငွေရှိနေကြသည့် မြိတ်မြို့မှ သမ္ဗန်မောင်းသူများ ယခုအခါဝင်ငွေ သုံးပုံနှစ်ပုံအထိ ကျဆင်းသွားခဲ့ပြီ ဖြစ်သည်။ မြစ်အတွင်းသို့ လာရောက်ဆိုက်ကပ်နေသည့် ငါးဖမ်းလှေများဝင်ရောက်မှု နည်းပါးလာခြင်း၊ မြိတ်တစ်ဖက်ကမ်းရှိ ဘုရားများသို့ ဧည့်သည်များနှင့် ဒေသတွင်း ဘုရားဖူးများ သွားရောက်မှု ယခုအခါမရှိတော့သလောက် နည်းပါးသွားခြင်း၊ အနီးအနားကျွန်းများသို့ လာရောက် လည်ပတ်ကြသူများ မရှိတော့ခြင်း၊ ပထော်နှင့်ပထက်ကျေးရွာနေ ရွာသူ ရွာသားများ သွားလာသူနည်းပါးလာခြင်းတို့ကြောင့် ယင်းတို့တွင် ဝင်ငွေနည်းသွားကာ ရသလောက်ဝင်ငွေဖြင့် စားသောက်နေကြရကြောင်း ၎င်းတို့က ဆိုသည်။ “တစ်နေ့လုံးမောင်းမှ သုံးလေး ထောင်ပဲရတော့တယ်။ အခြေအနေက မိသားစုထမင်းမငတ်အောင် မနည်းရှာ ဖွေနေရတယ်” ဟု သမ္ဗန်မောင်းသက် ဆယ်နှစ်ကျော်ပြီဖြစ်သည့် […]