လွှတ်တော်တွင် ကတိကဝတ် သက်ရောက်ပြီး တိုင်းအစိုးရက မလုပ်သေးသည့်လုပ်ငန်း သုံးဆယ်ကျော် ရှိ
diz_admin
May 25, 2020တိုင်းလွှတ်တော်တွင် ကတိကဝတ်သက်ရောက်ခဲ့သည့် အဆိုနှင့် မေးခွန်းများအနက် ၃၃ ခုကို လက်ရှိအချိန်အထိ တိုင်းအစိုးရက ဆောင်ရွက်နိုင်ခြင်းမရှိသေးကြောင်း တိုင်းလွှတ်တော်အစိုးရ၏ အာမခံချက်များ၊ ကတိများ၊ တာဝန်ခံချက်များ စိစစ်ရေးကော်မတီက တင်သွင်းသည့်အစီရင်ခံစာအရ သိရသည်။ ဒုတိယအကြိမ် တိုင်းလွှတ်တော် ပထမပုံမှန်အစည်းအဝေးစတင်ခဲ့သည့် ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၁၉ ခုနှစ် စက်တင်ဘာလက ကျင်းပခဲ့သော ၁၄ ကြိမ်မြောက် ပုံမှန်အစည်းအဝေးအထိ လေးနှစ်ကျော်အတွင်း ကတိကဝတ်သက်ရောက်သည့် မေးခွန်းနှင့်အဆို ၂၂၈ ခု ရှိကြောင်း ယင်းအစီရင်ခံစာတွင် ဖော်ပြထားသည်။ ယင်းအနက် တိုင်းအစိုးက အကောင်အထည်ဖော်ရန် ကျန်ရှိနေသည့် လုပ်ငန်း ၃၃ ခုရှိပြီး ဆောင်ရွက်ဆဲ ၁၁၄ ခုနှင့် ဆောင်ရွက်ပြီး လုပ်ငန်း ၈၁ ခုရှိကြောင်း ယင်းအစီရင်ခံစာတွင် ဖော်ပြထားသည်။ ၂၀၁၆ ခုနှစ်က […]


