ထားဝယ် ပထမဆုံး ကိုဗစ်လူနာ နောက်တစ်ကြိမ် ထပ်စစ်ချိန် ပိုးမတွေ့က ဆေးရုံဆင်းခွင့်ပြုမည်
diz_admin
June 1, 2020မလေးရှားနိုင်ငံမှပြန်လာသည့် ထားဝယ်ကိုဗစ်လူနာတွင် ပထမအကြိမ် ဓာတ်ခွဲစစ်ဆေးရာ ပိုးမတွေ့ရသည့် အတွက် နောက်တစ်ကြိမ်ထပ်စစ်ဆေးမည်ဖြစ်ပြီး ဒုတိယအကြိမ် ပိုးမတွေ့ ပါက ဆေးရုံမှဆင်းခွင့်ပြုမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန ပြောရေးဆိုခွင့် ရှိသူ ဒေါက်တာထွေးမြစိုးက ပြောသည်။ ကိုဗစ်လူနာအမှတ် ၁၈၅ ကို ရောဂါပိုးရှိ/မရှိ မေလ ၂၈ ရက်နေ့က နမူပို့စစ်ဆေးရာ ပိုးမတွေ့သည့်အဖြေ ထွက်ကြောင်း ၎င်းက ဆိုသည်။ ထိုကြောင့် ထပ်မံစစ်ဆေးရန် မေလ ၃၀ ရက်နေ့တွင် နမူနာယူပြီး ဓာတ်ခွဲ ခန်းသို့ ပို့ထားကြောင်း ဒေါက်တာ ထွေးမြစိုးက ဆိုသည်။ “နောက်အဖြေလည်း နဂ္ဂတစ် (ပိုးမတွေ့)ဆိုရင်တော့ နောက်နှစ်ရက် နေရင် ပေးဆင်းမယ်။ စောင့်ကြည့် စခန်းကို ပြန်ပို့မယ်ပေါ့နော်”ဟု ဒေါက်တာ ထွေးမြစိုးက ပြောသည်။ […]


