ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

၀န်ကြီးမိသားစုလုပ်ငန်းနှင့် တိုင်းဟိုတယ်အသင်းဥက္ကဋ္ဌပိုင် လုပ်ငန်းနှစ်ခု ကိုဗစ်ကုစားရေး ငွေချေးခွင့်ရ

diz_admin

June 1, 2020

ကိုဗစ်ကပ်ဘေးအတွင်း စီးပွားရေးလုပ်ငန်းများ ပြန်လည်ကုစားရေးအတွက် ချေးငွေထုတ်ချေးရာတွင် တိုင်းလူမှု/ စည်ပင်ဝန်ကြီး ဦးဟိုပင်၏ မိသားစုလုပ်ငန်းတစ်ခုနှင့် တိုင်းဟိုတယ်လုပ်ငန်း ရှင်များအသင်းနှင့် စားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌပိုင် လုပ်ငန်းနှစ်ခုတို့ ငွေချေးခွင့်ရခဲ့သည်။ ချေးငွေကို ကိုဗစ်ကြောင့် ဖြစ်ပေါ် လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီက စတုတ္ထအသုတ်အဖြစ် စိစစ်ထုတ်ပေးခြင်းဖြစ်သည်။ တိုင်းဒေသကြီး လူမှုရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင်မိသားစုပိုင် ရှင်းသန့် Distribution (ဖြန့်ဖြူးရေး)လုပ်ငန်းနှင့် တိုင်းဟိုတယ် လုပ်ငန်းရှင်များအသင်းနှင့် စားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌဦးကျော်ဝင်းပိုင် ပုလဲဧကရီဟိုတယ်နှင့် ပုလဲဧကရီစားသောက်ဆိုင်တို့က ကိုဗစ်ကုစားရေးငွေချေးခွင့်ပြုကြောင်း အထက်ပါကော်မတီက ထုတ်ပြန်သည်။ ဝန်ကြီးဦးဟိုပင်မိသားစုပိုင် ဖြန့်ဖြူးရေးလုပ်ငန်းက ငွေကျပ်သိန်းနှစ်ရာငါးဆယ် ချေးခွင့်ရရှိပြီး ဦးကျော်ဝင်းပိုင်လုပ်ငန်းနှစ်ခုက ငွေပမာဏမည်မျှချေးခွင့်ရကြောင်း မထုတ်ပြန်သေးပေ။ဝန်ကြီးမိသားစုပိုင်လုပ်ငန်းက ဝန်ကြီး၏အရှိန်အဝါဖြင့် ကိုဗစ်ချေးငွေရရှိသည်ဟုဆိုကာ ပြောဆိုဝေဖန်မှုများလည်း ရှိနေသည်။ ဝန်ကြီးဦးဟိုပင်ကမူ ရှင်းသန့် Distribution လုပ်ငန်းမှာ မိသားစုပိုင်စီးပွားရေးလုပ်ငန်းသာဖြစ်ပြီး ၎င်းကိုယ်တိုင် […]

တိုင်းအတွင်း စစ်ဆေးရန်ကျန်သည့် အလုပ်ရုံအလုပ်ဌာနငယ် သုံးရာကျော် စစ်ဆေး

diz_admin

June 1, 2020

တိုင်းအတွင်း စစ်ဆေးရန်ကျန်သည့် တစ်နိုင်တစ်ပိုင် စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနငယ် သုံးရာကျော်ကို စစ်ဆေးနေပြီဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာနထံမှ သိရသည်။ Covid -19 ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီး၏ အကြံပြုချက်၊ သတ်မှတ်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်း ရှိမရှိကို လိုက်လံစစ်ဆေးနေခြင်းဖြစ်ကြောင်း အထက်ပါဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မီမီစိန်က ပြောသည်။ စားသောက်ကုန်လုပ်ငန်းနှင့် အလုပ်သမားအရေးဖြစ်နိုင်သည့် စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနကြီးများကို ဧပြီ ၂၆ ရက်မှ မေ ၁၅ ရက်နေ့အထိ ပထမအသုတ်အဖြစ် စစ်ဆေးခဲ့ပြီးဖြစ်ကြောင်း ၎င်းက ပြောသည်။ ယခုအခါ ကျန်ရှိနေသည့် တစ်နိုင်တစ်ပိုင်လုပ်ငန်းငယ်များဖြစ်သည့် စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနငယ်များကို မေလနောက်ဆုံးအပတ်မှစတင်ကာ လိုက်လံစစ်ဆေးနေသည်ဟု ဒေါ်မီမီစိန်က ပြောသည်။ “တစ်နိုင်တစ်ပိုင်ဆိုတာက ဝပ်ရှော့ […]

ဒေါက်တာ လဲ့လဲ့မော် အဂတိလိုက်စားမှု တရားရုံး၏ သုံးသပ်စီရင်ချက်

diz_admin

June 1, 2020

အဂတိလိုက်စားသည့်အတွက် တနင်္သာရီတိုင်း ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်ကို ထောင်ဒဏ်နှစ် ရှည်ချမှတ်လိုက်သည်။ ဒေါက်တာလဲ့လဲ့မော်ကို တိုင်းတရား လွှတ်တော်က မေလ ၂၂ ရက်နေ့တွင် အမှုလေးမှုအတွက် စုစုပေါင်း ထောင် ဒဏ်နှစ် ၃၀ အမိန့်ချလိုက် ခြင်းဖြစ်သည်။ ၎င်းကို မည်သည့်အတွက်ကြောင့် နှစ်ရှည်ထောင်ဒဏ်ချမှတ်ခဲ့ရကြောင်းကို တရားရုံးတော်က အမှုတစ်ခုချင်း အလိုက် သုံးသပ်ထားသည်။ ယင်းသုံး သပ်ချက်များကို အမှုစီရင်ချက် လေးခု ကို ကိုးကား ကောက်နုတ်ဖော်ပြလိုက်သည်။ လမ်းဦးစီးနှင့် ဆေးရုံလမ်းခြံအမှု တိုင်းလမ်းဦးစီးဌာနသို့ တစ်လုံး တစ်ခဲတည်း ငွေကျပ် ၁.၉ ဘီလီယံခန့် ထုတ်ယူရန် အခွင့်အရေးပေးခဲ့ပြီး ယင်း ဌာန ညွှန်ကြားရေးမှူးအား ဒေါက်တာ လဲ့လဲ့မော်၏ ခင်ပွန်း ဦးထွန်းမင်းက ဦးမြင့်ဟို အမည်ဖြင့် ဝယ်ယူထားသော ထားဝယ်မြို့ ဆေးရုံလမ်းနှင့် […]

အခြေခံပညာ ကျောင်းများ ဘယ်လိုပြန်ဖွင့်ကြမလဲ

diz_admin

June 1, 2020

အခြေခံပညာအထက်တန်းအဆင့်ကို ဇူလိုင်လ ၂၁ ရက်တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက ကြေညာသည်။ ကျန်အတန်းများဖွင့်မည့်အချိန်ကို တိတိကျကျပြောဆိုထားခြင်း မရှိသော်လည်း အထက်တန်းအဆင့်များဖွင့်ပြီးပါက ကျန်အတန်းများကိုလည်း အဆင့်ဆင့်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးက ပြောဆိုထားသည်။ အခြေခံပညာကျောင်းများဖွင့်လှစ်ရာတွင် လုပ်ဆောင်ရမည့်ကိစ္စနှင့်ပတ်သက်ပြီး မေလ ၂၆ ရက်ကပြုလုပ်သော ပညာရေးဝန်ကြီးနှင့် အခြေခံပညာဦးစီးဌာန၊ တိုင်းနှင့်ပြည်နယ်မှ ပညာရေးမှူးများပါဝင်သည့် အစည်းအဝေးတွင် ယင်းသို့ပြောကြားထားခြင်း ဖြစ်သည်။ အခြေခံပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းကမူ အထက်အတန်းအဆင့်ကို နှစ်ပတ်အကြာစမ်းသပ်ဖွင့်လှစ်ပြီး အခြေအနေကောင်းပါက အလယ်တန်းကို ဖွင့်မည်ဖြစ်ကြောင်း၊ အလယ်တန်းဖွင့်ပြီး တစ်ပတ်အကြာတွင် မူလတန်းကို ဆက်ဖွင့်မည်ဖြစ်ကြောင်း မြန်မာနောင်းသတင်းဌာနကို ပြောဆိုထားသည်။ အခြေခံပညာကျောင်း ခြောက်ဆယ်နီးပါး အဆင့်တိုး ကျောင်းအပ်နှံရာတွင်လည်း အသုတ်သုံးသုတ်ခွဲကာ အပ်နှံရမည်ဖြစ်ပြီး ဇူလိုင်လ ၁၃ မှ ၁၇ ရက်အထိကို အထက်တန်းကျောင်းအပ်နှံရေးကာလအဖြစ် သတ်မှတ်ထားကြောင်း မေလ […]

ဆရာ၊ ဆရာမ ငါးရာကျော် အသစ်ခန့်

diz_admin

June 1, 2020

ကိုဗစ်ကာလအလွန် ကျောင်းဖွင့် ရာသီအတွက် တနင်္သာရီတိုင်းတွင် ဆရာ၊ ဆရာမ ငါးရာကျော်ကို အသစ်ခန့်ထားပြီး ဖြစ်ကြောင်း တိုင်းပညာရေးမှူးရုံးထံမှ သိရသည်။ အထက်တန်းပြ ၅၂ ဦး၊ မူလတန်းပြ ၄၇၂ ဦး စုစုပေါင်း ဆရာ၊ ဆရာမ ငါးရာကျော်(၅၂၄) ဦးကို အသစ်ခန့်ထား လိုက်ခြင်း ဖြစ်ကြောင်း တိုင်းပညာရေးမှူး ဒေါ်မြင့်စိန်က ပြောသည်။ “အဲဒါတွေခန့်ပြီးပြီဆိုတော့ ကျန်တာကတော့ အဟောင်းတွေကပဲ ဟိုကျောင်းကနေ ဒီကျောင်းတိုး၊ ပြောင်း တာတွေပဲ ရှိတယ်”ဟု ဒေါ်မြင့်စိန်က ပြောသည်။ အထက်တန်းပြအဖြစ် ပညာရေး တက္ကသိုလ်ဆင်း ပညာရေးဘွဲ့ရ(B.Ed) များ၊ မူလတန်းပြအဖြစ် လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာသင်တန်းဆင်း(PPTT)၊ လုပ်ငန်းခွင်အကြို ဆရာ အတတ်ပညာ ဒီပလိုမာသင်တန်းဆင်း (DTEd) တို့ကို ခန့်အပ်ခြင်း ဖြစ်သည်။ တိုင်းပညာရေးမှူးရုံး၏ […]

အခြေခံပညာကျောင်း ခြောက်ဆယ်နီးပါး အဆင့်တိုး

diz_admin

June 1, 2020

တနင်္သာရီတိုင်းတွင် အဆင့်တိုး အခြေခံပညာကျောင်း ခြောက်ဆယ်နီးပါး ရှိကြောင်း အခြေခံပညာ ဦးစီးဌာနက မေလ နောက်ဆုံးအပတ်တွင် ထုတ်ပြန် ကြေညာခဲ့သည်။ အထက်တန်းအဆင့်သို့ ၉ ကျောင်း၊ အထက်တန်းကျောင်း(ခွဲ) ၇ ကျောင်း၊ အလယ်တန်း ၁၀ ကျောင်း၊ အလယ်တန်း ကျောင်း(ခွဲ) ၁၇ ကျောင်း၊ မူလတန်းလွန် ကျောင်း ၉ ကျောင်း၊ မူလတန်း ၃ ကျောင်း၊ မူလတန်းကျောင်း(ခွဲ) ၃ ကျောင်း စုစုပေါင်း ၅၈ ကျောင်း အဆင့်တိုးခဲ့ သည်။ ကျောင်းသားဦးရေများသည့် ကျောင်းများ၊ သွားလာရခက်ခဲသည့် ဒေသမှ ကျောင်းများ၊ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များက လွှတ်တော်တွင် မေးမြန်းရာတွင် ခွင့်ပြု ချက်ရသွားသည့်ကျောင်းများ စသည် တို့ကို အဆင့်တိုးမြှင့်ပေးခြင်း ဖြစ်ကြောင်း သိရသည်။ […]

ကျွဲကူး ထွန်တုံး တိုက်ပွဲ

diz_admin

June 1, 2020

ထွန်တုံးတိုက်ပွဲ ဝင်ကြသည့် တောင်သူနှစ်ဦး တရားစွဲခံကြရသည်။ မေလ ၁၇ ရက်နေ့က မြိတ်မြို့နယ်၊ ကျွဲကူးကျေးရွာ၊ ချမ်းမြေ့သာရည် ရပ်ကွက်အတွင်းရှိ လယ်မြေများအတွင်း မူလပိုင်ရှင်များက ၎င်းတို့လယ်ယာ မြေအား ပြန်လည်စိုက်ပျိုးရန် ခြံတိုင် များအား နုတ်ပစ်ကာ ဝင်ရောက် ထွန်ယက်ခြင်းများ ပြုလုပ်ခဲ့ကြသည်။ ယင်းသို့ပြုလုပ်ပြီး သုံးရက်အကြာ တရားစွဲခံရသည်။ မြိတ်ခရိုင်ကိုဗစ်နိုင်တင်း ကာကွယ် တားဆီးထိန်းချုပ်ရေးအဖွဲ့မှ မြိတ်မြို့ နယ်ပြည်သူ့ကျန်းမာရေးမှူး (ကိုယ်စား) တာဝန်ခံ ဖြစ်သူ ဒေါက်တာဇင်ကိုအောင် က ဘေးအန္တရယ် ထိန်းချုပ်ကာကွယ်ရေး ဥပဒေ ပုဒ်မဖြင့် တရားစွဲခဲ့ကြောင်း ထွန်တုံးတိုက်ပွဲ ဦးဆောင်ပြုလုပ်သူ ဦးသန်းအောင်က ပြောသည်။ ဦးသန်းအောင်နှင့် အခြား တောင်သူ တစ်ဦးဖြစ်သူ ဦးမြင့်စိုးတို့ တရားစွဲဆို ခံရခြင်း ဖြစ်သည်။ ယင်းနောက် မေ ၂၇ […]

သဘော့ဆိပ်ရွာ၊ အလယ်ကုန်းတွင် ရေမြောင်းအဟောင်းပိတ်၍ အသစ်ဖောက်ခြင်းကြောင့် ရေလျှံမှုပိုဖြစ်လာဟုဆို

diz_admin

June 1, 2020

လောင်းလုံးမြို့နယ် သဘော့ဆိပ် ကျေးရွာအုပ်စုရှိ ဒေသအခေါ် သပြေကုန်း (အလယ်ကုန်း) တွင် ယခင်ရေမြောင်း အဟောင်းကို ပိတ်ပြီး ရေမြောင်းအသစ် ဖော်လိုက်သဖြင့် ယခင်ကထက် ရေကြီး၊ ရေလျှံမူ ပိုဖြစ်လာနေကြောင်း ယင်း နေရာရှိ ရွာသားအချို့က ပြောသည်။ ယင်းအလယ်ကုန်းနေရာသည် သဘော့ဆိပ် ကားလမ်းမနှင့် ပင်လယ်ဝ အကြား၊ မြေနိမ့်ပိုင်းတွင် ရှိနေပြီး အိမ်ခြေ ခုနစ်ဆယ်ခန့်ရှိကြောင်း ယင်းရွာသား အချို့ထံမှ သိရသည်။ ယခင်ရေမြောင်းအဟောင်းမှာ ကားလမ်းမမှတစ်ဆင့် အလယ်ကုန်းရွာ ထိပ်အရောက်တွင် တောင်ဘက်သို့ ကွေ့သွားပြီး ချောင်းတစ်ခုထဲသို့ စီးဝင် ကြောင်း ယင်းရွာသားအချို့က ပြော သည်။ မေလ ၂၄ ရက်တွင်မူ တောင်ဘက် သို့ကွေ့သွားသော ရေမြောင်းအဟောင်း နေရာတွင် မြေပိုင်ရှင်တစ်ဦးက မြေဖို့ လိုက်ရာ ရေစီးဆင်းစရာနေရာ […]