ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

၀န်ကြီးချုပ်အပါအဝင် အနိုင်ရလွှတ်တော်ကိုယ်စားလှယ် ၁၈ ဦးကန့်ကွက်ခံရ

diz_admin

February 3, 2021

ရွေးကောက်ပွဲအနိုင်ရ တနင်္သာရီတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ် ၁၈ ဦးကို မဲဆန္ဒရှင်နှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတို့က အမှုပေါင်း ၂၅ မှုဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ကန့်ကွက်လွှာတင်သွင်း ထားသည်။ ကန့်ကွက်လွှာအတင်ခံရသော အနိုင်ရကိုယ်စားလှယ်များတွင် NLD ဗဟိုအလုပ်အမှုဆောင်ဝင်ဖြစ်သူ ဦးခင်မျိုးဝင်း၊ တနင်္သာရီတိုင်းဝန်ကြီးချုပ် ဦးမြင့်မောင်၊ တိုင်းပါတီဒုတိယဥက္ကဋ္ဌ ဦးကင်းရှိန်တို့လည်းပါဝင်သည်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်လောင်း ၁၄ ဦးက သက်ဆိုင်ရာ မဲဆန္ဒနယ်အလိုက် အနိုင်ရ NLD ကိုယ်စားလှယ် ၁၄ ဦးကိုကန့်ကွက်ထားကြသည်။ ယင်းအပြင် မဲဆန္ဒရှင်ခြောက်ဦးကလည်း အနိုင်ရကိုယ်စားလှယ် ခုနစ်ဦးကို ကန့်ကွက်ထားသည်။ ကန့်ကွက်သူ၊ ကန့်ကွက်ခံထားရသူနှစ်ဘက်စလုံးအား ဖေဖော်ဝါရီလ ၄ နှင့် ၅ ရက်တို့တွင် ရွေးကောက်ပွဲခုံရုံးတွင် လာရောက်ရှင်းလင်းရန် ခေါ်ယူထားကြောင်း နှစ်ဘက်ပါတီခေါင်းဆောင်တို့က ပြောကြားသည်။ ရွေးကောက်ပွဲမဲဆွယ်ကာလတွင် […]

တရားမဝင်ဆီဆိုင်များ ဇန်နဝါရီလကုန်အပြီး ပိတ်သိမ်းရမည်

diz_admin

February 3, 2021

လိုင်စင်မရှိဘဲ တရားမဝင်ရောင်းချ နေသည့် ဆီဆိုင်များ ဇန်နဝါရီလ ကုန်တွင် အပြီးပိတ်သိမ်းရန် အစိုးရက ညွှန်ကြားလိုက်သည်။ ထိုကြောင့် လူနေရပ်ကွက်များ အတွင်း လက်ကိုင်ပိုက်များဖြင့် ရောင်းချ နေသည့်ဆိုင်များ သတ်မှတ်ကာလ နောက်ပိုင်းတွင် စစ်ဆေးတွေ့ရှိပါက ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေ ဖြင့် အရေးယူတော့မည်ဖြစ်သည်။ ထိုသို့အရေးယူမည့်အကြောင်းကို ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနကလည်း ထုတ်ပြန်ထား သည်။ တိုင်းအတွင်း လိုင်စင်ရှိ စက်သုံး ဆီဆိုင် ၃၂ ဆိုင်သာရှိပြီး လိုင်စင် လျှောက်ထားဆဲ ဆိုင် ၃၀ ဝန်းကျင်ရှိ ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေး ဦးစီးဌာနထံမှ သိရသည်။ ယင်းကာလမတိုင်မီ လိုင်စင်လျှောက် ထားလိုပါက ကူညီဆောင်ရွက်ပေးမည် ဖြစ်ပြီး လိုင်စင်မဲ့ရောင်းချနေပါက ဥပဒေ အရ အရေးယူမည်ဖြစ်ကြောင်း အထက်ပါ ဌာန တိုင်းကြီးကြပ်စစ်ဆေးရေးအရာရှိ […]

ကြက်တောင်အားကစား ပိုဖွံ့ ဖြိုးဖို့

diz_admin

January 31, 2021

သက်ထားသူဇာနှင့်အတူ ကြက်တောင် အားကစားကို မြန်မာနိုင်ငံတွင် လူပိုစိတ်ဝင်စားလာသည်။ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင်လည်း ကြက်တောင်အားကစားနှင့် ပတ်သက်၍ အစဉ်အလာ ရှိပြီး နိုင်ငံကိုယ်စားပြု၊ တိုင်းဒေသကြီးကိုယ်စားပြု အားကစားသမားကောင်းများ မွေးထုတ် ပေးနိုင်ခဲ့သည်။ သဟာယကြက်တောင် အသင်းကို ၁၉၅၃ ခုနှစ်ခန့်ကပင် ဖွဲ့စည်း ခဲ့သည်ကိုတွေ့ရသည်။ သဟာယကြက်တောင် အသင်းအား မြိတ်မြို့၊ ဈေးတန်း ရပ်ကွက်၊ ပုလဲလမ်းမကြီးနှင့် သဟာယလမ်းထောင့်တွင် ဖွင့်လှစ် ထားပြီး ၂၀၁၇ ခုနှစ်တွင် ယခင် အားကစား ရုံဟောင်းအားဖျက်၍ နှစ်ထပ်မိုးလုံ လေလုံအဆောက်အအုံအဖြစ် ပြန်လည် ဆောက်လုပ်ခဲ့သည်။ တစ်ခေတ်တစ်ခါက သဟာယ ကြက်တောင်အသင်း၏ အထင်ကရ ကြက်တောင်အားကစားသမားများ ဖြစ်ကြသည့် ဦးဘွန်ဝါ၊ ဦးစံမြင့်၊ ဦးလှတင့်၊ ဒုတိယဗိုလ်မှူးကြီး လှမြင့်သိန်း၊ ဦးစုံပင် (ခ) ဦးဇုံမင်းဝေ စသည့်အားကစားသမား […]

မွန်အမျိုးသားနေ့ အကျဉ်းရုံး ကျင်းပမည်

diz_admin

January 30, 2021

လာမည့် ဖေဖော်ဝါရီလတွင်ကျင်းပမည့် မွန်အမျိုးသားနေ့ အခမ်းအနားကို ကိုဗစ်ဆိုင်ရာ ညွှန်ကြားချက်နှင့်အညီ အကျဉ်းရုံး ကျင်းပသွားမည်ဟု မွန်အမျိုးသားနေ့ဗဟိုအခမ်းအနားကျင်းပရေး ကော်မတီထံမှ သိရသည်။ တပို့တွဲလပြည့်ကျော် (၁) ရက် (ဖေဖော်ဝါရီလ ၂၇ ရက်)တွင် ကျရောက်မည့် ၇၄ ကြိမ်မြောက် မွန်အမျိုးသားနေ့ ဗဟိုအခမ်းအနားကို သထုံမြို့တွင် ကျင်းပရန် လျာထားခဲ့သော်လည်း ကိုဗစ် ကပ်ဘေးကြောင့် မော်လမြိုင်မြို့တွင် ကျင်းပရန် ဆုံးဖြတ်ထားသည်။ ၇၄ ကြိမ်မြောက် မွန်အမျိုးသားနေ့ ဗဟိုအခမ်းအနားကို မွန်တို့၏ ဘာသာ၊ စကား၊ စာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ရိုးရာ၊ သမိုင်းအစဉ်အလာများ မပျောက်ပျက် မတိမ်ကောစေရေး ထိန်းသိမ်းသွားရန်နှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်လာအောင် ကြိုးပမ်းဆောင်ရွက်ရန်၊ မွန်လူမျိုးတို့၏ ဇာတိသွေး ဇာတိမာန်အစဉ်နိုးကြားပြီး စည်းလုံးညီညွတ်ရန်နှင့် တိုင်းရင်းသား လူမျိုးများအားလုံး စည်းလုံးညီညွတ်စေရေး ကြိုးပမ်းဆောင်ရွက်သွားရန်နှင့် တိုင်းရင်းသားလူမျိုးများ […]

အဂတိကော်မရှင်သို့ မမှန်မကန်တိုင်ကြားမှု တရားမစွဲဟု မြိတ်စည်ပင်ဥက္ကဋ္ဌ ဆို

diz_admin

January 28, 2021

မြိတ်မြိုနယ် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌအား အရေးယူပေးရန် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်သို့ မမှန်မကန် တိုင်ကြားသူအား ပြန်လည် အရေးယူနိုင်သော်လည်း လစ်လျူရှုခဲ့ကြောင်း စည်ပင်ကော်မတီဥက္ကဋ္ဌ ဦးမြတ်ကိုကိုက ပြောကြားသည်။ ကန်ဖျားကုန်စိမ်းဈေး နေရာရွေ့ ပြောင်းခြင်း၊ လမ်းဘေးဈေးကောက်ခြင်း၊ ဆိပ်ငယ်ဈေး (တိုက်ဈေး) ပြင်ဆင်တည် ဆောက်ခြင်းနှင့် ကန်ခေါင်းရပ်ရှိမြနန္ဒာလမ်း ကိုယ်ထူ ကိုယ်ထလမ်းခင်းခြင်း တို့တွင် အဂတိကော်မရှင်သို့ တိုင်ကြားခံရကြောင်း ဦးမြတ်ကိုကိုက ဆိုသည်။ “တိုင်လို့မမှန်ဘူးဆိုရင် ပြန်ပြီး တရားစွဲဆိုခွင့်ရှိတယ်” ဟု ၎င်းက ဆိုသည်။ သို့သော် ရှေ့ဆက်ရမည့် လုပ်ငန်းများအတွက် နှောင့်နှေးကြန့်ကြာမည်ကို စိုးရိမ်သဖြင့် ပြန်လည်တရားစွဲဆိုခြင်း မပြုလုပ်ခဲ့ကြောင်း ဦးမြတ်ကိုကိုက ပြောကြားသည်။ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၉ အရ မည်သူမဆို ပုဂ္ဂိုလ်တစ်ဦး တစ်ယောက်အား နစ်နာစေရန် […]

သောင်းကျန်းမြေသယ်ကား ပြေးဆွဲခွင့်အချိန်ကန့်သတ်

diz_admin

January 28, 2021

“ဘာမှထူးမလာပါဘူး။ ဒုံရင်း ဒုံရင်းတိုင်းပါပဲ” အရှိန်ပြင်းမောင်းလေ့ရှိသည့် မြေသယ်ကားပြေးဆွဲသောအချိန်အား လောင်းလုံးမြို့နယ်၊ သောကြာပြင် ကျေးရွာအနီးတစ်ဝိုက်တွင် ကန့်သတ်လိုက်ကြောင်း လောင်းလုံးမြို့နယ် စည်ပင် သာယာရေးအဖွဲ့ထံမှ သိရသည်။ မြေသယ်ကား သွားလာခွင့်အား တစ်ရက်နှစ်ကြိမ်နှုန်းခွဲကာ အချိန်ကန့် သတ်လိုက်ခြင်းဖြစ်ကြောင်း မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကျော်ဌေးက ဆိုသည်။ နံနက်လေးနာရီမှ နံနက် ခုနစ်နာရီ ခွဲအထိ တစ်ကြိမ်နှင့် နေ့လယ် နှစ်နာရီခွဲမှ ညကိုးနာရီခွဲအထိ တစ်ကြိမ်နှုန်း သတ်မှတ်ထားကြောင်း ၎င်းက ပြောသည်။ ယင်းနေရာတစ်ဝိုက်တွင် မြေသယ်ကားများ သောင်းကျန်းနေသည့်အတွက် ဒေသခံလေးဆယ်ကျော် လက်မှတ်ထိုးကာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ထံ တိုင်ကြားထားသည်။ သောင်းကျန်း မြေသယ်ယာဉ်များ ကြပ်မတ်ပေးရန် ဝန်ကြီးချုပ်ထံတိုင် ဝန်ကြီးချုပ်ထံ တိုင်ကြားပြီးနောက် ယင်းကဲ့သို့ အချိန်ကန့်သတ်လာခြင်း ဖြစ်သည်။ဒေသခံများတိုင်ကြားပြီးနောက် မြို့နယ်စည်ပင်သာယာရေးတာဝန်ရှိသူ အပါအဝင် ယာဉ်ထိန်းရဲတပ်ဖွဲ့၊ […]

မွန်တွင် သက်ငယ်မုဒိမ်းမှု အများဆုံး

diz_admin

January 28, 2021

မွန်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် မုဒိမ်းမှုများအနက် ၈၀ ရာခိုင်နှုန်းခန့်သည် သက်ငယ်မုဒိမ်းမှုများဖြစ်သည်ဟု မွန်ပြည်နယ်ရဲတပ်ဖွဲ့မှ ရဲမှူး (ဦးစီး) ထွန်းထွန်းက ပြောကြားသည်။ ပြည်နယ်အတွင်း သက်ငယ်မုဒိမ်း ဖြစ်ပွားမှု များပြားလာပြီး သက်ငယ် မုဒိမ်းအများစုသည်လည်း အသက်မပြည့်ကြသူ အချင်းချင်း ကျူးလွန်မှုဖြစ်စဉ်က ပိုများကြောင်း ပြည်နယ်ရဲ တပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။ “များသောအားဖြင့်တော့ ၁၈ နှစ် မပြည့်သေးတဲ့ သမီးရည်းစားစုံတွဲတွေ အချစ်နယ်ကျွံရာကနေ မိသားစုပါလာတာ။ လူမှုရေးကိစ္စတွေ ရှင်းမရတဲ့အဆုံးမှာ ရဲစခန်းမှာ လာအမှုဖွင့်ရင်းနဲ့ မုဒိမ်းမှုတွေ ဖြစ်တာများပါတယ်” ဟု မွန်ပြည်နယ် ရဲတပ်ဖွဲ့မှ ရဲမှူး (ဦးစီး) ထွန်းထွန်း က ပြောသည်။ သက်ငယ်မုဒိမ်းကျူးလွန်သူတို့ သည် မိသားစုဝင်များနှင့် ဆွေမျိုးတော် စပ်သူတို့က အများစု ဖြစ်လေ့ရှိကြောင်း မွန်ပြည်နယ်အတွင်း ကလေးသူငယ် […]

ဒေါက်တာ အောင်နိုင်ဦးကို ကန့်ကွက်မှု စစစ်မည်

diz_admin

January 28, 2021

မွန်ပြည်နယ် ချောင်းဆုံမြို့နယ် ပြည်နယ်မဲဆန္ဒနယ် (၁) တွင် အနိုင်ရရှိထားသည့် မွန်ညီညွတ်ရေးပါတီမှ ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦးကို ကန့်ကွက်ထားသည့်ကိစ္စကို ဖေဖော်ဝါရီ ၃ ရက်တွင် စတင်စစ်ဆေးမည်ဖြစ်သည်။ ကန့်ကွက်ခံထားရသည့်ကိစ္စနှင့် ပတ်သက်ပြီး ဖေဖော်ဝါရီ ၃ ရက်တွင် ထုချေလွှာတင်သွင်းရမည့်အကြောင်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ အကြောင်းကြားစာပေးပို့ထားပြီးဖြစ်သည်ဟု ဒေါက်တာအောင်နိုင်ဦးက ပြောသည်။ ရွေးကောက်ပွဲ သုံးကြိမ်ဆက်တိုက် အနိုင်ရရှိထားပြီး လက်ရှိ မွန်ပြည်နယ် လွှတ်တော် ဒုဥက္ကဋ္ဌ တာဝန်ယူထားရသည့် ဒေါက်တာအောင်နိုင်ဦးကို NLD ပါတီမှ လက်ရှိ မွန်ပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေး ဝန်ကြီး ဦးမင်းကျော်လွင်က ကန့်ကွက်ထားသည်။ “အမှားအယွင်း တစ်စုံတစ်ရာ ပြု လုပ်ထားခြင်းမရှိဘူးလို့ ကျွန်တော့်ကိုယ် ကျွန်တော်ယုံကြည်တယ်။ ဒါကြောင့် ကန့်ကွက်လွှာအပေါ်မှာ အကောင်းဆုံး ခုခံချေပသွားမယ်” ဟု ဒေါက်တာ အောင်နိုင်ဦးက […]