ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

တရားမဝင် မြေကွက်ရိုက်ရောင်းမှု အရေးယူမယ်

diz_admin

January 26, 2021

တရားမဝင်မြေအကွက်ရိုက်ရာမှာ ပါဝင်ပတ်သက်နေတဲ့သူတွေကို ထိထိရောက်ရောက်အရေးယူတော့မယ်လို့ ဝန်ကြီးချုပ် ဦးမြင့်မောင်က ပြောဆိုထားပါတယ်။ ဒီလိုတရားမဝင်မြေအကွက်ရိုက်ရောင်းချရာမှာ နိုင်ငံ့ဝန်ထမ်းနဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးအချို့ ပတ်သတ်နေတယ်လို့လည်း သူကဆိုပါတယ်။ ဒါကြောင့်မို့ အကျင့်ပျက်နိုင်ငံ့ဝန်ထမ်းတွေနဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကို အရေးယူဖို့ ပြင်ဆင်နေပြီလို့ ဝန်ကြီးချုပ်ဦးမြင့်မောင်က ပြောပါတယ်။ မြေပြင်မှာတော့ မြေအကွက်ရိုက်ရောင်းနေတာတွေကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်နေကြပြီး အထူးသဖြင့် ထားဝယ်ခရိုင်ထဲမှာ အများဆုံးဖြစ်နေတာပါ။ ဒီလိုပြောဆိုပြီးလို့ မကြာမီ ဇန်နဝါရီ ၂၅ ရက်နေ့မှာပဲ ဝန်ကြီးချုပ် ဦးမြင့်မောင်က ထားဝယ်မြို့ တစ်ဖက်ကမ်းက ကမြောကင်း ကျေးရွာအုပ်စုနဲ့ နခံတော ကျေးရွာတွေကို သွားရောက်ခဲ့ပြီး ဥယျာဉ်ခြံမြေနဲ့ လယ်ယာမြေပေါ်မှာ မြေယာပြုပြင်ပြီး တရားမဝင်အကွက်ရိုက်ထားရှိမှုကို သွားရောက်စစ်ဆေးခဲ့ပါတယ်။ နောက်ပြီးတော့ တရားမဝင်မြေယာ အကွက်ရိုက်ရောင်းသူတွေကို ဥပဒေအရ အရေးယူ ဆောင်ရွက်သွားဖို့ မှာကြားခဲ့တယ်လို့ ဆိုပါတယ်။ မြေအကွက်ရိုက်ရောင်းသူတွေဟာ ဥပဒေကို လက်တစ်လုံးခြားလုပ်ပြီး […]

တနင်္သာရီတိုင်းတွင် ကိုဗစ်ကာကွယ်ဆေး မနက်ဖြန် စထိုးမည်

diz_admin

January 26, 2021

တနင်္သာရီတိုင်းအတွင်းရှိ ကျန်းမာရေးဝန်ထမ်း ၂၆၀၀ ခန့်ကို ကိုဗစ်ကာကွယ်ဆေး မနက်ဖြန် (ဇန်နဝါရီ ၂၇) စထိုးပေးမည်ဖြစ်ကြောင်း တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။ ကိုဗစ်ကာကွယ်ဆေးထိုးရာတွင် ဆောင်ရွက်ရမည့် လုပ်ငန်းများအတွက် ကျန်းမာရေးဝန်ထမ်းများကို သင်တန်းများပေးနေပြီး သက်ဆိုင်ရာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ထိုးပေးမည်ဖြစ်ကြောင်း အထက်ပါဌာနမှ တိုင်းဒေသကြီး ဦးစီးမှူး ဒေါက်တာထွန်းမင်းက ပြောသည်။ “မနက်ဖြန် ပြည်သူ့ကျန်းမာ၊ ကုသရေး၊ တိုင်းရင်းဆေး၊ FDA တို့ဘာတို့ ထိုးမယ်၊ ကျန်တာ သူ့ညွှန်ကြားချက်လာလိမ့်မယ်” ဟု ဒေါက်တာထွန်းမင်းက ပြောသည်။ ကိုဗစ်ကာကွယ်ဆေးကို သက်ဆိုင်ရာမြို့နယ်များသို့ ဖြန့်ဝေထားပြီးဖြစ်ပြီး တိုင်းအစိုးရအဖွဲ့ ဝန်ကြီးများနှင့် ထိပ်တန်းအရာရှိကြီးများကို မည်သည့်နေ့တွင် ထိုးပေးရမည်ကို မသိရသေးဟု ၎င်းက ဆိုသည်။ ကာကွယ်ဆေကို ရက်သတ္တပတ် လေးပတ်ခြား၍ နှစ်ကြိမ် ထိုးနှံရမည်ဖြစ်သည်။ အိန္ဒိယနိုင်ငံမှ ထုတ်လုပ်သည့် ကိုဗစ်ရှီး […]

ကိုဗစ်အကြား စီးပွားကျပ်သဖြင့် အလွယ်သူခိုး ပိုများဟုဆို

diz_admin

January 26, 2021

ကိုဗစ်ကပ်ဘေး ကာလအတွင်း စီးပွားရေးနှင့် အလုပ်အကိုင်အခွင့်အလမ်း ကျပ်တည်းသဖြင့် အလွယ်တကူ ခိုးယူ မှုပိုများကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးက သုံးသပ်ပြောကြားသည်။ ထိုသို့သော ကိုဗစ်ကာလအကျပ် အတည်းကာလဖြစ်သည့် ၂၀၂၀ ပြည့်နှစ်တွင် ခိုးမှုပေါင်း ၁၁၆ မှုဖြစ်ပွားခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ ၂၀၁၉ ခုနှစ်ထက် ၂၄ မှု ပိုမိုဖြစ်ပွားခဲ့သည်။ ခိုးမှုအများစုမှာ ရိုးရိုးခိုးမှု အမျိုးအစားဖြစ်ပြီး ၁၀၉ မှုရှိကာ ဆိုင်ကယ်ခိုးမှု က ၂၉ မှု ဖြင့် ဒုတိယလိုက်နေသည်။ အလုပ်အကိုင်အခွင့်အလမ်းနည်းပါးလာကြသည့်အတွက် ရည်ရွယ်ချက် ရှိရှိ ခိုးယူခြင်းထက် အလွယ်တကူယူနိုင်သည့် အခြေအနေမျိုးကြောင့် ခိုးယူသည့် ဖြစ်စဉ်ကပိုများကြောင်း ဒုတိယ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးက သုံးသပ်သည်။ “စားဝတ်နေရေးကို အကြောင်းပြုပြီးတော့ ကြီးမားသောရည်ရွယ်ချက် မရှိသော်လည်း လက်လွတ်စပယ်ခိုးတဲ့ […]

ဥပဒေနှင့် မညီဟုဆိုသော်လည်း ထားဝယ်တွင် ပြည်ပမျိုး ဒူးရင်းခြံစိုက်

diz_admin

January 26, 2021

မြန်မာနိုင်ငံအတွင်းသို့ ပြည်ပမှ မျိုးစေ့များတရားမဝင်သယ်ဆောင် စိုက်ပျိုးခြင်းကို ဥပဒေဖြင့် တားမြစ်ထားသည် ဆိုသော်လည်း ထားဝယ်ခရိုင်အတွင်း ပြည်ပမျိုးအသုံးပြု ဒူးရင်းခြံများ ရှိနေသည်။ မြန်မာနိုင်ငံတွင်မရှိသေးသော ပိုးမွှားအန္တရာယ်များ ပြည်ပမျိုးစေ့တွင် ပါဝင်လာပြီး ပြည်တွင်းတွင် ထိန်းမနိုင်အောင် ပျံ့နှံ့သွားမည်ကို ကြိုတင်ကာကွယ်သည့်အနေဖြင့် တားမြစ်ထားခြင်းဖြစ်ကြောင်း တနင်္သာရီတိုင်း စိုက်ပျိုးရေးဦးစီးဌာန မျိုးစေ့ဌာနခွဲမှ တိုင်းမျိုးစေ့ တာဝန်ခံ ဒေါ်စန်းစန်းမြိုင်က ရှင်းပြသည်။ “ရောဂါပိုးမွှားပါ၊ မပါစစ်ဆေးပြီးမှ သွင်းခွင့်ပြုတယ်။ ရောဂါပိုးမွှား ပါ၊ မပါ မစစ်ဆေးရရင် သွင်းခွင့်မပြုဘူး” ဟု ၎င်းက ဆိုသည်။ ပြည်ပမှ မျိုးစေ့တင်သွင်းပါက အစိုးရထံ လျှောက်ထားရန် လိုအပ်သည်။ တနင်္သာရီတိုင်းတွင် ထိုင်းနိုင်ငံမှ ဒူးရင်းမျိုးစေ့တင်သွင်းပြီး ပြည်တွင်းတွင် စိုက်ပျိုးရန် လျှောက်ထားသူ မရှိသေးကြောင်း ဒေါ်စန်းစန်းမြိုင်က ဆိုသည်။ ထားဝယ်ခရိုင် ရေဖြူမြို့နယ်တွင် ထိုင်းမျိုးစေ့သုံး […]

နန္ဒဝန်ဈေးဆိုင်ခန်း နှစ်ခန်းအား စည်ပင်ဝန်ထမ်း လိမ်ရောင်း

diz_admin

January 26, 2021

ကော့သောင်းမြို့၊ နန္ဒဝန်ဈေး အတွင်းရှိ ဈေးဆိုင်ခန်း နှစ်ခန်းအား စည်ပင်သာယာရေးဝန်ထမ်းမှ ငွေကျပ် သိန်းကိုးဆယ်ဖြင့် လိမ်လည်ရောင်းချခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီးရဲတပ် ဖွဲ့မှူးရုံးထံမှ သိရသည်။ စည်ပင်ဝန်ထမ်းဖြစ်သည့် အသက် ၄၈ နှစ်အရွယ် အမျိုးသားက အဆိုပါ ဈေးအတွင်းရှိ ဈေးဆိုင်ခန်းနှစ်ခန်းအား ၎င်းပိုင်ဆိုင်သည် ဟုဆိုကာ ဇန်နဝါရီလ ၁၅ ရက်နေ့က အမျိုးသမီးတစ်ဦးထံ ရောင်းချခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။ အဆိုပါ ဆိုင်ခန်းအား ဝယ်ယူခဲ့သည့် အမျိုးသမီးက ဆိုင်ခန်းအား ပြုပြင်နေစဉ် ဆိုင်ခန်းပိုင်ရှင်များရောက် လာပြီး ၎င်းတို့ပိုင်ဆိုင်ကြောင်း ပြောဆိုခဲ့သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြသည်။ ယင်းနောက် အထက်ပါ စည်ပင်ဝန်ထမ်းအား ဆက်သွယ်မေးမြန်းရာ ငွေလိုအပ်နေသဖြင့် လိမ်လည်ရောင်း ချမိသည်ဟု ပြောဆိုခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။ ဖြစ်စဉ်နှင့် ပတ်သက်၍ စည်ပင်ဝန်ထမ်းအား ရာဇသတ်ကြီး […]

တရားမဝင်ရော်ဘာတင်လှေအား ထိုင်းရေတပ်မတော်မှ ဖမ်းဆီး

diz_admin

January 26, 2021

ကော့သောင်း-ရနောင်းနယ်စပ် ပါချန်မြစ်အတွင်း ဇန်နဝါရီလ ၁၇ ရက်က မြန်မာဘက်မှ ထိုင်းဘက်သို့ ရောက်ရှိလာသော တရားမဝင် ရော်ဘာတင်လှေအား ထိုင်း‌ရေတပ်မတော်မှ ဖမ်းဆီးခဲ့ကြောင်း မြိတ်-ပရာကျွတ် မောင်နှမမြို့တော် ဆက်ဆံရေးမှူး ဦးအောင်ကြည်မြင့်ထံမှ သိရသည်။ ကော့သောင်းဘက်မှ စက်လှေနှစ်စီးသည် ညအချိန်တွင် ဝင်ရောက်လာပြီး တစ်စီးမှာ ရနောင်းမြို့ရှိ PTTEP INTERNATIONAL FREE ZONE ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသဖြင့် စစ်ဆေးခဲ့ရာ လှေပေါ်ပါ နှစ်ဦးသည် ရေထဲ သို့ခုန်ချထွက်ပြေးလွတ်မြောက်ခဲ့ပြီး အခြားစက်လှေတစ်စီးမှာ ကော့သောင်းဘက်သို့ ပြန်လှည့်သွားကြောင်း သိရသည်။ အဆိုပါ စက်လှေပေါ်တွင် ရော်ဘာ ၁၅ တန်ခန့်နှင့် ဆိပ်ကမ်းပေါ်တွင် ရပ်နား ထားသောကုန်တင်ယာဉ်ပေါ်တွင် ရော်ဘာအချို့နှင့် ပစ်ကပ်ကားပေါ်တွင် ရော်ဘာ အချို့တို့အား ပိုင်ရှင်မဲ့ဖမ်းဆီးခဲ့ကြောင်း မြိတ်-ပရာကျွတ် မောင်နှမမြို့တော် ဆက်ဆံရေးမှူး ဦးအောင်ကြည်မြင့်က […]

ဆေးလိပ် မရောင်းပေးသဖြင့် ကုန်စုံဆိုင်ကို မီးရှို့

diz_admin

January 26, 2021

မြန်မာနှင့် ထိုင်းနယ်စပ်ဂိတ်တစ်ခုဖြစ်သည့် မောတောင်မြို့၊ မြို့မရပ်ကွက်ရှိ ကုန်စုံဆိုင်တစ်ဆိုင်ကို ဆေးလိပ် မရောင်းပေးဟုဆိုကာ မီးရှို့မှု ဖြစ်ပွားခဲ့သည်။ အခင်းမဖြစ်ပွားမီ သုံးရက်ခန့်က အမျိုးသားတစ်ဦးမှ ညသန်းခေါင်အချိန်တွင် ဆေးလိပ်နှင့် အချိုရည် ဝယ်ယူရာ ဆိုင်တံခါးမဖွင့်ပေးသဖြင့် မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း မြို့မရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်မျိုးအောင်က ပြောပြသည်။ “ကာယကံရှင်ကလည်း ဝန်ခံထား ပြီးပါပြီ” ဟု ၎င်းက ဆိုသည်။ အဆိုပါ ကုန်စုံဆိုင်အတွင်းရှိ စီစီ တီဗွီမှတ်တမ်းအရ သံသယရှိသည့် အမျိုးသားတစ်ဦးအား သက်ဆိုင်ရာမှ နေ့ချင်း ဖမ်းဆီးစစ်ဆေးခဲ့ရာ တစ်လီတာပါ ဓာတ်ဆီဗူး သုံးဗူးဖြင့် မီးရှို့ခဲ့သည်ကို ဝန်ခံခဲ့ကြောင်း အုပ်ချုပ်ရေးမှူး ဦးကျော်မျိုးအောင်က ပြောပြသည်။ ဆိုင်ကို မီးရှို့ခဲ့သည့် အသက် ၂၄ နှစ်ရှိ အမျိုးသားအား မောတောင် နယ်မြေရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၄၃၆ […]

လည်ပတ်သူ လူထောင်ချီသည့် သစ်ယာဝကမ်းခြေ ယာယီပိတ်

diz_admin

January 25, 2021

ပိတ်ရက်တွင် တစ်ရက် လူဦးရေ တစ်ထောင်နီးပါးခန့်အထိ လာရောက်လေ့ရှိသည့် မြိတ်မြို့နယ်ရှိ သစ်ယာဝ သဲတန်းကမ်းခြေအား ဇန်နဝါရီလ ၂၁ ရက်မှစပြီး ယာယီပိတ်လိုက်ပြီဖြစ်ကြောင်း ယင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမျိုးသိန်းထံမှ သိရသည်။ သစ်ယာဝကျေးရွာရှိ သစ်ယာဝ သဲတန်းကမ်းခြေနှင့် ပနာတောင်ရွာရှိ ဆတ်ကျွန်းကမ်းခြေတို့အား ဇန်နဝါရီလ ၂၁ ရက်မှစပြီး ယာယီပိတ်ထားကြောင်းကို ကျေးရွာတွင် ဗီနိုင်းစာသားဖြင့် အသိပေးကြေညာထားသည်။ “ကိုဗစ်ကာလမှာ မြိတ်မှာလည်း ရောဂါတွေတိုးနေလို့ပါ” ဟု သစ်ယာဝ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမျိုးသိန်းက ပြောသည်။ မြိတ်တွင် ကိုဗစ်နိုင်တင်း‌ကူးစက် ရောဂါများဖြစ်နေသည့်အတွက် ကျေးရွာရှိ ရပ်မိရပ်ဖများနှင့် တိုင်ပင်ပြီး မြို့နယ်အုပ်ချုပ်ရေးမှူးထံတင်ပြကာ ယာယီပိတ်ခဲ့ခြင်းဖြစ်ကြောင်း သစ်ယာဝ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမျိုးသိန်း က ပြောကြားသည်။ အဆိုပါ သစ်ယာဝကမ်းခြေသို့ အလည်လာသူအများစုမှာ မြိတ်မြို့မှဖြစ်ကြပြီး […]