ထားဝယ် ဝဲကျွန်း အထက (၄) အနီး လူအချို့ အဖမ်းခံရ
diz_admin
March 22, 2021ထားဝယ်မြို့၊ ဝဲကျွန်းထိန်သစ်ရပ်ကွက်ရှိ အထက (၄) အနီးတစ်ဝိုက် နေအိမ်များတွင် အိမ်ထောင်ဦးစီးဖြစ်သူများအား စစ်တပ်နှင့် ရဲတပ်ဖွဲ့က တစ်အိမ်တက် တစ်အိမ်ဆင်း လိုက်လံဖမ်းဆီးခဲ့ကြောင်း ကိုယ်တွေ့ကြုံရသူ အချို့က ပြောသည်။ အဆိုပါရပ်ကွက်ရှိ အထက ၄ ကျောင်းအနီးတစ်ဝိုက်တွင် မတ်လ ၂၂ ရက်နေ့လယ်ပိုင်းက လာရောက်ဖမ်းဆီးခဲ့ကြောင်း ၎င်းတို့က ဆိုသည်။ စစ်ကားနှင့် ရဲကား ၁၀ စီးခန့်ပေါ်တွင် တပ်နှင့်ရဲတပ်ဖွဲ့ အင်အားအများအပြားဖြင့် လာရောက်ပြီးနောက် အိမ်ထောင်ဦးစီးကို မေးမြန်းခဲ့ကြောင်း ကိုယ်တွေ့ကြုံခဲ့ရသည့် အသက် ၅၀ အရွယ်ရှိ အမျိုးသမီးတစ်ဦးက ပြောသည်။ အိမ်ထောင်ဦးစီးမှာ ၎င်းပင်ဖြစ်ကြောင်း ဖြေလိုက်ချိန်တွင် ဖမ်းဆီးရန် လုံခြုံရေးတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်ရန် လုပ်နေချိန်တွင် အမျိုးသားဖြစ်သူက နေအိမ်အတွင်းမှ ပြေးထွက်လာကြောင်း ၎င်းက ရှင်းပြသည်။ “အစ်မကို ဖမ်းမှာစိုးလို့ ယောင်္ကျားက […]


