ရေထွက်ကုန်ဈေးကျသဖြင့် ငါးဖမ်းလှေအချို့ရပ်နား
diz_admin
February 25, 2021၀ယ်လိုအားကျဆင်းခြင်း၊ ကုမ္ပဏီ များက အကြွေးစနစ်ဖြင့် ဝယ်ယူခြင်းတို့ကြောင့် ရေထွက်ကုန် ဈေးနှုန်းကျဆင်းနေပြီး ငါးဖမ်းလှေအချို့ ရပ်နားထားလိုက်ပြီဖြစ်ကြောင်း ထားဝယ်ခရိုင်ငါးလုပ်ငန်းအဖွဲ့ချုပ်နှင့် ရေထွက်ကုန်တင်ပို့ ရောင်းချနေသူ အချို့က ပြောသည်။ ရေထွက်ကုန်ဈေးနှုန်းများထက် ဝက်ခန့်ကျဆင်းနေသည့်အပြင် ပုဂ္ဂလိက ဘဏ်များပိတ်ထားသဖြင့် ရေထွက်ကုန် ရောင်းချမှုတွင် ငွေပေးချေရန်(ငွေလွှဲ ငွေထုတ်ရန်) အခက်အခဲများရှိနေသဖြင့် ငါးဖမ်းလှေ ၃၀ ရာခိုင်နှုန်းခန့်မှာ ရပ်နားလိုက်ပြီဖြစ်ကြောင်း ထားဝယ်ခရိုင်ငါးလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးကျော်ကျော်သက် က ပြောသည်။ “ငွေစီးဆင်းမှု ရပ်ထားတဲ့ သဘောဖြစ်နေတော့ ငါးက ဝယ်တော့ ဝယ်တယ် ငွေမချေနိုင်ဘူးဆိုတော့ လှေပြန်ထွက် ဖို့စရိတ်တင်ဖို့ ပိုက်ဆံလိုတယ်လေ။ အဲဒီတော့ နားတဲ့လှေတွေ နားကုန်တာပေါ့” ဦးကျော်ကျော်သက်က ပြောသည်။ ယင်းသို့ အခက်အခဲဖြစ်နေသည်မှာ တပ်အာဏာသိမ်းပြီးနောက် ဆန္ဒပြပွဲများ ဖြစ်ပေါ်လာပြီး ဘဏ်များပိတ်ထား ကတည်း ကဖြစ်သည်ဟု […]


