အာဏာရှင်ဆန့်ကျင်မှု မြိတ်ရက်စွဲများ
diz_admin
March 2, 2021ဖေဖော်ဝါရီ ၂၀(ဆန္ဒထုတ်ဖော်မှု ၁၄ ရက်မြောက်နေ့)ပင်မသပိတ် စစ်ကြောင်းကြီးသည် မြို့သစ်လမ်းဆုံမှ ချီတက်ခဲ့ကြပြီး ကျဆုံးသွားသည့် မြသွဲ့သွဲ့ခိုင်အား လွတ်လပ်ရေးကျောက်တိုင်ရှေ့တွင် ငြိမ်သက်စွာဖြင့် ဂုဏ်ပြုခဲ့ကြသလို WE LOVE MYEIK ဆိုင်းဘုတ်ရှေ့တွင်လည်း လွမ်းသူပန်းခွေနှင့် နှင်းဆီ ပန်းများချကာ ဆုတောင်းခဲ့ကြသည်။ ယင်းနောက် ကမ်းနားလမ်း မီးပြ တိုက်ရှေ့တွင် သပိတ်စစ်ကြောင်း ရပ်နားခဲ့ကြပြီး ဖျက်ဆီးခံခဲ့ရသည့် FREE OUR LEADERS စာတမ်းအား ပြန်ရေးခြင်း၊ သပိတ်မှောက်ခေါင်းဆောင်များမှ ဟောပြောခြင်းနှင့် စစ်အာဏာရှင် အလိုမရှိကြောင်း သံချပ်များထိုးကာ သပိတ်ရပ်နားလိုက်ကြသည်။ ဖေဖော်ဝါရီ ၂၁(ဆန္ဒထုတ်ဖော်မှု ၁၅ ရက်မြောက်နေ့)ပင်မသပိတ်စစ်ကြောင်း နံနက် ၈ နာရီခွဲတွင် ကန်ကြီးရေကန်ဘောင်မှ စထွက်ပြီး တပ်ပြင်၊ အထက်ရေပုန်း၊ ကြံတော၊ ရပ်ကွက်များကို ဖြတ်ကျော်ခဲ့ပြီး ကန်ဖျားရပ်ကွက် မိုးလုံလေလုံ အားကစားရုံရှေ့တွင် […]


