ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ကော့သောင်းတရားရုံးမီးလောင်မှု ဆိုင်ကယ်အစီးရေဆယ်ချီ ဆုံးရှုံး

diz_admin

March 8, 2021

ကော့သောင်းတရားရုံးတွင် မီးလောင်သဖြင့် အမှုကြောင့် သိမ်းဆည်းထားသည့် ဆိုင်ကယ်အစီးရေဆယ်ချီ မီးလောင် ပျက်စီးခဲ့ကြောင်း ဒေသခံအချို့ထံမှ သိရသည်။ မတ်လ ၄ ရက် နံနက်ပိုင်းတွင် စတင်လောင်ကျွမ်းခဲ့သည်ဟုသိရပြီး ဆိုင်ကယ်အစီးရေ ၇၀ ဝန်းကျင် မီးလောင်သွားကြောင်း ကော့သောင်းမြို့နေ အသက်လေးဆယ်ကျော်အရွယ် အမျိုးသားတစ်ဦး က ဆိုသည်။ “ဘာကြောင့်ဖြစ်(လောင်)တယ် ဆိုတာတော့ မသိသေးဘူးပေါ့” ဟု အထက်ပါ အမျိုးသားက ပြောသည်။ ကော့သောင်းတရားရုံးရှိ ဂိုဒေါင်တွင် လောင်ကျွမ်းသည့်မီးကြောင့် သိမ်း ဆည်းဆိုင်ကယ်များ အပါအဝင် တရားရုံး အဆောက်အအုံနေရာအချို့လည်း လောင်ကျွမ်းခဲ့ကြောင်း အသက် ၃၀ ကျော် အမျိုးသမီးတစ်ဦးက ပြောသည်။ “တရားစီရင်ခန်းမှာရှိတဲ့ ပစ္စည်းတွေလည်း လောင်သွားတယ် အောက်ထပ်ပေါ့။ အပေါ်ထပ် ကြမ်းခင်းလောင်တယ်” ဟု အထက်ပါ အမျိုးသမီးက ဆိုသည်။ အဆိုပါ […]

မွန်ဝန်ကြီးတစ်ဦး ပုဒ်မ ၅၀၅ ဖြင့် တရားစွဲခံရ

diz_admin

March 4, 2021

၀န်ထမ်းများနှင့် ပတ်သက်ပြီး စာထုတ်ခဲ့သည့် မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး ဦးထွန်းမင်းအောင် မှာ ပုဒ်မ ၅၀၅(ခ) ဖြင့် တရားစွဲခံထားရသည်။ ဝန်ထမ်းများအားရွေးကောက်ပွဲ အနိုင်ရကိုယ်စားလှယ်များ အစိုးရအသစ် ဖွဲ့စည်းချိန်အထိ အလုပ်ပိတ်ရက်အဖြစ် သတ်မှတ်ပေးလိုက်ကြောင်း၊ CDM တွင် ပါသည့် ဝန်ထမ်းများအား မှတ်တမ်း တင်ကြောင်းပါသည့် စာတစ်စောင်ကို ဖေဖော်ဝါရီ ၁၁ ရက်နေ့က ဝန်ကြီးချုပ် ကိုယ်စား ဦးထွန်းမင်းအောင်က ထုတ်ပြန်ထားသည်။ အဆိုပါ ထုတ်ပြန်စာနှင့် ပတ်သက်ပြီး ဦးထွန်းမင်းအောင်ကို ရာဇသတ်ကြီး ပုဒ်မ ၅၀၅(ခ) ဖြင့် မော်လမြိုင်မြို့နယ် တရားရုံးတွင် အမှုကြီးအမှတ် (၃၄၇/ ၂၀၂၁) ဖြင့် ဖေဖော်ဝါရီ ၁၇ ရက်နေ့က ဦးတိုက်လျှောက်ထားကြောင်း သိရသည်။ “ဝန်ထမ်းများအတွက် စာတစ် စောင်ထုတ်ပြန်ခဲ့ခြင်းဟူသော […]

သရက်ချောင်း ထိုင်သပိတ်

diz_admin

March 3, 2021

ရဲတပ်ဖွဲ့ဝင်ခြောက်ဦးက ဒိုင်းပြားများ ကိုင်ဆောင်ပြီး သတိအနေအထားဖြင့် ရပ်နေကြသည်။ ဒိုင်းပြား၏ နောက်ဘက်တွင် ရော်ဘာနံပါတ်တုတ်ထိုး ထားပြီး ရဲအရာရှိများက နောက်ဘက်တွင် ရပ်ကြည့်နေသည်။ ရဲတပ်ဖွဲ့ဝင်များက အဆောက်အအုံ တစ်ခု၏ အရှေ့လမ်းမကြီးတစ်ခြမ်းကို ဘယ်ရီဂိတ်များဖြင့်ပိတ်ပြီး လုံခြုံရေး ယူထားခြင်းဖြစ်သည်။ ထိုဘယ်ရီဂိတ်များအကြားတွင် ပထမစည်း ဒုတိယစည်း တတိယစည်း ဟုရေးသားထားသည့် ဗီနိုင်းပြားများ ထောင်ထားသည်။ ယင်းသတိပေး စည်းများက ပိတ်ထားသည့် လမ်းမတစ်ခြမ်းပေါ်တွင်သာ အကျုံးဝင်သည့် သဘောဖြစ်သည်။ ထိုမြင်ကွင်းကား ရန်ကုန်-ကော့သောင်း ပြည်ထောင်စုလမ်းမပေါ်ရှိ သရက်ချောင်းမြို့နယ်ထွေအုပ်ရုံးရှေ့တွင် ဖေဖော်ဝါရီလ ၂၄ ရက် ညနေပိုင်း အခြေအနေဖြစ်သည်။ သရက်ချောင်းမြို့တွင် စစ်အာဏာ သိမ်းမှုကို ဆန့်ကျင်သည့်ဆန္ဒပြပွဲကို အင်အားဖြည့်ရန် ထားဝယ်မြို့မှ ပြည်သူများ၊ အင်ဂျင်နီယာများနှင့် ပညာရေး ဝန်ထမ်းများက ယင်းနေ့ နေ့လယ်ပိုင်းတွင် ကား၊ ဆိုင်ကယ်များဖြင့် […]

အာဏာသိမ်းပြီးနောက် ဓာတ်ဆီတစ်လီတာလျှင် နှစ်ရာကျပ်ခန့် ဈေးတက်

diz_admin

March 3, 2021

တပ်အာဏာသိမ်းပြီးနောက် ဓာတ်ဆီ တစ်လီတာလျှင် ငွေကျပ်နှစ်ရာခန့် ဈေးတက်သွားကြောင်း ထားဝယ်ခရိုင်အတွင်း ရှိ စက်သုံးဆီဆိုင်များထံမှ သိရသည်။ အာဏာမသိမ်းမီ ဇန်နဝါရီလတွင် ၉၂ အမျိုးအစား ဓာတ်ဆီတစ်လီတာလျှင် ၆၅၀ ကျပ်ခန့်သာရှိရာမှ လက်ရှိတွင် ၈၄၅ ကျပ်အထိ ဈေးတက်သွားကြောင်း ယင်းဆီဆိုင်အချို့ထံမှ သိရသည်။ စက်သုံးဆီဈေးနှုန်းမှာ တည်ငြိမ် မှုမရှိဘဲ တဖြည်းဖြည်းဈေးတက်လာနေကြောင်း ထားဝယ်မြို့ ကမြောကင်းလမ်းရှိ ရနံ့သစ်ဆီဆိုင်မှ မန်နေဂျာက ဆိုသည်။ “ဈေးကတော့ ပုံမှန်မရှိဘူး။ တစ်နေ့ တစ်မျိုး မြင့်တက်နေတယ်။ ကျတယ် မရှိဘူး” ဟု အထက်ပါ မန်နေဂျာက ပြောသည်။ စက်သုံးဆီဈေးနှုန်းမြင့်တက်လာသည့်နည်းတူ အာဏာသိမ်းမှုဆန့်ကျင်သည့် ဆန္ဒပြပွဲများလည်း ထားဝယ်မြို့ တွင် နေ့စဉ်ဖြစ်ပွားနေသည်။ ထိုကြောင့် သွားလာသူနည်းပါးပြီး ဝင်ငွေထိခိုက်လာကြောင်း ဈေးကြီး တောင်ဘက်တွင် ဂိတ်ထိုးပြေးဆွဲနေ သည့် […]

လန်ပိအဏ္ဍဝါ အမျိုးသားဥယျာဉ် ဝန်ထမ်းများ ဆယ်ရက်အတွင်း လုပ်ငန်းခွင်ပြန်ဝင်ရန် အသိပေး

diz_admin

March 3, 2021

မြိတ်ကျွန်းစုအတွင်းရှိ လန်ပိအဏ္ဍဝါအမျိုးသားဥယျာဉ်ဝန်ထမ်းများ ဆယ်ရက်အတွင်း လုပ်ငန်းခွင်ပြန်ဝင်ရန် ဖေဖော်ဝါရီလ ၂၅ ရက်က အကြောင်း ကြားခဲ့သည်။ ဥယျာဉ်ဝန်ထမ်းများ နိုင်ငံရေး လှုပ်ရှားမှုတွင် ပါဝင်ပတ်သက်ခြင်း မပြုရန်၊ လုံလောက်သော အကြောင်းပြ ချက်မရှိဘဲ တာဝန်ချိန် ပျက်ကွက်ပါက အရေးယူခံရမည့်အကြောင်းနှင့် ဆယ် ရက်အတွင်း ရုံးတက်ခြင်းမရှိသူအား အရေးယူမည့်အကြောင်း အကြောင်း ကြားစာကို ဝန်ထမ်းများအား ပေးပို့ခဲ့ ခြင်းဖြစ်သည်။ ထိုအကြောင်းကြားစာအား သဘာဝ ပတ်ဝန်းကျင်နှင့် သားငှက်တိရစ္ဆာန် ထိန်းသိမ်းရေးဌာနရုံးချုပ်မှ ပေးပို့လာသည့်အတွက် ဥယျာဉ်ဝန်ထမ်းများသိရှိစေရန် ထပ်ဆင့်အကြောင်းကြားခြင်းသာဖြစ်ကြောင်း အဆိုပါဥယျာဉ်အုပ်ချုပ်ရေးမှူး ဦးကြည်ဦးက ဆိုသည်။ ၎င်းအနေဖြင့် ဝန်ထမ်းများအား အမိန့်ပေးခြင်း၊ ညွှန်ကြားခြင်း မဟုတ်ကြောင်း ၎င်းက ပြောသည်။ “ကျွန်တော်တို့ ဝန်ထမ်းတွေကို အသိပေးတာပါ၊ ဒီလိုတော့ ရှိတယ် ဆိုတာကို သူတို့လည်း သိအောင်ပေါ့” […]

ကော့သောင်း တပ်ထောက်ခံပွဲ သံပုံးတီးခံရ

diz_admin

March 3, 2021

ကော့သောင်းမြို့တွင် ဖေဖော်ဝါရီ ၂၄ ရက် နံနက်ပိုင်းက ပြုလုပ်သော တပ်မတော် ထောက်ခံပွဲကို လူအများက သံပုံးတီး ကန့်ကွက်ခဲ့ကြသည်။ တပ်မတော် ထောက်ခံသူများမှ လေယာဉ်ကွင်းအနီးမှ စတင်ထွက်လာကြစဉ် သီရိမြိုင်ရပ်ကွက်နှင့် အေးမြကန်သာရပ်အရောက် ရပ်ကွက်တွင်း ပြည်သူများမှ သံပုံးတီး ခြောက်လှန့် ခဲ့ကြသည့်အတွက် အဆိုပါထောက်ခံသူများမှာ ခရိုင်ပြည်သူ့ဆေးရုံ အနီးသို့ ရောက်ရှိစဉ် လာလမ်းအတိုင်းပြန်လှည့် ခဲ့ရသည်။ တပ်မတော်ထောက်ခံသူများမှ ကြွေးကြော်သံများ ရွတ်ဆိုခဲ့ကြသော်လည်း သံပုံးတီးသံများက ဖုံးလွှမ်းလျက်ရှိသည်။ ထားဝယ်မြို့တွင်လည်း တပ်ထောက်ခံပွဲတစ်ရပ်ကို ဖေဖော်ဝါရီလ ၁၂ ရက်က ပြုလုပ်ခဲ့ပြီး သံပုံးတီး ဆန္ဒပြသူများကြောင့် တပ်ခေါက် လှည့်ပြန်ခဲ့ရသည်။

၀န်ကြီးချုပ်ဦးမြင့်မောင်အား မတ်လ ၄ တွင် ရုံးထုတ်မည်

diz_admin

March 2, 2021

တပ်အာဏာသိမ်းပြီးနောက် ဖမ်းဆီး ခံထားရသည့် ဝန်ကြီးချုပ်ဦးမြင့်မောင် ကို မတ်လ ၄ ရက်တွင် ရုံးထုတ်မည် ဖြစ်ကြောင်း ၎င်းဘက်မှ လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေထံမှ သိရသည်။ အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်နံနက်စောစောတွင် ဦးမြင့်မောင်အား ဖမ်းဆီးခဲ့ပြီးနောက် ရက်အနည်းငယ် အကြာတွင် နေအိမ်အကျယ်ချုပ်ဖြင့် ဝန်ကြီးများအိမ်ရာသို့ ပြန်ပို့ခဲ့သည်။ ထိုနောက် ဖေဖော်ဝါရီလ ၁၀ ရက်တွင် ပြန်လည်ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ယင်းနောက် ဖေဖော်ဝါရီလ ၁၈ ရက်တွင် ရာဇသတ်ကြီးပုဒ်မ-၅၀၅ (ခ) ဖြင့် ထားဝယ်မြို့မရဲစခန်းတွင် အမှုခဲ့ကြောင်း သိရသည်။ ပုဒ်မ ၅၀၅ (ခ) မှာ နိုင်ငံတော် အစိုးရကို ဖြစ်စေ၊ နိုင်ငံတော် ငြိမ်ဝပ် ပိပြားရေးကို ဖြစ်စေ၊ ထိခိုက်သည့် ပြစ်မှုကို တစ်ဦးတစ်ယောက်သော သူက ကျူးလွန်ချင်လာအောင် […]

မြိတ်ကင်းသမားများ အဖမ်းခံရမည်စိုး

diz_admin

March 2, 2021

မြိတ်မြို့ပေါ် ရပ်ကွက်တို့ရှိ လမ်းအသီးသီးတွင် ညအချိန် အမျိုးမျိုးသော လုံခြုံရေးအတွက် ကင်းစောင့်နေကြသော ကင်းသမားများ အဖမ်းခံရမည်ကို စိုးရိမ်နေကြသည်။ မြိတ်မြို့တွင် ဖေဖော်ဝါရီလ ၁၃ ရက် ညပိုင်းက ရပ်ကွက်တို့တွင် မျက်နှာစိမ်းလူများ ဝင်ရောက်ခဲ့သဖြင့် အထိတ်တလန့်ဖြစ်ရပြီးနောက်ပိုင်း လက်ရှိအချိန်အထိ ကင်းစောင့်နေကြကြောင်း မြိတ်တောင်နယ်မြေရှိ ကင်းသမား တချို့မှ သိရသည်။ ရပ်ကွက်တို့ရှိ လမ်းသွယ်လမ်း ကြားထိပ်တို့တွင် သစ်ဝါးတန်းဖြင့် အတားအဆီးပြုလုပ်ပြီး လမ်းနေသူများ စုပေါင်းကာ ကင်းစောင့်နေကြခြင်း ဖြစ်သည်။ ထိုသို့ ကင်းစောင့်နေစဉ် အရန်မီးသပ် တပ်ဖွဲ့ဝင်များအပါအဝင် ကင်းသမား တစ်ဆယ်ဦးကျော်ခန့်အား ဖေဖော်ဝါရီ လ ၂၀ ရက်က ညကင်းလှည့် စစ်ယာဉ်တန်းမှ ဖမ်းဆီးခဲ့သဖြင့် ထပ်မံအဖမ်းခံ ရမည်ကို စိုးရိမ်နေကြခြင်း ဖြစ်သည်။ အဖမ်းခံရသည့် ကင်းသမား ၁၃ ဦးသည် […]