မြို့နယ်ကိုဗစ် Call စင်တာများ စဖွင့်
diz_admin
July 21, 2021ကိုဗစ်ရောဂါ နှင့်ပတ်သတ်၍ ဖုန်းဆက်မေးမြန်းနိုင်သည့် ဖုန်းခေါ်ဆိုမှုစင်တာများကို ထားဝယ်ခရိုင်ရှိ မြို့နယ်အချို့တွင် ဇူလိုင်လ ဒုတိယအပတ်တွင် စတင်ဖွင့်လှစ်ထားကြောင်း သိရသည်။ ယင်းဖုန်းခေါ်ဆိုမှု စင်တာတွင် မြို့နယ်ဆရာဝန်ကြီး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ၊ မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၏ ဖုန်းနံပါတ်များကို ဆက်သွယ်နိုင်ကြောင်း ဖော်ပြထားသည်။ လက်ရှိတွင် ထားဝယ်ခရိုင်ရှိ လောင်းလုံးနှင့် ရေဖြူမြို့နယ်တွင် ယင်း Call စင်တာများ ဖွင့်လှစ်ထားပြီး အခြားမြို့နယ်များတွင်မူ ဖွင့်ပြီး/ မပြီး မသိရသေးပေ။ တနင်္သာရီတိုင်းအတွင်းရှိ အခြားမြို့နယ်အားလုံးတွင်လည်း ဖွင့်လှစ်ရန် ညွန်ကြားထားကြောင်း ထားဝယ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုးက ပြောကြားသည်။ “အဓိကကတော့ ကိုဗစ်နဲ့ပတ်သတ်တဲ့ ကျန်းမာရေးကိစ္စတွေပေါ့နော်။ သံသယရှိတယ်ဆိုရင် ဘာလက္ခဏာတွေပြတယ်၊ ဘာဆေးတွေ သောက်သင့်တယ်ဆိုတာကို ဆရာဝန်ကြီးတွေကနေ ဖုန်းနဲ့ ညွန်ကြားပေးမှာပေါ့” ဟု ဦးအောင်စိုးမိုးက ပြောသည်။ […]


