ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

မော်လမြိုင်တွင် တက္ကသိုလ် ကျောင်းသားတစ်ဦး ထပ်မံသေဆုံး

diz_admin

March 10, 2021

မွန်ပြည်နယ် မော်လမြိုင်မြို့ပေါ် တွင် အကြမ်းဖက်မှုကြောင့် ဦးခေါင်း ကျည်ထိမှန်သည့် အသက် ၂၃ နှစ်အရွယ် တက္ကသိုလ်ကျောင်းသားတစ်ဦး မတ်လ ၃ ရက် ညပိုင်းက ထပ်မံ သေဆုံး သွားခဲ့သည်။ ဘူမိဗေဒ တတိယနှစ် ကျောင်းသား မောင်ထက်ဝေထူးသည် မတ်လ ၃ ရက် ညနေပိုင်းခန့်က မော်လမြိုင်မြို့ သီရိမြိုင် ရပ်ကွက်အတွင်း အာဏာသိမ်းမှုကို ကန့်ကွက်ဆန္ဒပြနေကြသည်ကို ထွက်ကြည့်ရာမှ ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း မျက်မြင်တွေ့ရှိသူ အချို့ထံမှ သိရသည်။ ဦးခေါင်းတွင် သေနတ်ကျည်ထိမှန် သွားသည့် မောင်ထက်ဝေထူးကို လူမှု ကယ်ဆယ်ရေးကားဖြင့် ငွေမိုး ပုဂ္ဂလိက ဆေးရုံသို့ ပို့ဆောင်ဆေးကုသစဉ် သေဆုံး သွားခြင်းဖြစ်သည်။ “သူက သူ့ဆိုင်ရှေ့မှာ ရပ်ကြည့်နေ တာကို အပစ်ခံရတာပါ။ ဦးခေါင်းကို ပစ်ခံရတာပါ။ ဆန္ဒပြတဲ့အထဲပါသွားလို့ […]

မြိတ်နွေဦးတော်လှန်ရေး မတ်လဆန်း မြင်ကွင်းများ

diz_admin

March 9, 2021

မတ်လ ၁ ရက် နံနက် ၉ နာရီခန့် ကတည်းက တိုးချဲ့လမ်း တစ်လျှောက်နှင့် အောင်မင်္ဂလာ လမ်းတစ်လျှောက် တွင် ပြည်သူများက စစ်ကားကြီးများ မဝင်နိုင်အောင် လမ်းကိုအဆင့်ဆင့် ပိတ်ဆို့ထားကြသည်။ ရပ်ကွက်တော်တော်များများ၏ လမ်းဆုံလမ်းခွ မီးပွိုင့်တွေမှာလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဓာတ်ပုံတွေကို ကပ်ထားကြပြီး ပြန်ပြီးဆုတ်ဖြဲ လိုက်ခွာထားတာကို တွေ့ရသည်။ နံနက် ၁၀ နာရီခန့်တွင်တော့ စစ်ကား ကြီးဆယ်စီးခန့်နှင့် ရဲနှင့်စစ်သားများ အောင်မင်္ဂလာရပ်ကွက်ရှိ လမ်းတစ် လမ်းတွင် ရောက်ရှိနေကြသည်။ တစ်ဖက်က ရဲနှင့်စစ်တပ် တစ်ဖက်မှာတော့ ရပ်ကွက်နေပြည်သူများက ငြိမ်းချမ်းစွာ ကြွေးကြော် နေသလို ရဲတွေ ကသေနတ်ချိန်ကာ အသင့်အနေအထား။ တစ်နာရီကျော် ကြာပြီးနောက် ရဲနှင့် ဆန္ဒပြသူ အရပ်သားကြားသို့ ဆိုင်ကယ်တစ်စီးဝင်ရောက်လာပြီး ရဲများအား မဖွယ်မရာ […]

မွန် ဝန်ကြီးချုပ်နှင့် လွှတ်တော်ကိုယ်စားလှယ်အချို့ ပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲခံထားရ

diz_admin

March 9, 2021

မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် NLDလွှတ်တော်ကိုယ်စားလှယ်အချို့တို့ကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲခံထားရကြောင်း ပြည်နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) တာဝန်ရှိသူတို့ထံမှ သိရသည်။ ဝန်ကြီးချုပ်အား အလုပ်မဆင်း ဆန့်ကျင်ရေး CDM တွင် ပါဝင်သည့် ဝန်ထမ်းများနှင့် ပတ်သက်ပြီး လူမှုကွန်ရက် စာမျက်နှာမှတဆင့် ဗီဒီယိုဖြင့် ပြောကြား ခဲ့ခြင်းကြောင့်နှင့် လွှတ်တော်ကိုယ်စား လှယ်တို့အား စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတို့တွင် ပါဝင်ခဲ့ခြင်းကြောင့် တရားစွဲဆိုခံရခြင်းဖြစ်သည်ဟု ပါတီ တာဝန်ရှိသူတို့ထံမှ သိရသည်။ “ကိုယ်စားလှယ်တွေက ဆန္ဒဖော် ထုတ်တဲ့ နေရာမှာ ပါဝင်လို့ အဲဒါကို ၅၀၅(က)နဲ့ တရားစွဲထားတယ်၊ ဖမ်းခံထားရတာရှိတယ်၊ တချို့ကလည်း ရှောင်နေရတယ် ဝန်ကြီးချုပ်ကျတော့ အဖမ်းခံ ထားရတယ်လေ။ သူ့ကိုလည်း တရားစွဲ ထားတယ်” ဟု NLD ပြည်နယ်တာဝန်ရှိသူ […]

အကြမ်းဖက်လုပ်ရပ်များ ရပ်တန့်ရန် မွန်လူထုအခြေပြုအဖွဲ့ အစည်း ကွန်ရက်တောင်းဆို

diz_admin

March 9, 2021

အာဏာသိမ်းမှုကို မကျေနပ်သည့် တိုင်းရင်းသားပြည်သူတို့၏ ငြိမ်းချမ်းစွာ ဆန္ဒပြနေသည့်အပေါ် စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့က အကြမ်းဖက်နေသည့် လုပ်ရပ်များ ရပ်တန့်ရန် မွန်လူထုအခြေ ပြုအဖွဲ့အစည်းကွန်ရက်က ကြေညာချက်ထုတ်ပြီး တောင်းဆိုလိုက်သည်။ အကြမ်းဖက် နှိမ်နှင်းနေသည့် လုပ်ရပ်ကို အပြင်းအထန် ကန့်ကွက်ရှုတ်ချ ကြောင်းလည်း မွန်လူထုအခြေပြုအဖွဲ့အစည်းကွန်ရက်၏ မတ်လ ၃ ရက်က ထုတ်ပြန်လိုက်သည့် ကြေညာချက်တွင် ပြောထားသည်။ “ဆန္ဒပြသူပြည်သူများအား လက်နက်အင်အားဖြင့် အကြမ်းဖက်တဲ့ လုပ်ရပ်သည် လက်ရှိ ပြည်တွင်း ဥပဒေများအား ချိုးဖောက်ရုံသာမက နိုင်ငံ တကာဥပဒေအရ အလွန်ပြင်းထန်ဆိုးဝါးသည့် လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ် သည်ဟု သုံးသပ်တယ်” ဟု မွန်လူထုအခြေပြုအဖွဲ့အစည်းကွန်ရက် တာဝန်ရှိသူ တစ်ဦးက ပြောသည်။ လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံရေး ပဋိက္ခအား အင်အားသုံးမဖြေရှင်းဘဲ တပ်ကောင်စီအနေဖြင့် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးပြီး […]

ကံပေါက်ဒေသတွင် ဆန္ဒထုတ်ဖော်ခြင်း တစ်ပတ်တာအနှစ်ချုပ်

diz_admin

March 9, 2021

အာဏာသိမ်းပြီးနောက် ရှစ်ရက် ခန့်အကြာတွင် ကံပေါက်ဒေသရှိ လူ အင်အားထောင်ချီလမ်းပေါ်ထွက်လာပြီး သပိတ်စစ်ကြောင်းများဖြင့် စတင် ချီတက်ဆန္ဒပြခဲ့ကြသည်။ မတ်လ ၁ ရက်နေ့ မနက်ပိုင်းတွင် CDM တွင်ပါဝင်သည့် ကျောင်းဆရာ၊ ဆရာမ၊ ဒေသခံများ သပိတ်စစ်ကြောင်း လှည့်လည်ဆန္ဒထုတ်ဖော်ပြီး ညနေပိုင်းတွင် တပ်ကောင်စီမှခန့်အပ်သောအုပ်ချုပ်ရေးမှူး အလိုမရှိ စာသားပါ စာရွက်များကို လျှပ်စစ်ဓာတ်တိုင်တို့တွင် ကပ်ထားသည်ကိုတွေ့ရသည်။ ညအချိန်တွင် ကပ်ထားသည့်ယင်း စာရွက်များကို စစ်တပ်ဘက်ကလာ ရောက်ခွာယူခဲ့ သည်။ မတ်လ ၂ ရက်မနက်ပိုင်းတွင်လည်း သပိတ်စစ်ကြောင်းများ ပုံမှန် အတိုင်းလမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြသည်။ ကံပေါက်ဈေးလမ်းဆုံလမ်းပေါ်တွင် တပ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်၏ ပုံများကပ်ထားသည်ကို တွေ့ရသည်။ မွန်းလွဲပိုင်းတွင် အဆိုပါဓာတ်ပုံများကို စစ်တပ်ဘက်မှ လာရောက်ခွာယူခဲ့သည်။ နောက်တစ်နေ့ မတ်လ ၃ ရက်တွင် သပိတ်စစ်ကြောင်းများ […]

ကံပေါက်အနီးနားကျေးရွာအချို့ တပ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး စတင်တာဝန်ယူ

diz_admin

March 9, 2021

ပြည်သူအများစုက လက်ခံခြင်း မရှိသော်လည်း ရေဖြူမြို့နယ် ကံပေါက် ဒေသအနီးနားရှိ ကျေးရွာအချို့တွင် တပ်ကောင်စီက ခန့်အပ်သည့် ကျေးရွာ အုပ်ချုပ်ရေးမှူးများ စတင်တာဝန်ယူ နေပြီဖြစ်ကြောင်း ဒေသခံအချို့က ပြောဆိုကြသည်။ ကံပေါက်၊ ဖောင်းတော၊ ဟိန္ဒာရာဇာ၊ နတ်ကြီးစဉ်၊ ဇာဒီ စသည့်ကျေးရွာအုပ်များ ထံ မတ်လ ၅ ရက်က ဆက်သွယ်မေးမြန်း ခဲ့ရာ ဇာဒီနှင့် နတ်ကြီးစင်ရွာတွင် တပ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတို့ ပြီးခဲ့သည့် ရက်ပိုင်းက စတင်တာဝန်ယူနေကြောင်း ပြောဆိုကြသည်။ “အခုခန့်လိုက်တဲ့သူကိုတော့ တစ်ရွာလုံးကကိုမလိုချင်ကြဘူး။ ကျွန်တော်တို့လည်း အုပ်ချုပ်ရေးမှူးရုံးရှေ့မှာ ဆန္ဒထုတ်ဖော်မယ်ဆိုပြီးတော့စဉ်းစားထားကြတယ်” ဟု နတ်ကြီးစင် ရွာသား တစ်ဦးက ဆိုသည်။ ဇာဒီကျေးရွာတွင်မူ ရွာသားများ ရွေးချယ်ပေးလိုက်သည့် အုပ်ချုပ်ရေးမှူးကို မြို့နယ်ကပယ်ချလိုက်ပြီး ၎င်းတို့ရွေး ချယ်ပေးသူတစ်ဦးကခန့်အပ်ခဲ့ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ ဖောင်းတောကျေးရွာတွင်မူ မြို့နယ်မှ […]

ထားဝယ်တွင် ဓာတ်ငွေ့ကာ ပစ္စည်းပြတ်

diz_admin

March 9, 2021

ထားဝယ်ဈေးကွက်အတွင်း ဓာတ်ငွေ့ ကာမျက်နှာဖုံးများ ပစ္စည်းပြတ်လတ်နေကြောင်း မြို့ပေါ် ကုန်မာဆိုင်များထံမှ သိရသည်။ ပုံမှန်အားဖြင့် ယင်းပစ္စည်းများကို ဆေးသုတ်ဆေးမှုတ်ရာတွင် အသုံးများပြီး ယခုအခါ ဆန္ဒပြပွဲများတွင် မျက်ရည်ယိုဗုံး ထိချိန်၌ အကာအကွယ် ဖြစ်စေရန် အသုံးပြုလာခြင်း ဖြစ်ကြောင်း အရောင်းဆိုင်များထံမှာ သိရသည်။ အဆိုပါ ပစ္စည်းများသည် ယခင်က အရောင်းအဝယ်မရှိသလောက် နည်းပါးပြီး ယခုအချိန်မှသာ ပစ္စည်းပြတ်သည်အထိ ဖြစ်လာကြောင်း ထားဝယ်မြို့ ကမြော ကင်းလမ်းရှိ ကုန်မာပစ္စည်း အရောင်းဆိုင်မှ အသက် ၃၀ ကျော် အရွယ် အမျိုးသမီးတစ်ဦးက ဆိုသည်။ “အစ ကတော့ မရောင်းရ သလောက်ပဲ။ အခုတော့ ဆိုင်မှ ရောင်းဖို့ ပစ္စည်း မရှိတော့ဘူး” ဟု ၎င်းက ဆိုသည်။ တပ်မတော်က အာဏာသိမ်းပြီး နောက်ပိုင်း […]

ဖမ်းဆီးထားသည့် မြိတ် ကျောင်းသားခေါင်းဆောင် ပုဒ်မနှစ်ခုဖြင့် တရားစွဲထား

diz_admin

March 9, 2021

ဖေဖော်ဝါရီ ၂၅ ရက်နေ့က ဖမ်းဆီးခံခဲ့ရသည့် ကျောင်းသားခေါင်းဆောင် လေးဦးအနက် ၈၈ ကျောင်းသား ခေါင်းဆောင် ကိုမိုးသူအောင်အား ပုဒ်မ နှစ်ခုဖြင့် တရားစွဲဆိုထားကြောင်း ဇနီးဖြစ်သူ ဒေါ်ရှင်ဌေးက ပြောသည်။ ဒေါ်ရှင်ဌေးသည်လည်း အာဏာသိမ်းသည့် နေ့ကအဖမ်းခံရကာ ပြန်လည် လွှတ်မြောက်လာသူဖြစ်သည်။ ဦးမိုးသူအောင်ကို ပုဒ်မ ၁၄၄(လူစု လူဝေးပြုလုပ်မှု)၊ ပုဒ်မ ၅၀၅(က) နိုင်ငံတော်အကြည်ညို ပျက်စေမှုတို့ဖြင့် တရားစွဲဆိုထားပြီး ၎င်းနှင့်အတူ အဖမ်းခံထားရသည့် ကျောင်းသားခေါင်းဆောင်များ ဖြစ်ကြသည့် ကိုတူးတူး၊ ကိုချမ်းမြေ့နိုင်၊ ကိုရဲကျော်ဖြိုး တို့ကိုမူ ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆိုထားကြောင်း ဒေါ်ရှင်ဌေးက ပြောပြသည်။ ဖမ်းဆီးထားသူများအား လက်ရှိ မြိတ်ထောင်တွင် ထိန်းသိမ်းထားပြီး လာမည့်အပတ်တွင် ရုံးထုတ်စစ်ဆေးမည် ဟု သိရှိရကြောင်း ၎င်းက ဆိုသည်။ […]