ထားဝယ်ဝဲကျွန်းတွင် အဖမ်းခံရသူ လူငယ်များကို ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်
diz_admin
March 21, 2021ထားဝယ်မြို့ ဝဲကျွန်းရပ်ကွက်တွင် အဖမ်းခံရသည့် လူငယ် ၁၀ ဦးကို ရာဇသတ်ကြီးပုဒ်မ-၅၀၅-က ဖြင့် အမှုဖွင့်ထားကြောင်း အမှုလိုက်ပါကူညီဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေတစ်ဦးက ပြောသည်။ မတ်လ ၁၈ ရက်နေ့လယ်ပိုင်းက ဝဲကျွန်းရပ်ကွက်ရှိ နေအိမ်တစ်လုံးတွင် အဖမ်းခံရခြင်းဖြစ်ပြီး လက်ရှိတွင် ထားဝယ်အကျဉ်းထောင်၌ ဖမ်းဆီးထားကြောင်း တရားလွှတ်တော်ရှေ့နေ ဦးအောင်ဇာနည်စိုးက ဆိုသည်။ ၎င်းတို့ကို ဖမ်းဆီးသည့်အချိန်တွင် ဆန္ဒပြပွဲနှင့်ဆက်စပ်သည့်ပစ္စည်းများပါ တွေ့ရှိဖမ်းမိကြောင်း တပ်ကောင်စီက ထုတ်ပြန်ထားသည်။ အဖမ်းခံရသူ ဆယ်ဦးတွင် အသက်မပြည့်သေးသူတစ်ဦးပါဝင်နေသည့်အတွက် ၎င်းကို အာမခံဖြင့် ပြန်လွှတ်ထားသည်ဟု ဆိုသည်။ အသက်ပြည့်သူ ကိုးဦးအား မတ်လ ၁၉ ရက်နေ့မှ ဧပြီလ ၂ ရက်နေ့အထိ ရမန်ယူထားပြီး ရမန်ပြည့်သည့်ရက်တွင် တရားစွဲတင်မည်ဟု သိရကြောင်း ဦးအောင်ဇာနည်စိုးက ပြောသည်။ “ရုံးထုတ်ခြင်း မထုတ်ခြင်းကတော့ ကိုဗစ်အခြေအနေအပေါ်မှာပဲ မူတည်တယ်ပေါ့” […]


