ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ကိုဗစ်ကပ်ဘေးကာလ မုဆိုးလန်ရွက် ဈေးကွက်ဝင် ၊ တစ်စည်း နှစ်ရာကျပ်

diz_admin

July 29, 2021

ကိုဗစ်ကပ်ရောဂါ တတိယလှိုင်းဖြစ်ပွားမှုပြင်းထန်လာချိန်တွင် ထားဝယ်ဒေသအခေါ် မုဆိုးလန်ရွက် (လောက်သေရွက်) အရောင်းအဝယ်ဖြစ်လာပြီး ဈေးကွက်ဝင်လာသည်ကို တွေ့ရသည်။ မုဆိုးလန်အရွက်မှာ နီးစပ်ရာတောတောင်ချုံများတွင် အလွယ်တကူ ပေါက်ရောက်နေသဖြင့် အရောင်းအဝယ်မရှိသလောက် အခြေအနေဖြစ်သည်။ လက်ရှိအချိန်တွင်မူ ထားဝယ်ဒေသရှိ ကျေးရွာအချို့တွင် မုဆိုးလန်အရွက် တစ်စည်းလျှင် ငွေကျပ်နှစ်ရာဖြင့် ရောင်းချလာကြသည်။ ကိုဗစ်ရောဂါ ကူးစက်မှု ပြင်းထန်လာချိန်တွင် အဆိုပါ မုဆိုးလန်ရွက်ကို ကျိုချက်သောက်ပါက ကိုဗစ်ရောဂါပျောက်ကင်းသည်ဟု ဖေ့ဘုတ်ပေါ် မျှဝေသူများလာပြီးနောက် အရောင်းအဝယ်ဖြစ်လာခြင်းဖြစ်သည်။ လောင်းလုံးမြို့နယ် ညင်းမော်ရွာတွင်တွင်လည်း မုဆိုးလန်ရွက်တစ်စည်းလျှင် ကျပ်နှစ်ရာဖြင့် ရောင်းနေကြောင်း ယင်းကျေးရွာနေ ကိုဇော်က ပြောသည်။ “အခုတောင်ရှားသွားပြီ ခူးတဲ့သူကလည်း များလာတယ်။ အခုအိမ်မှာလည်း အဲဒါပဲ သောက်တော့တယ်”ကိုဇော်က ဆိုသည်။ လောင်းလုံးမြို့နယ်အပြင် ရေဖြူမြို့နယ်တွင်လည်း မုဆိုးလန်ရွက် ရောင်းဝယ်သူများ ရှိနေသည်။ သို့သော် ရေဖြူမြို့နယ်ရှိ နဘုလယ်ဒေသတွင် မုဆိုးလန်ရွက်အား […]

တနင်္သာရီတိုင်းတွင် ကိုဗစ်ကြောင့် တစ်ပတ်အတွင်း လူလေးဆယ်ကျော် သေဆုံး

diz_admin

July 29, 2021

တနင်္သာရီတိုင်းတွင် တစ်ပတ်အတွင်း ကိုဗစ်ကပ်ရောဂါကြောင့် သေဆုံးသူ လေးဆယ်ကျော်ရှိ‌ကြောင်း တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ တိုင်းအတွင်း ကိုဗစ်ကပ်ရောဂါ ကူးစက်မှု မြင့်တက်လာနေပြီး သေဆုံးသူ လည်း နေ့စဉ်ရှိနေကြောင်း အထက်ပါဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ ဇူလိုင် ၂၂ ရက်မှ ၂၈ ရက်နေ့အထိ တပတ်အတွင်း ကိုဗစ်ပိုးတွေ့လူနာ ၁၃၀၂ ဦးရှိပြီး သေဆုံးသူမှာ ၄၂ ဦး ရှိသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ အထက်ပါ တစ်ပတ်တာကာလအတွင်း ထားဝယ်တွင် သေဆုံးသူ ၂၄ ဦး၊ သရက်ချောင်းတွင် ၄ ဦး၊ ရေဖြူတွင် ၂ ဦး၊ မြိတ်တွင် ၄ ဦး၊ ပုလောတွင် ၅ ဦး၊ ကော့သောင်းတွင် ၃ ဦးရှိကြောင်း […]

လောင်းလုံး ရေဖြူရွာသားငါးဦးကို ဖမ်းပြီးစစ်ဆေးနေ ဟုဆို

diz_admin

July 28, 2021

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် ရေဖြူကျေးရွာအုပ်စု ဝံတွင်းရွာနေ ဒေသခံ အမျိုးသားသုံးဦးနှင့် အမျိုးသမီးနှစ်ဦးကို ဇူလိုင်လ ၂၈ ရက်နေ့က ရဲနှင့် စစ်တပ်မှ ဖမ်းဆီးပြီး ရေဖြူအထက်တန်းကျောင်းတွင် စစ်ဆေးမေးမြန်းနေကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ထိုသို့ ဖမ်းဆီးပြီး စစ်ဆေးမေးမြန်းခံနေရသူများမှာ ကိုကောင်းဝေယံ ခေါ် နီနီ၊ ဦးစိုးစိုးနှင့် ၎င်း၏တူဖြစ်သူ ကိုထွေးထွေး၊ ဒေါ်မြအေးနှင့် ၎င်း၏သမီးဖြစ်သူ တို့ဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “သပိတ်စစ်ကြောင်းထဲမှာ ပါတဲ့ဓာတ်ပုံတွေနဲ့ လာဖမ်းတာ” ဟု ဒေသခံတစ်ဦး က ပြောသည်။ ယနေ့နံနက် ၉ နာရီအချိန်မှစပြီး ရဲနှင့်စစ်သား အင်အားသုံးဆယ်ခန့်ဖြင့် လာရောက်ဖမ်းဆီးခဲ့ပြီး နေ့လယ် ၂ နာရီအထိ စစ်‌ဆေးနေဆဲဖြစ်ကြောင်း ၎င်းက ပြောသည်။ လောင်းလုံးမြို့နယ် ရေဖြူကျေးရွာတွင် ယင်းကဲ့သို့ ဝင်ရောက်ဖမ်းဆီးမှု မကြာခဏပြုလုပ်လေ့ရှိသည်။

တံခါးခေါက်သံ ပိုညံလာတဲ့ သဘာဝဘေး

diz_admin

July 28, 2021

ပုခက်ထဲအိပ်နေတဲ့ အသက်သုံးလသာရှိသေးတဲ့ မယမင်းသော်တာ တစ်ယောက် အသက်ဆုံးရှုံးသွားရပါပြီ။ ကော့သောင်းမြို့မှာ တိုက်ခတ်ခဲ့တဲ့ လေပြင်းက မယမင်းသော်တာရဲ့ အသက်ကို နုတ်ယူသွားတာပါ။ အဲဒီလေပြင်းတိုက်ခတ်မှုက ကော့သောင်းမြို့ အောင်သုခရပ်ကွက် ကြေးနန်းကွင်းအရပ် ကမ်းသာယာလမ်းမှာ ဇူလိုင်လ ၂၀ ရက် ညနေ ၇ နာရီလောက်မှာ ဖြစ်ခဲ့တာပါ။ ငါးဖမ်းပိုက်ချုပ်၊ အဝတ်လျှော် အလုပ်နဲ့ အသက်မွေးနေတဲ့ အသက် ၂၉ နှစ်အရွယ် မခင်ခင်ထားရဲ့ သမီးလေး မယမင်းသော်တာဟာ လေပြင်းတိုက်ခတ်မှုကြောင့် အိမ်ခေါင်မိုးလွင့်ထွက်သွားရာကနေ အသက်သေဆုံးသွားခဲ့တာပဲ ဖြစ်ပါတယ်။ “ကျွန်မက ကလေးကိုပုခက်လွှဲနေရင်းနဲ့ လေကဝှီးကနဲတိုက်တဲ့အချိန်မှာ ကလေးက အပေါ်ကလွင့်ပါသွားပြီး အောက်ကို ပြန်ပြုတ်ကျလာတာ” မိခင်ဖြစ်သူ မခင်ခင်ထားက ပြောပါတယ်။ လေပြင်းကြောင့် ကလေးရော ပုခက်ပါ ခေါင်မိုးနဲ့အတူ အပေါ်ကိုလွင့်ထွက်သွားပြီး ပြန်ကျလာတာဖြစ်တယ်လို့ သူကဆိုပါတယ်။ ကလေးကို […]

မြိတ်တွင် ပိုင်ရှင်မဲ့အလောင်း နှစ်လောင်းတွေ့

diz_admin

July 28, 2021

မြိတ်မြို့တွင် ပိုင်ရှင်မဲ့အလောင်းနှစ်လောင်းအား နှစ်ရက်ဆက်တိုက် တွေ့ရှိခဲ့ရကြောင်း သိရသည်။ ကုန်ဖေါက်ရပ်ကွက်ရှိ အဝေးပြေးကားကွင်းတွင် ဇူလိုင်လ ၂၇ ရက်နေ့က အမျိုးသားတစ်ဦးနှင့် ဇူလိုင်လ ၂၈ ရက်နေ့က ကမ်းနားလမ်းရှိ ပြည်တော်သာတံတားအနီးတွင် အမျိုးသားတစ်ဦးတို့ သေဆုံးနေခြင်းဖြစ်သည်။ သေဆုံးသူတို့မှာ အသက် ၅၀ နှစ်ကျော်ခန့် ရှိပြီး လမ်းဘေးတွင် တစ်ကိုယ်တည်းနေထိုင်သူတို့ဖြစ်ကြောင်း ကရုဏာ နာရေးကူညီမူအသင်းဝင်တစ်ဦးက ပြောပြသည်။ အဆိုပါ ပိုင်ရှင်မဲ့အလောင်း‌တွေ့ရှိသည့် နေရာတို့အား ပိုးသတ်ဆေးဖြန်းခြင်း၊ ရင်ခွဲရုံသို့ပို့ဆောင်ခြင်းနှင့် မီးသင်္ဂြိုဟ်ခြင်းတို့အား ကရုဏာ နာရေးကူညီမူအသင်းက ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ငါးသယ်လှေသား တစ်ထောင်ခန့်ကို ကိုဗစ်ကာကွယ် ဆေးထိုး

diz_admin

July 28, 2021

မြိတ်ခရိုင်အတွင်းမှ ထိုင်းနိုင်ငံသို့ သွားရောက်ရောင်းချနေသည့် ငါးသယ်လှေ ရေလုပ်သားတစ်ထောင်ခန့်ကို ကာကွယ်ဆေးထိုးနှံပြီးဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းအဖွဲ့ချုပ် ထံမှသိရသည်။ ထိုင်းနိုင်ငံသို့ သွားရောက်ရောင်းချနေသည့် ငါးသယ်လှေ(ငါးကဲ့လှေ) မြိတ်ခရိုင်အတွင်း အစီးတစ်ရာနီးပါးရှိပြီး ငါးဖမ်းရာသီမစမီ ဇူလိုင်လ ၁၅ ရက်မတိုင်မီကတည်းက ကိုဗစ်ကာကွယ်ဆေး ထိုးနှံခဲ့ပြီး လက်ရှိတွင် လှေသားအားလုံးထိုးနှံခဲ့ပြီးဖြစ်သည်ဟု တိုင်းငါးလုပ်ငန်းအဖွဲ့ချုပ် အတွင်းရေးမှူး ဉီးသက်စိုး ကပြောသည်။ “ထိုင်းကိုသွားရောင်းနေတဲ့ လှေသားတွေကို ဉီးစားပေးပြီး ထိုးနှံပေးတာပေါ့’ဟု ၎င်းကပြောသည်။ ငါးသယ်လှေ ရေလုပ်သားများအား ကိုဗစ်နိုင်တင်း ကာကွယ်ဆေး ထိုးပြီးခဲ့သော်လည်း ကမ်းဝေးငါးဖမ်းလှေသားများကိုမူ ဆေးမရရှိသေးသည့်အတွက် ထိုးပေးနိုင်ခြင်းမရှိသေးကြောင်း ဉီးသက်စိုး ကဆိုသည်။ ဇူလိုင်လ ၁၅ ရက်နေ့ကစပြီး ကမ်းဝေးငါးဖမ်းလှေ ငါးဆယ်ရာခိုင်နှုန်းအား ကနဉီး ပင်လယ်ပြင်ငါးဖမ်းထွက်ခွာခွင့်ပြုခဲ့ပြီး ဇူလိုင်လကုန်လတွင် ကမ်းဝေးငါးဖမ်းလှေအားလုံး ပင်လယ်ပြင်သို့ ထွက်ကာ ငါးဖမ်းကြတော့မည် ဖြစ်သည်။ တနင်္သာရီတိုင်းအတွင်း […]

ထားဝယ်ခရိုင်အတွင်း ရေကြီးမှု နောက်ဆုံးအခြေအနေ

diz_admin

July 27, 2021

မိုးသည်းထန်စွာရွာသွန်းပြီး ထားဝယ်ခရိုင်အတွင်း နေရာအချို့တွင် ရေကြီးရေလျှံလေ့ရှိသည်။ ယင်းကဲ့သို့ ရေကြီး ရေလျှံ ဖြစ်ပွားလေ့ရှိသည့် နေရာအချို့၏ နောက်ဆုံးအခြေအနေကို မေးမြန်းထားပါသည်။ ဇူလိုင်လ ၂၆ ရက် ညနေသုံးနာရီအထိ ဆက်သွယ်မေးမြန်းချက်အား စုစည်းဖော်ပြလိုက်သည်။ ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။ ထားဝယ်မြို့ ထားဝယ်မြို့အတွင်း ဆေးရုံလမ်းမှာ ရေပြန်ကျနေပြီဖြစ်ပါတယ်။ မြို့အထွက် ပေါက်တိုင်းတံတားနားမှာလည်း ရေပြန်ကျပြီး ဆိုင်ကယ်၊ ကားတွေ သွားလာနေပြီဖြစ်ပါတယ်။ ပကာရီကျေးရွာ ထားဝယ်- မေတ္တာ သွားလမ်းပိုင်းတစ်နေရာဖြစ်တဲ့ ပကာရီကျေးရွာအတွင်း ကားလမ်းမပေါ်မှာ ရေပြန်ကျနေပြီလို့ ဒေသခံအချို့ဆီ ကနေသိရပါတယ်။ ဇူလိုင်လ ၂၅ ရက်ကမူ ကားလမ်းမအထက် ခုနစ်ပေ၊ ရှစ်ပေလောက်အထိ ရေကြီးခဲ့ပြီး ယင်းည ၁၁ နာရီလောက်ကစပြီး တဖြည်းဖြည်း ရေပြန်ကျသွားတယ်လို့ ဒေသခံတစ်ဦးဖြစ်တဲ့ ဦးတင့်ဝေက ပြောပါတယ်။ အနိမ့်ပိုင်းရှိ နေအိမ်အချို့မူ ရေနစ်မြုပ်ခဲ့ပေမယ့် […]

တနင်္သာရီမြစ်ရေ စိုးရိမ်ရေအမှတ်ရောက်ရှိလုနီး

diz_admin

July 27, 2021

မိုးသည်းထန်စွာအဆက်မပြတ်ရွာသွန်းမှုကြောင့် တနင်္သာရီမြစ်ရေသည် ဇူလိုင်လ ၂၇ ရက်နေ့ မနက်ပိုင်းအချိန်တွင် စိုးရိမ်ရေအမှတ်ရောက်ရှိရန် သုံးလက်မခန့်သာလိုတော့ကြောင်း သိရသည်။ မြိတ်ခရိုင် တနင်္သာရီမြို့နယ်၏ မြစ်ရေအား စိုးရိမ်ရေအမှတ်အဖြစ် ၁၇ ပေနှင့် အန္တရာယ်ရေအမှတ်မှာ ၂၄ ပေ သတ်မှတ်ထားကြောင်း သိရသည်။ မြစ်ရေများမြင့်တက်လာနေသဖြင့် မြို့တွင်းလမ်းအချို့တွင် ရေကြီးရေလျှံမှုများ စတင်ဖြစ်ပေါ်နေပြီဖြစ်ကြောင်း ချောင်းကြီးရပ်ကွက်နေသူ တစ်ဦးက ပြောသည်။ မိုးသည်းထန်မှုကြောင့် မြစ်ရေမြင့်တက်လာနိုင်သဖြင့် ကုန်းမြင့်ရှိ နီးစပ်ရာဆွေမျိုးအိမ်တို့တွင် ပြောင်းရွေ့နိုင်ရန် စီစဉ်နေရကြောင်း အထက်ပါ အသက် ၄၀ နှစ်ကျော်ရှိ အမျိုးသားက ပြောသည်။ ထို့ပြင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် တနင်္သာရီမြိုနယ်အတွင်းရှိ လယ်သစ်၊ သာရဘွင် စသည့် ကျေးရွာအချို့တွင် ချောင်းရေမြင့်တက်လာပြီး လမ်းများနှင့် တံတားတို့တွင် ရေလျှံမှုနှင့် ကြုံတွေ့နေရပြီဖြစ်ကြောင်း သိရသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ […]